သတင်း

ကောလင်း ရှမ်းကလုံးကျေးရွာမှ ဒေသခံပြည်သူ ၃ ဦးကို စစ်ကောင်စီ ဖမ်းဆီးသွား

စစ်ကိုင်းတိုင်း၊ ကောလင်းနယ်၊ ရှမ်းကလုံး‌ ကျေးရွာမှ ဒေသခံ ၃ ဦးအား နိုဝင်ဘာလ ၁၀ ရက်နေ့တွင် စစ်ကောင်စီမှ ဖမ်းဆီးသွားကြောင်း သိရသည်။

“ရှမ်းကလုံးရွာက ဒေသခံ ယောကျ်ားလေး သုံးယောက်ဖမ်းဆီး ခေါ်ဆောင်သွားတယ်။ တစ်‌ယောက်ကိုနောက်ပြန်ကြိုးတုတ်တယ်။ ကျန်တဲ့နှစ်‌ယောက်ကိုတော့ ဒီအတိုင်းဖမ်းဆီးသွားတယ်။ နောက်ပြန် ကြိုးတုတ်ခံရတဲ့သူက နှိပ်စက်ထားရတယ်လို့ သိရတယ်” ဟု ပြောသည်။

စစ်ကောင်စီတပ်သည် ယနေ့  ၂ နာရီဝန်းကျင် ရှမ်းကလုံးကျေးရွာ၊ ဘုန်းကြီးကျောင်းအတွင်း အင်အား ၁၀၀ ဝန်းကျင်ဝင်ရောက်လာကာ ဘုန်းကြီးကျောင်းအတွင်း စစ်ရှောင်နေသူများအား မိမိနေအိမ်ပြန်ခိုင်းခဲ့သည့်အပြင် အသက်ကြီးပိုင်းနဲ့ စစ်ရှောင်များအား ကူညီပေးနေသူအချို့ကို စစ်ဆေးမေးမြန်းပြီးနောက် ယခုကဲ့သို့ ဒေသခံ ၃ဦး ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

ဖမ်းဆီးခံရသူများမှာ လူလတ်ပိုင်းနှစ်ဦးနှင့် အသက် ၂၀ ဝန်းကျင် လူငယ် ၁ ဦး ဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် ရှမ်းကလုံးကျေးရွာတွင် ယခင်ရက်များကလည်း ဝင်ရောက်စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး ရွာသားတဦးနဲ့တခြားရွာသားတစ်ဦးကိုလည်း လမ်းပြအဖြစ် ခေါ်ဆောင်ခဲ့ဖူးကာ ပြန်လည်လွတ်ခဲ့ဖူးကြောင်း ‌နီးစပ်သူများက ဆိုသည်။

ရှမ်းကလုံးရွာသည် ကောလင်းနယ်၏ အနောက်ချမ်းတွင် တည်ရှိပြီး အိမ်ခြေပေါင်း ၄၀၀ နီးပါးခန့်ရှိသည့် ကျေးရွာဖြစ်သည်။

စစ်တပ် အာဏာသိမ်းပြီးနောက် ပြီးခဲ့သည့် အင်တာနက်ဖုန်းလိုင်းများဖြတ်တောက်လိုက်သည့် ပြည်နယ်၊ တိုင်းများအနက် စစ်ကိုင်းတိုင်းသည် အဆိုးရွားဆုံး ခံစားနေရခြင်းဖြစ်သည်။

Show More

Related Articles

Back to top button