မြစ်ဆုံနှင့် ချီဖွေဒေသတွင် ကန့်ကွက်နေသည့်ကြား စက်ယန္တရားကြီးဖြင့် ရွှေတူးဖော်မှု မိုများပြားလာ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့အထက်ပိုင်း မြစ်ဆုံဒေသတဝိုက် နှင့် ချီဖွေမြို့ မြစ်ကြောင်းတစ်လျှောက်တွင် စစ်အာဏာသိမ်းပြီးနောက် အာဏာရှင်နှင့်ဆက်နွယ်သူများက စက်ယန္တရားကြီးများဖြင့် ရွှေတူးဖော်မှု အလွန်များပြားလာကြောင်း ဒေသခံများပြောသည်။ မြစ်ဆုံဒေသတဝိုက်တွင် ဒေသခံများကန့်ကွက်နေသည့်ကြား စီးပွားရေးလုပ်ငန်းရှင်အချို့က ငါးမွေးမြူသည့် လုပ်ငန်းအသွင်ယူပြီး ရွှေတူးဖော်သည့် လုပ်ငန်းများကို လုပ်ဆောင်နေကြောင်း မြစ်ဆုံဒေသခံတစ်ဦးက ပြောသည်။ “ အဲ့မှာ ရွှေတူးနေတဲ့ အင်လားနော်အောင် အရင်ကတော့ ဒီအထက်ဘက်မှာနေတယ် အခုတော့ စီတာပူမှာ နေတယ်ကြားတယ် ငါးကန်လုပ်မယ်ဆိုပြီး ပြောတယ်။ ရပ်ကွက်ကသူတွေကိုလည်း ငါးကန်လုပ်ဖို့ လက်မှတ် လိုက်ထိုးခိုင်တယ်လို့ ကြားတယ်။ ဘယ်သူတွေ ထိုးလည်းတော့ မသိဘူး။ အခုသူက ငါးကန်တော့ မလုပ်ပဲ ရွှေတူးတဲ့ လုပ်ငန်းကို လုပ်နေတယ်။ သူငါးကန်လုပ်မယ် ပြောတဲ့နေရာမှာ ရေလဲမရှိဘူး။ ငါးကန် လုပ်မယ်ဆိုပြီး အပေါ်ပိုင်း မြေကြီးတွေကိုတော့ ခွာတူးပြီး … Continue reading မြစ်ဆုံနှင့် ချီဖွေဒေသတွင် ကန့်ကွက်နေသည့်ကြား စက်ယန္တရားကြီးဖြင့် ရွှေတူးဖော်မှု မိုများပြားလာ