,

Breaking News :

ယုဇန ကုမ္ပဏီထွက်ခွာပြီးနောက် မြေယာ ဦးယူပိုင်ဆိုင်ထားမှုကို KIO ပြန်လည်သိမ်းယူမည်

မြန်မာ့ကြက်သွန်နီ ကားအစီး ၅၀၀ စာခန့် တရုတ်ဘက်ပို့မရလို့ ဆုံးရှုံးမှုဖြစ်ပေါ်နေ

သိန္နီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နေရာကို စစ်ကောင်စီက အင်အားအလုံးအရင်းနဲ့ ဝင်စီးကာ မီးရှို့ဖျက်ဆီး

မုံးကိုးမြို့နယ်မှာ စစ်ကောင်စီ နဲ့ ကိုးကန့် MNDAA တို့အကြား တိုက်ပွဲ ဆက်လက် ဖြစ်ပွား

မိုးညှင်း KIA တပ်ရင်း ၂၆ နယ်မြေသို့ ဝင်ရောက်လာသော စစ်ကောင်စီတပ်ကို KIA တိုက်ခိုက်

စစ်ကောင်စီယာဉ်တန်းကို မိုးညှင်းအနီးတွင် KIA မိုင်းခွဲ တိုက်ခိုက်

ဥယျာဉ်ထဲက ပန်းပွင့်များ

စစ်ကောင်စီတပ် လက်နက်ကြီးကြောင့် မိုးမောက်မြို့ ဘုရားကျောင်းနှင့် စစ်ရှောင်စခန်းတွင် လက်နက်ကြီးကျ

မြန်မာ – တရုတ် နယ်စပ် ကုန်သွယ်ရေး ဂိတ်ပေါက် ၂ ပေါက် စတင်ဖွင့်လှစ်

မုံးကိုးမြို့နယ်မှာ စစ်ကောင်စီက လက်နက်ကြီးဖြင့် ဆက်လက်ပစ်ခတ်နေ

ကောလင်းမြို့နယ် ကျောင်းဆရာတစ်ဦးအပါအဝင် ပြည်သူ ၄ ဦးထက်မနည်းကို စစ်ကောင်စီ သတ်ဖြတ်ခဲ့

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ တောင်မော်ကျေးရွာနေထိုင်သည့် ပြည်သူ ၄ဦးထက်မနည်း ယနေ့ (နိုဝင်ဘာလ ၃ရက်) နေ့လယ်ခန့်က အသတ်ခံထားရကြောင်း ဒေသခံများထံမှ သိရသည်။

“ဖြစ်စဥ်က နေ့လည်လောက်မှာဖြစ်တာဗျာ၊ အတည်ပြုနိုင်ခဲ့တာတော့ ညနေပိုင်းမှပါ။ မတရားဖမ်းဆီးသတ်ခံထားရတာ အမျိုးသားကြီးဘဲ။ လူငယ်ပိုင်း သုံးဦးနဲ့ လူကြီး တစ်ဦး ၄ ရှိပြီ” ဟု ဒေသခံတစ်ဦးက KNG ကို ပြောသည်။

သတ်ဖြတ်ခံထားရသူများမှာ ကိုအောင်ကြည်လွင်၊ ကိုဝေမင်းသူ ( အထက်တန်းပြ) ၊ ကိုအောင်နိုင်ဝင်း၊ ကိုဖိုးလပြည့် (ခ)ကျော်လင်းအောင်တို့ဖြစ်ကြောင်း သိရသည်။

တောင်မော်ကျေးရွာသည် ကောလင်းခရိုင်၊ ကောလင်းမြို့နယ်၊ အရှေ့ဘက် ၈ မိုင် အကွာတွင် တည်ရှိသည့်ကျေးရွာဖြစ်ကာ လက်ရှိချိန် ကျေးရွာရှိပြည်သူအချို့ ထွက်ပြေးတိမ်းရှောင်နေရပြီဖြစ်ကြောင်း နီးစပ်သူများကပြောသည်။

ကျေးရွာအတွင်း သတင်းပေး(ဒလန်)များ လက်ညိုးထိုးရာအိမ်များနှင့် မသင်္ကာကာသည့် အိမ်များတွင်းသို့ စစ်ကောင်စီတပ်သည် ဝင်ရောက်စစ်ဆေးဖမ်းဆီးနှိပ်စက် သတ်ဖြတ်မှုများ ကျူးလွန်နေဆဲဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

“စစ်သားတွေက ခုထိ ရွာထဲမှာ ရှိနေတုန်းမို့ ခုသတ်ခံရတာ ဘယ်လောက်တောင်ရှိနေပြီလဲဆိုတာ တိတိကျကျမသိရသေးဘူး” ဟု ဒေသခံများနှင့် နီးစပ်သူများ ပြောသည်။

လက်ရှိ တောင်မော်ကျေးရွာတွင် ဝင်ရောက်နေသည့် စစ်ကောင်စီတပ်များသည် နိုဝင်ဘာလ ၂ ရက်နေ့ ၁ နာရီဝန်းကျင် ကောလင်းမှ စစ်ကား ၇ စီးဖြင့်ချထားခဲ့သည့် တပ်ဖွဲ့ဖြစ်ကာ အင်အား ၅၀ ခန့်ရှိကြောင်း သိရသည်။

စစ်ကိုင်းတိုင်းတွင် စက်တင်ဘာလ ၂၂ ရက်နေ့ နောက်ပိုင်း စစ်ကောင်စီတပ်များ စစ်အင်အားပိုမိုဖြည့်တင်းလာသည့်အပြင် ဒေသခံကာကွယ်ရေးတပ်နှင့် စစ်ကောင်စီတပ် နေ့စဉ်နှင့်အမျှ တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်သည်။

Read Previous

တိုက်ပွဲကြောင့် စိုက်ပျိုးရေးလုပ်ငန်းပျက်ခဲ့ရသော မိုးမောက်ဒေသခံများ အစားအသာက်ပြတ်လပ်မှုဖြင့် ကြုံတွေ့နေ

Read Next

လားရှိုးမြို့မှာ covid-19 ပိုးတွေ့နှုန်းများလာသဖြင့် ဈေး‌‌ရောင်းခွင့် ပြန်လည်ကန့်သတ်

Leave a Reply

Your email address will not be published. Required fields are marked *