ကွတ်ခိုင်မြို့နယ်မှာ အသက် ၆၂ နှစ်အရွယ် အဘွားတစ်ဦးကို စစ်ကောင်စီတပ်သား ၁ ဦး အဓမ္မ ပြုကျင့်

ကွတ်ခိုင်မြို့နယ်၊ နမ့်ဖလွန်ကျေးရွာ အုပ်စု၊ အဝေးပြေးလမ်းမဘေး ဖာခေတ်ကျေးရွာက အသက် ၆၂ နှစ် အရွယ် အဘွားတစ်ဦးကို စစ်ကောင်စီတပ် ခလရ ၃၃၆ မှ တပ်သား ၁ ဦး ယမန်နေ့ နိုဝင်ဘာလ ၇ ရက်နေ့ မွန်းလွဲ ၂ နာရီဝန်းကျင်က အဓမ္မပြုကျင့်ခဲ့ကြောင်း ဒေသခံတစ်ဦးထံက သိရပါတယ်။ “အိမ်ခြံစောင့်နေထိုင်တာ။ အမျိုးသမီးကြီး ၂ ဦး။ အဲဒီ အမျိုးသမီးနဲ့ နေထိုင်တဲ့ အဖော်အမျိုးသမီးကြီးက ဝက်စာလိုက်ယူနေတာ။ စစ်သား ၃ ယောက်က ဟင်းသီးဟင်းရွက် လာတောင်းတော့ ပေးလိုက်တယ်။ သူတို့ ပြန်သွားပြီး။ ၃ ယောက်ထဲက ၁ ယောက်က ပြန်လှည့်လာပြီး နေမကောင်းလို့ နေပူဆာလှုံနေတဲ့ အဖွားကိုအိမ်ထဲ ဆွဲသွားပြီး အဓမ္မပြုကျင့် လိုက်တာ” … Continue reading ကွတ်ခိုင်မြို့နယ်မှာ အသက် ၆၂ နှစ်အရွယ် အဘွားတစ်ဦးကို စစ်ကောင်စီတပ်သား ၁ ဦး အဓမ္မ ပြုကျင့်