အာဏာသိမ်းတပ်ဖမ်းဆီးသွားသော ကောလင်း ဒေသခံ ၇ ဦး သေနတ်၊ ဓါးဒဏ်ရာများဖြင့် ထပ်မံသေဆုံးနေ

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့အနောက်ခြမ်းရှိ မိုနံကျေးရွာ၊ ဥက္ကံရွာ၊ ချောင်းနား စသည့်ကျေးရွာများမှ နိုဝင်ဘာလ လဆန်းပိုင်းတွင် စစ်ကောင်စီတပ်ဖမ်းဆီးသွားသည့် ဒေသခံပြည်သူ ၇ ဦး သေနတ်ဒဏ်ရာ၊ ဓါးဒဏ်ရာများဖြင့် အသတ်ခံထားရကြောင်း ဒေသခံများမှ သိရသည်။ “ကျနော်တို့ ကြားရသလောက်တော့ ၁၆ နှစ်အရွယ် ကလေးတစ်ဦးကိုဘဲ မှတ်မိတယ်လို့ သိရတယ်။ အဲကလေးက ချောင်းနားရွာကလို့တော့ သိရပြီ။ ကျန်တဲ့ ၆ယောက်ကတော့ မျက်နှာဘယ်သူဘယ်ဝါမှန်း မသိနိုင်လောက်အောင် နှိပ်စက်ခံထားရတယ်လို့ သိရတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။ သေဆုံးနေသည့် အလောင်း ၇ လောင်းအား ယနေ့နံနက် ၉နာရီဝန်းကျင် မိုနံရွာအနီး (ဦးတင်ဦးကုန်းနားလေးက မန်ကျည်းပင်ရေစပ်)အနားမှာ တွေ့ရှိခဲ့ကြကြောင်း ၎င်းက ဆက်ပြောသည်။ ဒေသခံများ၏ ခန့်မှန်းချက်အရ ကလေးငယ်၏ အလောင်းအပြင် ကျန်အလောင်း ၆‌ လောင်းသည် … Continue reading အာဏာသိမ်းတပ်ဖမ်းဆီးသွားသော ကောလင်း ဒေသခံ ၇ ဦး သေနတ်၊ ဓါးဒဏ်ရာများဖြင့် ထပ်မံသေဆုံးနေ