လူ့အခွင့်အရေးချိုးဖောက်မှုသတင်း

ကွတ်ခိုင်မြို့နယ်မှာ အသက် ၆၂ နှစ်အရွယ် အဘွားတစ်ဦးကို စစ်ကောင်စီတပ်သား ၁ ဦး အဓမ္မ ပြုကျင့်

ကွတ်ခိုင်မြို့နယ်၊ နမ့်ဖလွန်ကျေးရွာ အုပ်စု၊ အဝေးပြေးလမ်းမဘေး ဖာခေတ်ကျေးရွာက အသက် ၆၂ နှစ် အရွယ် အဘွားတစ်ဦးကို စစ်ကောင်စီတပ် ခလရ ၃၃၆ မှ တပ်သား ၁ ဦး ယမန်နေ့ နိုဝင်ဘာလ ၇ ရက်နေ့ မွန်းလွဲ ၂ နာရီဝန်းကျင်က အဓမ္မပြုကျင့်ခဲ့ကြောင်း ဒေသခံတစ်ဦးထံက သိရပါတယ်။

“အိမ်ခြံစောင့်နေထိုင်တာ။ အမျိုးသမီးကြီး ၂ ဦး။ အဲဒီ အမျိုးသမီးနဲ့ နေထိုင်တဲ့ အဖော်အမျိုးသမီးကြီးက ဝက်စာလိုက်ယူနေတာ။ စစ်သား ၃ ယောက်က ဟင်းသီးဟင်းရွက် လာတောင်းတော့ ပေးလိုက်တယ်။ သူတို့ ပြန်သွားပြီး။ ၃ ယောက်ထဲက ၁ ယောက်က ပြန်လှည့်လာပြီး နေမကောင်းလို့ နေပူဆာလှုံနေတဲ့ အဖွားကိုအိမ်ထဲ ဆွဲသွားပြီး အဓမ္မပြုကျင့် လိုက်တာ” လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

၎င်း အမျိုးသမီးရဲ့ အဖော်ဖြစ်သူ နှင့် စစ်သား ၂ ဦးပြန်လာချိန် အဓမ္မပြုကျင့်နေသော စစ်သားက ဓါးဖြင့် ပြန်လည်တိုက်ခိုက်လာတဲ့အတွက် အဲဒီစစ်သား၂ ဦးမှလည်း ဓားနဲ့ ပြန်ခုခံရာ အဓမ္မ ပြုကျင့်တဲ့ စစ်သားရဲ့ ခေါင်းကို ဓါးဒဏ်ရာထိသွားတယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ ပြစ်မှုကျူးလွန်သူကို စစ်တပ် တာဝန်ရှိသူထံ တိုင်တန်းထားတယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်ခန့်ကလည်း ကွတ်ခိုင် နမ့်ကွတ်ရွာက အသက် ၁၇ နှစ် အရွယ် အမျိုးသမီးငယ် ၁ ဦးကို စစ်ကောင်စီ စစ်ကြောင်းက အဓမ္မပြုကျင့်ခဲ့တဲ့အတွက် ထောင်ဒဏ် ၁၄ နှစ် ချမှတ်ခဲ့တာရှိခဲ့ဖူးတယ်လို့ဆိုပါတယ်။

ဒါ့အပြင် ကွတ်ခိုင် မြို့နယ် လွယ်ကန်အုပ်စု နောင်ချိုရွာ နှင့် ဒိန်ဂရီအုပ်စု နမ့်ဆုန် ကျေးရွာမှာလည်း ကလေးမိခင် အမျိုးသမီး ၁ ဦး နှင့် ကလေး နှစ်ဦးမိခင် ၁ စစ်ကေညာင်စီစစ်သားတွေက အဓမ္မ ပြုကျင့်ခဲ့သည့်အပြင် ငွေသား လူယူ သတ်ဖြတ်ခဲ့တဲ့ လုပ်ရပ်များလည်း ယခင်ကရှိခဲ့ဖူးကြောင်း ဒေသခံတွေက ပြောပါတယ်။

Bum Shep

Show More

Related Articles

Back to top button