အရာတော်မြို့နယ်တွင် လူနေအိမ် ၃လုံး စစ်ကောင်စီ မီးရိူ့ဖျက်ဆီး၊ အသက်ကြီးရွယ်အို ၁ဦး မီးထဲသေဆုံး

စစ်ကိုင်းတိုင်းဒေသကြီး အရာတော်မြို့နယ် ပါရမီးကျေးရွာတွင် လူနေအိမ် ၃လုံးကိုစစ်ကောာင်စီတပ်က မီးရိူ့ဖျက်စီးခဲ့ပြီး မီးရိူ့ဖျက်ဆီးမှုတွင် လေဖြတ်နေသည့် အသက်ကြီးရွယ်အို ၁ဦးလည်းမီးလောင်သေဆုံး သွားကြောင်း သိရသည်။ မတ်လ ၂၉ရက် ယနေ့ နံနက်ပိုင်းတွင် စစ်ကောာင်စီစစ်တပ်နှင့် ရဲများသည် အင်အားအများအပြားဖြင့် ပါရမီကျေးရွာအတွင်းသို့ဝင်ရောက်လာပြီး လူနေအိမ်များကို မီးရိူ့ဖျက်ဆီးခဲ့သည်ဟု ပါရမီကျေးရွာဒေသခံတစ်ဦးက KNG သတင်းဌာနကိုပြောဆိုခဲ့သည်။ “အဲ့ဒီစစ်ကောင်စီတပ်တွေက နောင်ကြီးအိုင်မှာတပ်စွဲထားတဲ့အဖွဲ့တွေဖြစ်တယ်။ ဒီဘက်ဝင်လာပြီး အိမ်တွေကိုမီးရိူ့သွားတာဗျ။ ပိုပြီးစိတ်မကောင်းစရာက အိမ်ထဲမှာရှိနေတဲ့ရောဂါသည်ကအဖိုးက မပြေးနိုင်ဘူး မီးထဲပါသွားတယ်”ဟုပြောဆိုသည်။ ရောဂါဝေဒနာကြောင့် မီးလောင်မှုတွင် သေဆုံးသွားသည့် သူမှာ အသက် ၆၂အရွယ်ရှိ ဦးညွှန့်တင့်ခေါ်သူဖြစ်ကြောင်းသိရသည်။ စစ်ကောင်စီက မီးရိူ့ဖျက်ဆီးသွားသော လူနေအိမ် ၃လုံးသည်တစ်ဆက်တည်းတည်ရှိနေခြင်းမဟုတ်ပဲ သီးသန့်တစ်နေရာဆီ ရှိနေခြင်းမှ တစ်အိမ်ချင်းစီ ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးခဲ့ကြောင်းလည်း ဆက်လက်သိရသည်။ အရာတော်မြို့နယ်တွင်လတ်တလော စစ်ကောင်စီတပ်က စစ်ကြောင်းထိုးမှုအရှိန်မြင့်တင်နေကာ လူနေအိမ်များမီးရိူ့ဖျက်ဆီးမှုနှင့် အပြစ်မဲ့အရပ်သားများအား … Continue reading အရာတော်မြို့နယ်တွင် လူနေအိမ် ၃လုံး စစ်ကောင်စီ မီးရိူ့ဖျက်ဆီး၊ အသက်ကြီးရွယ်အို ၁ဦး မီးထဲသေဆုံး