အုပ်ချုပ်ရေးအဖွဲ့က ဘောလုံးပွဲကစားခွင့်ပြုပြီးနောက်ပိုင်း ပူတာအိုတွင် Covid-19 ကူးစက် သေဆုံးမှုနှုန်း အဆမတန်တိုးလာ

ပူတာအိုမြို့နယ်တွင် စစ်ကောင်စီသစ္စာခံ အုပ်ချုပ်ရေးမှူးအဖွဲ့များက ကျေးရွာအလိုက် ဘောလုံးကစားရန် ခွင့်ပြုမိန့် ပေးလိုက်သည့်နောက်ပိုင်း ကိုဗစ် – ၁၉ ရောဂါကူးစက်မှုနှုန်း ပိုမိုမြင့်တက်လာနေကြောင်း သိရသည်။ ပြီးခဲ့သော အောက်တိုဘာလ လယ်နောက်ပိုင်းမှ ပူတာအိုမြို့တွင် ရပ်ကွက်အလိုက် ယဥ်ကျေးမှုဖလား ဗိုလ်လုပွဲ ဘောလုံးကစားနေသောကြောင့် ရပ်ကွက်အတွင်းရှိ ပြည်သူများ ကိုဗစ်ကူးစက်ခံနေရသည်ဟု ပူတာအို ဒေသခံတစ်ဦးက KNG သတင်းဌာနကို ပြောဆိုခဲ့သည်။ “အုပ်ချုပ်ရေးအဖွဲ့က ယဥ်ကျေးမှုအဖွဲ့ကို ဘောလုံးကစားခွင့် ပေးလိုက်လို့ အခုဆို ရပ်ကွက်အားလုံမှာ ကိုဗစ်ကူးစက်ခံနေရတယ်။ မဖြစ်တဲ့သူ သိပ်မရှိတော့ဘူး။ အားလုံးဖျားကြတယ်။ ဘာကြောင့် လဲဆိုတော့ ကျေးရွာ ရပ်ကွက် အလိုက်ဆိုတော့ ပိုဆိုးသွားတာပေါ့” ဟု ပြောဆိုသည်။ ဘောလုံးကစားပွဲကို တစ်ရက်တွင် ကျေးရွာ (၆) ခုနှင့်  အသင်း (၃)ဖွဲ့ဖြင့် ပုံမှန်ကစားခဲ့ပြီး … Continue reading အုပ်ချုပ်ရေးအဖွဲ့က ဘောလုံးပွဲကစားခွင့်ပြုပြီးနောက်ပိုင်း ပူတာအိုတွင် Covid-19 ကူးစက် သေဆုံးမှုနှုန်း အဆမတန်တိုးလာ