ရှဒေါင် မိဘမဲ့ဂေဟာတွင် ကူညီထောက်ပံ့မှုများ လိုအပ်နေ
မြစ်ကြီးနားမြို့ပြင် ရှဒေါင်ကျေးရွာတွင် ဖွင့်လှစ်ထားသော မေတ္တာပျိုးခင်း (Tsaw Myit Sha-It ) မိဘမဲ့ဂေဟာတွင် အစားအသောက်နှင့်အတူ အခြားကူညီထောက်ပံ့မှု အများအပြားလိုအပ်နေသည်ဟု သိရသည်။ အဆိုပါ မိဘမဲ့ ဂေဟာကျောင်းတွင် ပြည်နယ်အတွင်း မြို့နှင့်ဝေးလံသောကျေးလက်ဒေသမှ ပညာသင်ကြားရန် လာရောက်နေထိုင်သော မိဘမဲ့ကလေးများအတွက် ကိုယ်ထူ ကိုယ်ထစနစ်ဖြင့် ခရစ်ယာန်ဘာသာရေးဆရာ မိသားစုက ပြုစုနေခြင်း ဖြစ်သည်။ လက်ရှိ ထိုဂေဟာကျောင်းတွင် ကလေးငယ်များနေထိုင်သည့် အဆောက်အဦးမှာ အချိန်ကာလ ကြာမြင့်လာသည်နှင့်အမျှ ယိုယွင်းပျက်စီးမှုများဖြစ်ပေါ်လာသည့်အတွက် ကလေးငယ်များ လုံခြုံစွာနေထိုင်ရန် အဆောက်အဦးနှင့် ဂေဟာအတွင်း အခြားအကူအညီများ လိုအပ်နေကြောင်း မိဘမဲ့ ဂေဟာတာဝန်ခံ ဆရာ Galang Dau Dai က KNG သတင်းဌာနကို ယခုလိုပြောဆိုထားသည်။ “ဒီဂေဟာမှာ ရောက်လာတဲ့ ကလေးတွေအားလုံးက အရမ်းခက်ခဲတဲ့နေရာက နေရောက်လာကြတဲ့သူတွေဆိုတော့ … Continue reading ရှဒေါင် မိဘမဲ့ဂေဟာတွင် ကူညီထောက်ပံ့မှုများ လိုအပ်နေ
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed