ကသာမြို့နယ် နတ်လိုင်ကျေးရွာအနီး ABSDF နှင့် စစ်ကောင်စီတို့ တိုက်ပွဲပြင်းထန်နေ

စစ်ကိုင်းတိုင်း ကသာမြို့နယ် နတ်လိုင်ကျေးရွာအနီး ABSDF နဲ့ စစ်ကောင်စီတို့ ယနေ့နံနက် ၇နာရီဝန်းကျင်မှစကာ တိုက်ပွဲပြင်းထန်နေကြောင်း ဒေသရင်းမြစ် တာဝန်ရှိသူများများထံမှ သိရသည်။ ” နတ်လိုင်ရွာက အထွက်ကို မနေ့ညကတည်းကစောင့်နေတာ ဒီမနက်တော့ သူတို့လည်း သေနတ်ဖောက်ပြီး ရွာအထွက် လယ်ကွင်းနားအရောက် ဒီဘက်ကလည်း လက်နက်ကြီးနဲ့ပစ်ထည့်လိုက်တာ ထိခိုက်မှုအခြေနေတော့ မသိရသေးဘူး” ဟု ဒေသရင်းမြစ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ပစ်ခတ်ခံလိုက်ရသည့် စစ်ကောင်စီတပ်များသည် ရွာထဲသို့ ပြန်ဝင်သွားပြီး နတ်လိုင်ရွာကို ကာဗာယူကာ ပြန်လည်ပစ်ခတ်နေကြောင်း သိရသည်။ ” ခု စစ်တပ်က လက်နက်ကြီးနဲ့ ပစ်နေတာ ၄ လုံးရှိနေပြီ ဒီဘက်ကတော့ ရွာသားတွေထိမှာ စိုးလို့ အခြေနေကြည့်နေရတယ်” အမည်မဖော်လိုသည့် ဒေသရင်းမြစ်ကပြောသည်။ လက်ရှိ နတ်လိုင်ကျေးရွာအတွင်း နေအိမ်တစ်လုံးမီးလောင်နေပြီး ဒေသခံများလည်း ပိတ်မိနေကြောင်း … Continue reading ကသာမြို့နယ် နတ်လိုင်ကျေးရွာအနီး ABSDF နှင့် စစ်ကောင်စီတို့ တိုက်ပွဲပြင်းထန်နေ