မြစ်ကြီးနားမြို့တွင် ဆီကို ကန့်သတ်ရောင်းချမှု ရှိနေဆဲ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ ဆီပန့်ဆိုင်များတွင် ယနေ့ ဧပြီလ ၂၁ ရက်နေ့မှ စတင်ကာ စက်သုံးဆီများ ပုံမှန်‌ရောင်းချ‌ပေးနေပြီဖြစ်သော်လည်း ဆိုင်အချို့မှာ ကန့်သတ်ရောင်းချနေသေးကြောင်း သိရသည်။ အဆိုပါ ကန့်သတ်ချက်များမှာ ဆိုင်ကယ်၊ ကားများတွင် ဆီအပြည့်ဝယ်ယူခွင့်ရှိသော်လည်း ပုံးများဖြင့် လာရောက်ဝယ်ယူပါက ဝယ်ယူမည့် ပမာဏာပေါ်မူတည်ပြီး ကန့်သတ်ချက်ထားသေးကြောင်း သိရသည်။ “ဆိုင်ကယ်ဆိုရင်လည်းဆိုင်ကယ်ဆီ အပြည့်ထည့်ပေးတယ်။ ကားဆိုလည်း ကားမောင်းဆီ အပြည့်ထည့်ပေးတယ်။ ဒါပေမဲ့ ပုံးတွေဘာတွေနဲ့ လာဝယ်ရင်တော့ တစ်သောင်းဖိုး နှစ်သောင်းဖိုး ကန့်သတ်ထားတယ်” ဟု ဆီပန့်ဆိုင် အရောင်းဝန်ထမ်း လုပ်ကိုင်နေသူ တစ်ဦးက ဆိုသည်။ ထို့ပြင် ဒေသခံများ၏ ပြောဆိုချက်အရ စက်သုံးဆီဆိုင်အချို့မှ ဆီများအား ပုံမှန်ရောင်းချပေးနေပြီဖြစ်သော်လည်း ပိတ်ထားသည့် ဆိုင်များလည်း များစွာရှိနေသေးကြောင်း သိရသည်။ “ဆီဆိုင်က အားလုံးမဖွင့်သေးဘူး နဂိုဆီထည့်နေကျနေရာတွေပိတ်ထားတော့ တစ်ခြားနေရာကိုသွားပြီး … Continue reading မြစ်ကြီးနားမြို့တွင် ဆီကို ကန့်သတ်ရောင်းချမှု ရှိနေဆဲ