ကျိန်ခရန် ဒေသခံများအသုံးပြုသောလမ်းကို ကုမ္ပဏီ ခြံစည်းရိုးကာလိုက်သဖြင့် သွားလာရေးအခက်တွေ့

မြစ်ကြီးနားမြို့နယ် မြစ်ဆုံဒေသ ကျိန်ခရန်ခ (Chying Hkrang Hka Mare) ကျေးရွာတွင် ဒေသခံပြည်သူများ ဖြတ်သန်းသွားလာနေသော လမ်းကို ကချင်လုပ်ငန်းရှင်တစ်ဦးက ခြံကာလိုက်သောကြောင့် အခက်အခဲကြုံတွေ့နေရသည်ဟု သိရသည်။ ကျိန်ခရန်ကျေးရွာတွင် ဒေသခံများ စားဝတ်နေရေးအတွက် နှစ်ပေါင်းများစွာအသုံးပြုနေသည့် လမ်းမကြီး ၄ခုကို JADELAND MYANMAR GROUP OF COMPANIES မှ ခြံစည်းရိုးခတ်လိုက်သောကြောင့် နေ့စဉ်သွားလာရေးတွင် ခက်ခဲနေပြီဟု  ဒေသခံအမျိုးသားတစ်ဦးက KNG သတင်းဌာနကို ပြောဆိုသည်။ “ရွာပတ်ပတ်လည် အားလုံး ထွင်းဖောက်လိုက်တယ်။ အရင်တုန်းကနေ ဒေသခံတွေ သွားလာတဲ့ လမ်း ၄ခု လောက် ပါသွားတယ်။ ပြီးရင် ခြံစည်းရိုးတွေကာလိုက်တော့ သွားလာလို့မရတော့တဲ့အခြေအနေပေါ့လေ။ အခုသူတို့ ပိတ်လိုက်တဲ့ လမ်းတွေက ရွာသားတွေ ဟိုးအရင်ကတည်းကနေ အမြဲသွားလာလှုပ်ရှားနေတဲ့သွားလမ်းတွေဖြစ်တယ်။ အရင်တုန်းကဆို နွားလှည်း၊ … Continue reading ကျိန်ခရန် ဒေသခံများအသုံးပြုသောလမ်းကို ကုမ္ပဏီ ခြံစည်းရိုးကာလိုက်သဖြင့် သွားလာရေးအခက်တွေ့