ကောလင်းမြို့နယ် ကျောင်းဆရာတစ်ဦးအပါအဝင် ပြည်သူ ၄ ဦးထက်မနည်းကို စစ်ကောင်စီ သတ်ဖြတ်ခဲ့

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ တောင်မော်ကျေးရွာနေထိုင်သည့် ပြည်သူ ၄ဦးထက်မနည်း ယနေ့ (နိုဝင်ဘာလ ၃ရက်) နေ့လယ်ခန့်က အသတ်ခံထားရကြောင်း ဒေသခံများထံမှ သိရသည်။ “ဖြစ်စဥ်က နေ့လည်လောက်မှာဖြစ်တာဗျာ၊ အတည်ပြုနိုင်ခဲ့တာတော့ ညနေပိုင်းမှပါ။ မတရားဖမ်းဆီးသတ်ခံထားရတာ အမျိုးသားကြီးဘဲ။ လူငယ်ပိုင်း သုံးဦးနဲ့ လူကြီး တစ်ဦး ၄ ရှိပြီ” ဟု ဒေသခံတစ်ဦးက KNG ကို ပြောသည်။ သတ်ဖြတ်ခံထားရသူများမှာ ကိုအောင်ကြည်လွင်၊ ကိုဝေမင်းသူ ( အထက်တန်းပြ) ၊ ကိုအောင်နိုင်ဝင်း၊ ကိုဖိုးလပြည့် (ခ)ကျော်လင်းအောင်တို့ဖြစ်ကြောင်း သိရသည်။ တောင်မော်ကျေးရွာသည် ကောလင်းခရိုင်၊ ကောလင်းမြို့နယ်၊ အရှေ့ဘက် ၈ မိုင် အကွာတွင် တည်ရှိသည့်ကျေးရွာဖြစ်ကာ လက်ရှိချိန် ကျေးရွာရှိပြည်သူအချို့ ထွက်ပြေးတိမ်းရှောင်နေရပြီဖြစ်ကြောင်း နီးစပ်သူများကပြောသည်။ ကျေးရွာအတွင်း သတင်းပေး(ဒလန်)များ လက်ညိုးထိုးရာအိမ်များနှင့် မသင်္ကာကာသည့် … Continue reading ကောလင်းမြို့နယ် ကျောင်းဆရာတစ်ဦးအပါအဝင် ပြည်သူ ၄ ဦးထက်မနည်းကို စစ်ကောင်စီ သတ်ဖြတ်ခဲ့