မုံးကိုးဒေသ နေရာ ၃ ခုမှ တပ်ဆုတ်ခွာမည်ဟု MNDAA ကြေညာ

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် မုံးကိုးဒေသတွင် တပ်စွဲထားသော နေရာ ၃ ခုမှ ဆုတ်ခွာတော့မည်ဟု MNDAA ဘက်က ယနေ့ (နိုဝင်ဘာလ ၁၀ ရက်နေ့) ကိုးကန့် သတင်းတွင် ဖော်ပြထားသည်။ မုံးကိုးဒေသ စစ်ရေးတင်းမာနေမှုကို လျော့ကျစေလို​သော ရည်ရွယ်ချက်ကြောင့် MNDAA ဗဟိုဌာနချုပ်မှ မုံးကိုး​ဒေသရှိ တပ်ခွဲ ၃ ခုကို ဆုတ်ခွာရန် အမိန့်ပေးခဲ့တဲ့အပြင် မုံးကိုး နှင့် ပန်ဆိုင်း တံတားကြားရှိ စနိုက်ပါတပ်သား ချုံခိုပွိုင့် ၂ နေရာကိုလည်း ဆုတ်ခွာရန်ညွန်ကြားခဲ့ကြောင်း ဖော်ပြထားသည်။ ကိုးကန့် MNDAA အနေဖြင့် ရောဂါကာကွယ်ရေး၊ ပြည်သူလူထုလူမှုစီးပွားအဆင်ပြေရေး၊ ငြိမ်းချမ်းစွာဆွေးနွေးငြိနှိုင်းရေး၊ နှစ်ဖက်သွေးထွက်သံယိုဖြစ်မှု လျော့ကျစေရေး၊ သမိုင်းပေးတာဝန်ကို သိတတ်ရေး၊ အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာသော ပဋိပက္ခများကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းပြီး နိုင်ငံတော်အားစစ်မှန်သော … Continue reading မုံးကိုးဒေသ နေရာ ၃ ခုမှ တပ်ဆုတ်ခွာမည်ဟု MNDAA ကြေညာ