မြေရှားသတ္တု တူးဖော်ရန် ချီဖွေတွင် သွားရောက်စောင့်ဆိုင်းနေသူ များပြား

ကချင်ပြည်နယ် ချီဖွေမြို့နယ် ပန်ဝါဒေသသို့ မြေရှားသတ္ထုတူးဖော်ရန်သွားသည့် အလုပ်သမားများကို ချီဖွေမြို့ စစ်ဆေးရေးဂိတ်တွင် လူဦးရေကန့်သတ်ထားသော်လည်း စောင့်ဆိုင်းနေသူအလွန်များပြားနေကြောင်း သိရသည်။ ပန်ဝါဒေသသို့သွားမည့်အလုပ်သမားများကို ချီဖွေမြို့ ၄မိုင်ပြည်သူ့စစ်ဂိတ်တွင် Quarantine တစ်ပတ်စာအတွက် ကျပ်ငွေ ၁ သိန်းခွဲ ကောက်ခံသည့်အပြင် တစ်ပတ်လျှင် လူဦးရေ ၁၂၀ ဦးကိုသာ သွားခွင့်ပြုသော်လည်း စောင့်ဆိုင်းသူအများပြားနေသေးကြောင်း ချီဖွေဒေသခံတစ်ဦးက KNG ကို ပြောသည်။ “ချီဖွေကနေ တက်လာတဲ့သူတွေ ဘယ်လောက်များများ ဂိတ်မှာ မနက် ၉နာရီကနေ ညနေ ၂နာရီလောက်အထိ တန်းစီရတယ်။ ပန်ဝါကိုသွားဖို့ တန်းစီတဲ့ သူတွေအများကြီးဘဲ။ ဘယ်လောက်ဘဲတန်းစီ လူ ၁၂၀ ပြည့်သွားပြီဆိုရင် ပြန်ခေါက်ရတယ်။ နောက်တစ်ပတ်ရောက်တဲ့အထိ ဆက်စောင့်ရတယ်” ဟု ပြောဆိုသည်။ ပန်ဝါဒေသသို့ မြေရှားတူးဖော်ရန်သွားသည့် အလုပ်သမားလူဦးရေမှာ ပြီးခဲ့သည့် နိုဝင်ဘာလမှစတင်ကာ … Continue reading မြေရှားသတ္တု တူးဖော်ရန် ချီဖွေတွင် သွားရောက်စောင့်ဆိုင်းနေသူ များပြား