ကသာ မိုးတားလေးကျေးရွာအနီးရှိ ဝဲကြီးကျေးရွာတွင် စစ်ကောင်စီနဲ့ PDF တို့ တိုက်ပွဲ ဆက်လက်ဖြစ်ပွား

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ် ဝဲကြီး‌ကျေးရွာအနီးတွင် PDF နှင့် စစ်ကောင်စီတပ်တို့ ယနေ့ ညနေ ၃နာရီဝန်းကျင်မှစကာ  တိုက်ပွဲဖြစ်ပွားနေကြောင်း ဒေသခံများမှ သိရသည်။ “ခုနက စဖြစ်တာဟုတ်တယ် အဲရွာနားက စစ်ကောင်စီတပ်တွေရှိတဲ့နေရာ PDF တွေက မိုင်းသွားဆွဲလိုက်တာ အဲကနေ သူတို့လည်း ပြန်ခံပစ်ပြီး တိုက်ပွဲဖြစ်တာ” ဟု မြေပြင်သတင်းပေးပို့သူ တစ်ဦးကပြောသည်။ ဝဲကြီးရွာသည် ယမန်နေ့ တိုက်ပွဲဖြစ်ပွားခဲ့သည့် မိုး‌တားလေးကျေးရွာအနီးတွင်ရှိသည့် ကျေးရွာဖြစ်ပြီး စစ်ကောင်စီတပ် ယမန်နေ့မှစကာ ကျေးရွာအတွင်း တပ်စွဲထားသေးကြောင်း ဒေသခံများကပြောသည်။ ယမန်နေ့ မိုးတားလေးကျေးရွာအနီး တိုက်ပွဲကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင် နေကြရသည့်အပြင် ယ‌ခုတိုက်ပွဲထပ်မံဖြစ်နေသည့်မတွက် ထွက်ပြေးတိမ်းရှောင်သူ ပိုများလာကြောင်း ဒေသခံများ‌က ပြောသည်။ “အိမ်က မပြန်ကြရသေးဘူး ပြေးနေရတာ မနေ့ကတည်းက ခုထိရွာမပြန်နိုင်သေးဘူး စစ်တပ်က ရွာထဲမှာ ရှိနေသေးတယ် … Continue reading ကသာ မိုးတားလေးကျေးရွာအနီးရှိ ဝဲကြီးကျေးရွာတွင် စစ်ကောင်စီနဲ့ PDF တို့ တိုက်ပွဲ ဆက်လက်ဖြစ်ပွား