ကောလင်း ရှမ်းကလုံးကျေးရွာမှ ဒေသခံပြည်သူ ၃ ဦးကို စစ်ကောင်စီ ဖမ်းဆီးသွား

စစ်ကိုင်းတိုင်း၊ ကောလင်းနယ်၊ ရှမ်းကလုံး‌ ကျေးရွာမှ ဒေသခံ ၃ ဦးအား နိုဝင်ဘာလ ၁၀ ရက်နေ့တွင် စစ်ကောင်စီမှ ဖမ်းဆီးသွားကြောင်း သိရသည်။ “ရှမ်းကလုံးရွာက ဒေသခံ ယောကျ်ားလေး သုံးယောက်ဖမ်းဆီး ခေါ်ဆောင်သွားတယ်။ တစ်‌ယောက်ကိုနောက်ပြန်ကြိုးတုတ်တယ်။ ကျန်တဲ့နှစ်‌ယောက်ကိုတော့ ဒီအတိုင်းဖမ်းဆီးသွားတယ်။ နောက်ပြန် ကြိုးတုတ်ခံရတဲ့သူက နှိပ်စက်ထားရတယ်လို့ သိရတယ်” ဟု ပြောသည်။ စစ်ကောင်စီတပ်သည် ယနေ့  ၂ နာရီဝန်းကျင် ရှမ်းကလုံးကျေးရွာ၊ ဘုန်းကြီးကျောင်းအတွင်း အင်အား ၁၀၀ ဝန်းကျင်ဝင်ရောက်လာကာ ဘုန်းကြီးကျောင်းအတွင်း စစ်ရှောင်နေသူများအား မိမိနေအိမ်ပြန်ခိုင်းခဲ့သည့်အပြင် အသက်ကြီးပိုင်းနဲ့ စစ်ရှောင်များအား ကူညီပေးနေသူအချို့ကို စစ်ဆေးမေးမြန်းပြီးနောက် ယခုကဲ့သို့ ဒေသခံ ၃ဦး ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။ ဖမ်းဆီးခံရသူများမှာ လူလတ်ပိုင်းနှစ်ဦးနှင့် အသက် ၂၀ ဝန်းကျင် လူငယ် … Continue reading ကောလင်း ရှမ်းကလုံးကျေးရွာမှ ဒေသခံပြည်သူ ၃ ဦးကို စစ်ကောင်စီ ဖမ်းဆီးသွား