တိုက်ပွဲကြောင့် စိုက်ပျိုးရေးလုပ်ငန်းပျက်ခဲ့ရသော မိုးမောက်ဒေသခံများ အစားအသာက်ပြတ်လပ်မှုဖြင့် ကြုံတွေ့နေ

ဗန်းမော်ခရိုင် မိုးမောက်မြို့နယ်အလော့ဘွမ်အနီး ပြီးခဲ့သော ဧပြီလအတွင်း မြို့သစ်စလောင်းကုန်းတိုက်ပွဲကြောင့် စိုက်ပျိုးရေးလုပ်ငန်းများ ရပ်နားခဲ့ရသောဒေသခံများသည် လက်ရှိအချိန်တွင် စားဝတ်နေရေးအတွက် အခက်ကြုံနေရသည်ဟု သိရသည်။ အလောဘွမ့်အနီးတဝိုက်ရှိ နွမ်လန့်၊ ကုန်းလော၊ မြို့သစ်နှင့်နောင်းအိန် စသောကျေးရွာများတွင် တောင်ယာနှင့် လယ်လုပ်ငန်းများ စတင်လုပ်ကိုင်ချိန်တွင် စစ်ပြေးခဲ့ရသဖြင့် လက်ရှိတွင် အစားအသောက်ပြတ်လပ်နေပြီဟု နွမ်လန့်ဒေသခံတစ်ဦးက KNG သတင်းဌာနကို ပြောဆိုခဲ့သည်။ “တိုက်ပွဲက ကျနော်တို့ရဲ့ ဒေသအတွင်းမှာ ဆိုးဆိုးရွားရွာကို ဖြစ်ခဲ့တယ်။ ဆက်နေလို့မရအောင် ရွာတိုင်းလိုလိုက နီးစပ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်။ ပြဿနာက တိုက်ပွဲကသာ ပြန်ငြိမ်သွားတယ်။ တဖက်မှာ ဒေသခံပြည်သူတွေက စားဝတ်နေရေး အလွန်ခက်ခဲနေကြပြီ။ ဘာကြောင့်လဲဆိုတော့ စိုက်ပျိုးချိန်မှာ ဘာမှ စိုက်ပျိုးခွင့်မရခဲ့ဘူး။ တစ်ချို့မထွက်ပြေးတဲ့ မိသားစုတွေဆိုလည်း လက်နက်ကြီးတွေကျမှန် မှာစိုးလို့ နှစ်တိုင်းလုပ်နေကြတဲ့ လယ်လုပ်ငန်းတွေရပ်နားလိုက်ရတယ်။ ကျနော်တို့မှာ ကူညီထောက်ပံ့မှုတွေလိုအပ်နေတယ်” ဟု … Continue reading တိုက်ပွဲကြောင့် စိုက်ပျိုးရေးလုပ်ငန်းပျက်ခဲ့ရသော မိုးမောက်ဒေသခံများ အစားအသာက်ပြတ်လပ်မှုဖြင့် ကြုံတွေ့နေ