,

Breaking News :

ယုဇန ကုမ္ပဏီထွက်ခွာပြီးနောက် မြေယာ ဦးယူပိုင်ဆိုင်ထားမှုကို KIO ပြန်လည်သိမ်းယူမည်

မြန်မာ့ကြက်သွန်နီ ကားအစီး ၅၀၀ စာခန့် တရုတ်ဘက်ပို့မရလို့ ဆုံးရှုံးမှုဖြစ်ပေါ်နေ

သိန္နီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နေရာကို စစ်ကောင်စီက အင်အားအလုံးအရင်းနဲ့ ဝင်စီးကာ မီးရှို့ဖျက်ဆီး

မုံးကိုးမြို့နယ်မှာ စစ်ကောင်စီ နဲ့ ကိုးကန့် MNDAA တို့အကြား တိုက်ပွဲ ဆက်လက် ဖြစ်ပွား

မိုးညှင်း KIA တပ်ရင်း ၂၆ နယ်မြေသို့ ဝင်ရောက်လာသော စစ်ကောင်စီတပ်ကို KIA တိုက်ခိုက်

စစ်ကောင်စီယာဉ်တန်းကို မိုးညှင်းအနီးတွင် KIA မိုင်းခွဲ တိုက်ခိုက်

ဥယျာဉ်ထဲက ပန်းပွင့်များ

စစ်ကောင်စီတပ် လက်နက်ကြီးကြောင့် မိုးမောက်မြို့ ဘုရားကျောင်းနှင့် စစ်ရှောင်စခန်းတွင် လက်နက်ကြီးကျ

မြန်မာ – တရုတ် နယ်စပ် ကုန်သွယ်ရေး ဂိတ်ပေါက် ၂ ပေါက် စတင်ဖွင့်လှစ်

မုံးကိုးမြို့နယ်မှာ စစ်ကောင်စီက လက်နက်ကြီးဖြင့် ဆက်လက်ပစ်ခတ်နေ

ကဘူဒမ်းစစ်ရှောင်များ၏ တောင်ယာခင်း စပါးမဖြစ်ထွန်းသောကြောင့် အခက်ကြုံနေ

ကချင်ပြည်နယ် ၊ မြစ်ကြီးနားမြို့ နန်းကွေ့ကျေးရွာ ကဘူဒမ်း စစ်ရှောင်စခန်းမှ စစ်ရှောင်မိသားစုဝင်အချို့၏ တောင်ယာစပါးခင်း ဧက (၁၀) ကျော် ယခုနှစ် မိုးခေါင်မှုကြောင့် စပါးမဖြစ်ထွန်းပဲ ပျက်စီးဆုံးရှုံးခဲ့ရကြောင်း သိရသည်။

စိုက်ပျိုးထားသည့် တောင်ယာစပါးခင်းအတွက် အချိန် ၊ ငွေကြေး ၊ လုပ်အားစိုက်ထုတ်မှု အားလုံးအရှုံးပေါ်ခဲ့သဖြင့် အခက်အခဲနှင့် ကြုံတွေ့နေရတယ်လို့ ကဘူဒမ်းစစ်ရှောင်စခန်း တာဝန်ခံက ပြောသည်။

“သူတို့စားဝတ်နေရေးအတွက် ဟင်းသီးဟင်းရွက်တွေ စိုက်ရအောင်ဆိုပြီးလုပ်ထားခဲ့တာ။ စိုက်ထားတဲ့အရာက ဒီနှစ်ရဲ့ ရာသီဥတုအားပေးမှုကလည်း မရှိတော့ မျှော်လင့်ထားသလို ရိတ်သိမ်းစရာဘာမှ မရှိအောင်ကို ဖြစ်သွားတယ်။ ပထမတော့ စိုက်တဲ့လမှာတော့ တော်တော်လေး ကောင်းတယ်။ အခုအပေအနှံလေးထွက်လာတော့ကြတော့ မိုးက လည်းခေါင် အစိုဓာတ်လဲမရတော့ အခင်းပျက်သွားတယ်။ တစ်နှစ်တာအတွက် ရရှိမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ စိုက်တာလေ။ ဒါပေမဲ့ ပြန်အဆင်မပြေလာတဲ့အခါကြတော့ မျှော်လင့်ချက်ဆုံးရှူံးသွားသလို ခံစားနေ ကြရတယ်။” ဟု ဆိုသည်။

လက်ရှိ Covid-19 ရောဂါဖြစ်ပွားသည့်ကာလတွင် ကဘူဒမ်းစစ်ရှောင်ပြည်သူများ၏ စားဝတ်နေရေးနှင့် ကျန်းမာရေး အသုံးအဆောင်များကို ဖူလုံစွာ ထောက်ပံ့ပေးနိုင်သည့် အလှူရှင်လိုအပ်နေသေးကြောင်းလည်း သူက ဆက်ဆိုထားသည်။

“ကိုဗစ်ကြောင့် သွားလာလို့ကလည်း အဆင်မပြေ စိုက်ထားတဲ့စပါးက ပျက်စီးသွားတော့ သူတို့ စားဝတ်နေရေးက အရမ်းခက်သွားပြီ။ တစ်ခါတစ်လေတော့ အလှူရှင်တွေရှိတယ်။ ပထမက စားဝတ်နေရေး ၊ ဒုတိယက ကျန်းမာရေးအထွေထွေ ဝယ်သုံးဝယ်ဖို့တောင် ခက်ခဲကြတယ်။” ဟု KNG ကချင်သတင်းဌာနကို ပြောသည်။

အဆိုပါ ကဘူဒမ်းကျေးရွာရှိ စစ်ရှောင်ပြည်သူများမှာ ၂၀၁၇ ခုနှစ် ဟူးကောင်း လီဒိုလမ်းမပေါ် တိန်းကောက် ကျေးရွာအနီး စစ်ကောင်စီနှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ တိုက်ပွဲကြား ထွက်ပြေးတိမ်းရှောင် ခဲ့သည့် ရဝမ်ကုန်းကျေးရွာသားများ ဖြစ်ကြသည်။

လက်ရှိ ကဘူဒမ်းစစ်ရှောင်စခန်းတွင် အိမ်ထောင်စု (၁၄) စု နှင့် လူဦးရေ စုစုပေါင်း (၄၃) ယောက်ရှိကြောင်း သိရသည်။

Read Previous

အာဏာသိမ်းတပ်ဖမ်းဆီးသွားသော ကောလင်း ဒေသခံ ၇ ဦး သေနတ်၊ ဓါးဒဏ်ရာများဖြင့် ထပ်မံသေဆုံးနေ

Read Next

အုပ်ချုပ်ရေးအဖွဲ့က ဘောလုံးပွဲကစားခွင့်ပြုပြီးနောက်ပိုင်း ပူတာအိုတွင် Covid-19 ကူးစက် သေဆုံးမှုနှုန်း အဆမတန်တိုးလာ

Leave a Reply

Your email address will not be published. Required fields are marked *