ဖားကန့်ရှိ စစ်ကောင်စီ တပ်စခန်း ၁ ခု တိုက်ခိုက်သိမ်းပိုက်ထားကြောင်း KIO အတည်ပြု

ဖားကန့်မြို့နယ်အတွင်းရှိ စစ်ကောင်စီ တပ်စခန်း ၃ ခုကို ဝင်တိုက်ပြီးနောက် ၁ ခုကို သိမ်းပိုက်ထားပြီဟု KIO ဗဟိုဌာနချုပ် ပြန်ကြားရေးတာဝန်ခံက အတည်ပြုပြောဆိုသည်။ “ဝင်တိုက်တဲ့အဖွဲ့က တပ်စခန်း ၃ နေရာကို ဝင်တိုက်တယ်လို့တော့ကြားတယ်။ ဒါပေမယ့် တစ်ခုသာ သိမ်းနိုင်သေးတယ်လို့ကြားသေးတယ်။ ကျန်တဲ့ တပ်စခန်းခုကိုတော့ သိမ်းတယ်လို့ မကြားမိသေးဘူး”ဟု KIO ဗဟိုဌာနချုပ် ဗိုလ်မှူးကြီးနော်ဘူက ဆိုသည်။ ယနေ့နံနက် ၆ နာရီဝန်းကျင်ခန့်တွင် ဖားကန့်မြို့နယ် ကံဆီးကျေးရွာအထက်ဘက်ခြမ်းရှိ နမ်ဂျန့်ဒေသ အနီးတဝိုက်ကျေးရွာများတွင် တပ်စွဲအခြေချထားသည့် စစ်ကောင်စီတပ်စခန်း ၃ ခုကို KIA က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အောင်လဲန့် (Aung Len) ကျေးရွာတွင်ရှိသော တပ်စခန်းတစ်ခုကို သိမ်းပိုက်ထားနိုင်ကြောင်း သူက ဆိုသည်။ KIA တပ်မဟာ ၉ တပ်ရင်း … Continue reading ဖားကန့်ရှိ စစ်ကောင်စီ တပ်စခန်း ၁ ခု တိုက်ခိုက်သိမ်းပိုက်ထားကြောင်း KIO အတည်ပြု