,

Breaking News :

မမုံ သပိတ်ခေါင်းဆောင်နှင့် ဟိုပင်လွှတ်တော်ကိုယ်စားလှယ် ၂၁ မိုင် ဂိတ်တွင် ဖမ်းခံရ

စစ်ကောင်စီ၏ မြင်း ၉ကောင် သယ်ဆောင်လာသော ၁၂ ဘီးကားကို KIA မီးရှို့ ဖျက်ဆီး

ပြည်သူ့စစ်စခန်း KIA ပြန်တိုက်ခိုက်ပါက လူနေအိမ်များကို ငဲ့ညှာမည်မဟုတ်ကြောင်း မင်းဇင်သန့် ပြော

ဆယ်ဇင်းကျေးရွာ နေအိမ် ၄၀၀ ကျော်ကို KIA နှင့် PDF တို့ မီးရှို့ဖျက်ဆီးလိုက်သည်ဆိုသာ သတင်းအမှား

နောင်းမီတွင် KIA မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၂ဦးထိခိုက်ဒဏ်ရာရရှိ

ကသာ ဒေသခံ ၃၀ ကျော်ကို စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်က ဖမ်းခေါ်သွား

ဆယ်ဇင်းတွင် စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်မှုကြောင့် ရွှေမှော်ကျေးရွာ ၂၀ မှ ပြည်သူများ ထွက်ပြေး တိမ်ရှောင်နေရ

ကသာနယ်အထက်ပိုင်းတွင် စစ်ကောင်စီတပ် ဂျက်လေယာဉ် ၂စီးဖြင့် ဗုံးကျဲတိုက်ခိုက်

ပေကုန်း ဇရပ်တွင်တပ်စွဲထားသော စစ်ကောင်စီတပ်ကို KIA နှင့် PDF ပူးပေါင်းတပ် သွားရောက်တိုက်ခိုက်

ပူတာအိုတွင် ကုန်စိမ်းနှင့် အသားစျေးနှုန်းများ အဆမတန် မြင့်တက်

အာဏာသိမ်းတပ်ဖမ်းဆီးသွားသော ကောလင်း ဒေသခံ ၇ ဦး သေနတ်၊ ဓါးဒဏ်ရာများဖြင့် ထပ်မံသေဆုံးနေ

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့အနောက်ခြမ်းရှိ မိုနံကျေးရွာ၊ ဥက္ကံရွာ၊ ချောင်းနား စသည့်ကျေးရွာများမှ နိုဝင်ဘာလ လဆန်းပိုင်းတွင် စစ်ကောင်စီတပ်ဖမ်းဆီးသွားသည့် ဒေသခံပြည်သူ ၇ ဦး သေနတ်ဒဏ်ရာ၊ ဓါးဒဏ်ရာများဖြင့် အသတ်ခံထားရကြောင်း ဒေသခံများမှ သိရသည်။

“ကျနော်တို့ ကြားရသလောက်တော့ ၁၆ နှစ်အရွယ် ကလေးတစ်ဦးကိုဘဲ မှတ်မိတယ်လို့ သိရတယ်။ အဲကလေးက ချောင်းနားရွာကလို့တော့ သိရပြီ။ ကျန်တဲ့ ၆ယောက်ကတော့ မျက်နှာဘယ်သူဘယ်ဝါမှန်း မသိနိုင်လောက်အောင် နှိပ်စက်ခံထားရတယ်လို့ သိရတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

သေဆုံးနေသည့် အလောင်း ၇ လောင်းအား ယနေ့နံနက် ၉နာရီဝန်းကျင် မိုနံရွာအနီး (ဦးတင်ဦးကုန်းနားလေးက မန်ကျည်းပင်ရေစပ်)အနားမှာ တွေ့ရှိခဲ့ကြကြောင်း ၎င်းက ဆက်ပြောသည်။

ဒေသခံများ၏ ခန့်မှန်းချက်အရ ကလေးငယ်၏ အလောင်းအပြင် ကျန်အလောင်း ၆‌ လောင်းသည် မိုနံရွာမှ ၅ ဦးနှင့် ဥက္ကံရွာ ၁ ဦးဖြစ်နိုင်ကြောင်း ပြောဆိုသည်။

“ပြီးခဲ့တဲ့ ၄ရက်လောက်က စစ်ကောင်စီတပ်က အဲရွာက ဒေသခံတွေကို ဖမ်းဆီးသွားတာတွေရှိတယ်။ ဖမ်းသွားတာ ဘယ်နှစ်ယောက်လဲ တိတိကျကျ မသိလိုက်ကြဘူး။ ခုသတ်ခံရတဲ့သူတွေတောင် ရုပ်ကမမှတ်မိတော့ ဘယ်သူဘယ်ဝါမှန်း တိတိကျကျ မပြောနိုင်ဘူး ခန့်မှန်းတာလောက်ဘဲရှိမယ်” ဟု အထက်ပါဒေသခံက ထပ်ပြောသည်။

မိုနံကျေးရွာ၊ ဥက္ကံရွာ၊ ချောင်းနား စသည့်ကျေးရွာတို့သည် တစ်ဆက်တည်းရှိပြီး ကောလင်းမြို့၏ အနောက်ဘက်ခြမ်း ၂၆မိုင်ခန့် အကွာတွင် တည်ရှိသည်။

ကောလင်းနယ် အနောက်ဘက်ခြမ်းကျေးရွာအချို့တွင် ၂ ရက်အတွင်း စစ်ကောင်စီတပ်သည် ဒေသခံပြည်သူ ၁၀ဦးခန့် ဖမ်းဆီးသတ်ဖြတ်ပြီးဖြစ်သည်။

လက်ရှိ ယင်းကျေးရွာများတွင် ဖုန်းလိုင်းအချို့နှင့် အင်တာနက်များ ဖြတ်တောက်ခံထားရသည့်အတွက် ပြည်သူမည်မျှ အသတ်ခံရသည်ကို သိရှိနိုင်ရန် ခက်ခဲနေဆဲဖြစ်သည်။

Read Previous

မုံးကိုး နှင့် သိန္နီ မြို့နယ်မှာ စစ်ကောင်စီနှင့် MNDAA တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီကား ၉ စီးကို ဖျက်ဆီးခံရ

Read Next

ကဘူဒမ်းစစ်ရှောင်များ၏ တောင်ယာခင်း စပါးမဖြစ်ထွန်းသောကြောင့် အခက်ကြုံနေ

Leave a Reply

Your email address will not be published.