လိုင်ဇာမြို့သို့ဝင်လာသူများ ကာကွယ်ဆေးမထိုးထားလျှင် ကွာရန်တင်း ၁၄ ရက် ထပ်ဝင်ရမည်

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဌာနချုပ်လိုင်ဇာမြို့တွင် Covid-19 ရောဂါအခြေအနေအရ အခြားမြို့နယ်မှလိုင်ဇာမြို့သို့ ဝင်ရောက်လာမည့် ကာကွယ်ဆေးမထိုးထားသည့် မည်သူမဆို မိုင်ဆပ်ပါ ကိုဗစ်-၁၉ ကာကွယ်ရေးစင်တာတွင် Quarantine ၁၄ ရက် ပြန်ဝင်ရတော့မည်ဟု သိရသည်။ လက်ရှိ လိုင်ဇာမြို့တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ လူနာလျော့နည်းလာခြင်းကြောင့် ယခုလ ၃ ရက်နေ့မှစ၍ Lockdown ဖြေလျော့လိုက်ပြီဖြစ်သော်လည်း နယ်စပ်ဂိတ်များတွင် ကိုဗစ်ကာကွယ်ဆေး ထိုးပြီးကြောင်း လက်မှတ်ရရှိသူများကိုသာ ဖြတ်သန်းခွင့်ပြုမည်ဖြစ်ကြောင်း KIO ကိုဗစ်ကာကွယ်ရေးဗဟိုအတွင်းရေးမှူး ဗိုလ်မှူးကြီးဟိန်းဝမ် က KNG ကို ပြောသည်။ “ ကျနော်တို့ ယခုလ ၃ ရက်နေ့ကနေစပြီး Lockdown ကို နဲနဲဖြေလျော့လိုက်တယ်။ မိုင်ဆပ်ပါ ၊ ဒွမ်ဘုံးလို ကနေ ဝင်လာတဲ့သူတွေကို ကိုဗစ်ကာကွယ်ဆေးထိုးပြီးတဲ့ ကဒ်ရတဲ့သူတွေနဲ့ Positive … Continue reading လိုင်ဇာမြို့သို့ဝင်လာသူများ ကာကွယ်ဆေးမထိုးထားလျှင် ကွာရန်တင်း ၁၄ ရက် ထပ်ဝင်ရမည်