ကဘူဒမ်းစစ်ရှောင်များ၏ တောင်ယာခင်း စပါးမဖြစ်ထွန်းသောကြောင့် အခက်ကြုံနေ

ကချင်ပြည်နယ် ၊ မြစ်ကြီးနားမြို့ နန်းကွေ့ကျေးရွာ ကဘူဒမ်း စစ်ရှောင်စခန်းမှ စစ်ရှောင်မိသားစုဝင်အချို့၏ တောင်ယာစပါးခင်း ဧက (၁၀) ကျော် ယခုနှစ် မိုးခေါင်မှုကြောင့် စပါးမဖြစ်ထွန်းပဲ ပျက်စီးဆုံးရှုံးခဲ့ရကြောင်း သိရသည်။ စိုက်ပျိုးထားသည့် တောင်ယာစပါးခင်းအတွက် အချိန် ၊ ငွေကြေး ၊ လုပ်အားစိုက်ထုတ်မှု အားလုံးအရှုံးပေါ်ခဲ့သဖြင့် အခက်အခဲနှင့် ကြုံတွေ့နေရတယ်လို့ ကဘူဒမ်းစစ်ရှောင်စခန်း တာဝန်ခံက ပြောသည်။ “သူတို့စားဝတ်နေရေးအတွက် ဟင်းသီးဟင်းရွက်တွေ စိုက်ရအောင်ဆိုပြီးလုပ်ထားခဲ့တာ။ စိုက်ထားတဲ့အရာက ဒီနှစ်ရဲ့ ရာသီဥတုအားပေးမှုကလည်း မရှိတော့ မျှော်လင့်ထားသလို ရိတ်သိမ်းစရာဘာမှ မရှိအောင်ကို ဖြစ်သွားတယ်။ ပထမတော့ စိုက်တဲ့လမှာတော့ တော်တော်လေး ကောင်းတယ်။ အခုအပေအနှံလေးထွက်လာတော့ကြတော့ မိုးက လည်းခေါင် အစိုဓာတ်လဲမရတော့ အခင်းပျက်သွားတယ်။ တစ်နှစ်တာအတွက် ရရှိမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ စိုက်တာလေ။ ဒါပေမဲ့ ပြန်အဆင်မပြေလာတဲ့အခါကြတော့ … Continue reading ကဘူဒမ်းစစ်ရှောင်များ၏ တောင်ယာခင်း စပါးမဖြစ်ထွန်းသောကြောင့် အခက်ကြုံနေ