ဆွမ်ပီယန်စစ်ကောင်စီတပ်စခန်းကို KIA တိုက်ခိုက်သိမ်းပိုက်

ပူတာအိုမြို့နယ် ဆွမ်ပီယန်ကျေးရွာရှိ အာဏာသိမ်းစစ်ကောင်စီ၏ တပ်စခန်းတစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော် KIA မှ ယနေ့ နံနက်ပိုင်းတွင် သွားရောက်တိုက်ခိုက် သိမ်းပိုက်ထားပြီဟု သိရသည်။ ဆွမ်ပီယန်ကျေးရွာကုန်းထိပ်တွင်ရှိသော ပြည်သူ့စစ်နှင့် စစ်ကောင်စီ တပ်ပေါင်းစုနေထိုင်သောစခန်းကို ယနေ့နံနက်ပိုင်း ၁၀ နာရီဝန်းကျင်တွင် KIA တပ်မဟာ ၁ လက်အောက် တပ်ရင်း ၇ က သွားရောက် တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆွမ်ပီယန်ဒေသခံတစ်ဦးက KNG သတင်းဌာနကို အတည်ပြုပြောဆိုခဲ့သည်။ “၁၀ နာရီလောက်မှာ စဖြစ်တာ။ KIA က စခန်းဝင်သိမ်းတဲ့တိုက်ပွဲဖြစ်တယ်။ ပထမက လက်နက်ကြီးသံတွေ အရင်ကြားရတယ်။ နောက်တော့ လက်နက်ငယ်တွေပြန်ကြားတယ်။ KIA က စခန်းကို ဝင်သိမ်းထားပြီ။ ဘယ်လိုဖြစ်လာမယ်ကို မသိရသေးဘူး။ ထိခိုက်မှုတွေလည်း မသိရသေးဘူး”ဟု ပြောဆိုသည်။ လက်ရှိတွင် KIA က … Continue reading ဆွမ်ပီယန်စစ်ကောင်စီတပ်စခန်းကို KIA တိုက်ခိုက်သိမ်းပိုက်