နမစားရစ်ရွာအား စစ်တပ်မှဝင်ရောက်မီးရိူ့သည့်အပြင် ပြည်သူ ၁၅ဦးထပ်မနည်း ပစ်သတ်ခံထားရ

ဖေဖော်ဝါရီလ ၂၅ရက်နေ့ နံနက် ၅နာရီဝန်းကျင်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ နမစားရစ်ရွာသို့ စစ်ကောင်စီတပ်များ လက်နက်ကြီးများပစ်ခတ်ကာ ဝင်ရောက်လာ၍ လူနေအိမ်များအား မီးရိူ့ဖျက်ဆီးထားသည့်အပြင် ဒေသခံပြည်သူ ၁၅ဦးထက်မနည်း ပစ်သတ်သွားကြောင်း ဒေသသတင်းအရင်းမြစ်နီးစပ်သူများထံမှ သိရသည်။ “တစ်ရွာလုံးနီးပါးရိူ့သွားတယ်လို့သိရတယ်။ ပြီးတော့ ခုနောက်ဆုံးသတင်းရတာတော့ ရွာသားတွေ ၁၅ ယောက်သတ်ခံထားရတယ်လို့လည်းပြန်ကြားရတယ်။ စစ်တပ်က ရွာထဲလက်ကြီးပစ်တော့ ကျည်တွေမှန်ပြီးသေတာ ” လို့ ဒေသရင်းမြစ် နီးစပ်သူတစ်ဦး ကပြောသည်။ ဒေသရင်းမြစ်၏ ပြောပြချက်အရ စစ်ကောင်စီတပ်သည် ယင်းနမစားရစ်ကျေးရွာအတွင်း မီးရိူ့ ပြီးနောက် အနီးရှိကျေးရွာဖြစ်သည့် ဇီးဖြူကုန်း‌ကျေးရွာတွင် ယနေ့နံနက်မှစ၍ ဝင်ရောက်တပ်စွဲနေထိုင်ကြောင်း သိရသည်။ ထို့ကြောင့် လက်ရှိ ယင်းနမရစ်ကျေးရွာမှ ဒေသခံများလည်း ထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်သည့်အတွက် သေဆုံးသူစာရင်း တိတိကျကျ ရယူရန်ခက်ခဲနေဆဲဖြစ်ကြောင်း ဒေသခံနီးစပ်သူတစ်ဦးကပြောသည်။ ” ခုစစ်တပ်က အဲရွာနားတစ်ဝိုက်မှာရှိသေးတယ် အဲတော့ … Continue reading နမစားရစ်ရွာအား စစ်တပ်မှဝင်ရောက်မီးရိူ့သည့်အပြင် ပြည်သူ ၁၅ဦးထပ်မနည်း ပစ်သတ်ခံထားရ