ရှင်ဗွေယန်မြို့တွင် ဖုန်းလိုင်းများပြတ်တောက်နေ
ကချင်ပြည်နယ်၊ တနိုင်းမြို့နယ် ရှင်ဗွေမြို့တွင် ယနေ့နံနက်ပိုင်းမှ ဖုန်းလိုင်းများပြတ်တောက်နေကြောင်း ဒေသခံများထံမှသိရသည်။ ရှင်ဗွေယန်မြို့တွင် ပြည်တွင်းဖုန်းအော်ပရေတာများဖြစ်သည့် MPT၊ Telenor၊ Mytel၊ Ooredoo များအားလုံးအသုံးပြုလျက်ရှိနေပြီး လက်ရှိတွင် ဖုန်းလိုင်းများအားလုံး ပြတ်တောက်နေကြောင်း မြစ်ကြီးနားမြို့တွင်နေရောက်သည့် ရှင်ဗွေယန် မြို့နေအမျိုးသားတစ်ဦးက KNG ကိုပြောသည်။ “မနေ့ကတော့မဆက်မိဘူး။ ဒီနေ့မနက်မှ အိမ်ကလူတွေကိုဖုန်းဆက်တာအကုန် ဖုန်းပိတ်ထားတယ်ပဲဖြစ်နေတာ။ ဒါနဲ့ ဖုန်းအားမရှိကြလို့နေမှာဆိုပြီးတခြားလူတွေကိုဆက်တာ လည်းတစ်ယောက်မှဆက်လို့မရဘူး။ mytel mpt telenor အားလုံးဆက်ပြီးပြီ မရဘူးစက်ပိတ်ထားတယ်ပဲဖြစ်နေတာ”ဟု မြစ်ကြီးနားတွင်ရောက်နေသည့် ယင်းအမျိုးသားကပြောသည်။ KNG သတင်းဌာနအနေဖြင့်လည်း ရှင်ဗွေယန်မြို့ရှိ သက်ဆိုင်ရာဌာနနှင့် ဒေသခံများထံသို့ ဆက်သွယ်မေးမြန်ရန် ကြိုးစားခဲ့သော်လည်း ဆက်သွယ်၍မရဖြစ်နေပါသည်။ ရှင်ဗွေယန်မြို့သည် ကချင်ပြည်နယ်နှင့်စစ်ကိုင်းတိုင်းနယ်စပ် နယ်နမိတ်ချင်းထိစပ်သည့်နေရာတွင်ရှိသည့်မြို့ဖြစ်ပြီး မည်သည့်အကြောင်းကြောင့်ဖုန်းလိုင်းပြတ်တောက်နေသည်ကို စုံစမ်းနေဆဲဖြစ်သည်။ “ဘာလို့လိုင်းပြတ်နေတာလဲတော့မသိတမင်ဖြတ်ထားတာလား။ ရှင်ဗွေယန် ကမြို့သေးသေးလေးပါ။ အေးအေးဆေးဆေးနေနေတဲ့မြို့လေးဟုတ်တယ်။ ဖုန်းလိုင်းဖြတ်စရာအကြောင်းတော့မရှိဘူး။ ရှင်ဗွေယန်နဲ့နီးတဲ့ စစ်ကိုင်းတိုင်းမြို့နန်းယွန်းကတော့ဖုန်းလိုင်းဖြတ်ထားတာကြာပြီ။ … Continue reading ရှင်ဗွေယန်မြို့တွင် ဖုန်းလိုင်းများပြတ်တောက်နေ
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed