စစ်ကောင်စီ ခြေလျှင်တပ်အား မြို့လှ PDF တပ်မှ မိုင်းဆွဲတိုက်ခိုက်၊ ထိခိုက်သေဆုံးမူရှိနိုင်
စစ်ကိုင်းတိုင်းဒေသကြီး ကသာနယ် ချောင်းဝရွာအနီး သင်္ဘောလုံခြုံရေးယူပေးရန် ခြေလျင်စစ်ကြောင်းဖြင့် ဆင်းလာသည့် စစ်ကောင်စီတပ်ဖွဲ့ကို မြို့လှ PDF တပ်ဖွဲ့က ယနေ့နံနက်ပိုင်း ၆နာရီဝန်းကျင်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်းသိရသည်။ စစ်ကောင်စီတပ် အင်အား ၅၀ခန့်ရှိသည့် စစ်ကြောင်းက မင်းကျောင်းကုန်းရွာမှ ချောင်းဝရွာဖက်သို့ ကန်ဘောင်လမ်းအတိုင်း ထွက်ခွာလာစဉ် လမ်းခုလတ်တောစပ်တနေရတွင် ဗိုလ်မိုဃ်းကြိုး ဦးဆောင်သော မြို့လှ PDF တပ်မှ မိုင်း ၈ လုံးဖြင့် စောင့်ကြိုမိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း PDF ဘက်မှတာဝန်ရှိသူတစ်ဦး KNG သတင်းဌာနကိုပြောဆိုသည်။ “သူတို့ရွှေကူဘက်ကနေ သင်္ဘောထွက်လာပြီဆိုတော့ သင်္ဘောလုံခြုံရေးယူပေးဖို့ ခြေလျင်နဲ့မြစ်ကြောင်းတစ်လျှောက် ထွက်လာတာကို ကျနော်တို့အဖွဲ့ကနေ မိုင်းဆွဲတိုက်ခိုက်လိုက်တာဟုတ်တယ်။ စစ်ကောင်စီဘက်က ထိခိုက်မှုတော့ရှိနိုင်တယ်”ဟုပြောဆိုသည်။ မိုင်းဆွဲတိုက်ခိုက်ခံလိုက်ရသည့် စစ်ကောင်စီတပ်၏ စစ်အင်အား ၅၀ခန့်တွင် ၂ဦးသေဆုံးပြီး ၅ဦးထက်မနည်း ဒဏ်ရာရရှိသွားသည်ဟုသိရသည်။ သို့သော် အဆိုပါ ထိခိုက်သေဆုံးမူနှင့်ပတ်သက်ပြီး … Continue reading စစ်ကောင်စီ ခြေလျှင်တပ်အား မြို့လှ PDF တပ်မှ မိုင်းဆွဲတိုက်ခိုက်၊ ထိခိုက်သေဆုံးမူရှိနိုင်
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed