မိုးကောင်း ကြံ့ခိုင်ရေးပါတီဝင်များက Non CDM ဆရာမများကိုထောက်ပံ့ရန် ဆန်နဲ့ ငွေသားလိုက်လံကောက်ခံနေ

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ ပင်းဘောကျေးရွာအုပ်စု၊ ပင်းကြိုင်းကျေးရွာတွင် ကြံ့ခိုင်ရေးပါတီဝင်များက စစ်ကောင်စီအောက် အလုပ်လုပ်ကိုင်နေသော ကျောင်းဆရာများကိုထောက်ပံ့ရန်ဟုဆိုကာ တစ်အိမ်ထောင်လျှင်စပါး ၂ တင်း ကောက်ခံနေပြီး စပါးမပေးနိုင်ပါက ငွေကျပ်တစ်သောင်းထည့်ဝင်ရန် လိုက်လံကောက်ခံနေကြောင်း ဒေသခံ ပြည်သူများထံမှ စုံစမ်း သိရှိရသည်။ အလယ်တန်းကျောင်းအထိဖွင့်လှစ်ထားသော ပင်းကြိုင်းကျေးရွာရှိ ကျောင်းဆရာ/မ စုစုပေါင်း ၆ ဦးကို ထောက်ပံ့ရန်ဟုဆိုကာ ဇန်နဝါရီလ ၁၁ ရက်နေ့မှစတင်ပြီး ယခုလို ကောက်ခံနေခြင်းဖြစ်သည်ဟု ပင်းကြိုင်းကျေးရွာနေ အမျိုးသမီးတစ်ဦးက KNG သတင်းဌာနသို့ ပြောသည်။ “အခုလက်ရှိ CDM မလုပ်တဲ့ဆရာမတွေကိုထောက်ပံ့ဖို့ဆိုပြီးမှ ရွာသားတွေကို တစ်အိမ်ထောင်စပါး ၂ တင်း ပေးရမယ်မပေးလို့ရှိရင် ပိုက်ဆံတစ်ပေးရမယ်ဆိုပြီး ကောက်ခံတာရှင့်။ သူတို့ကောက်နေတဲ့အထဲ မှာအများစုကတော့ ကြံ့ခိုင်ရေးပါတီဝင်တွေကောက်တာရှင့်။ အတင်းကြီးလာကောက်တာတော့ မရှိဘူးရှင့်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ပင်းကြိုင်းကျေးရွာနေအမျိုးသမီးတစ်ဦးက … Continue reading မိုးကောင်း ကြံ့ခိုင်ရေးပါတီဝင်များက Non CDM ဆရာမများကိုထောက်ပံ့ရန် ဆန်နဲ့ ငွေသားလိုက်လံကောက်ခံနေ