,

Breaking News :

ရှဒူးဇွပ် ပြည်သူ့စစ်အဖွဲ့ ထောင်ထားသော မိုင်းနင်းမိသဖြင့် ပြည်သူ ၂ ဦး ဒဏ်ရာရ

သတ်ဖြတ်မှုမကြာခဏ ဖြစ်ပွားနေသော ဖားကန့်ဒေသအကြောင်း လွှတ်တော်ကိုယ်စားလှယ်ဖြင့် မေးမြန်းခြင်း

ဆားလင်းကြီး PDF ရဲဘော် ၂ ဦးဖမ်းဆီးခံရ

ဆိပ်မူအထက်တန်းကျောင်းဝင်းတွင် မိုင်းပေါက်ကွဲမှုဖြစ်ပွား၊ ထိခိုက်ပျက်စီမှုရှိ

တနိုင်းတွင် ချောင်းရေကြီးမှုကြောင့် မြို့ပေါ်ရပ်ကွက် ၃ခုတွင် ရေဝင်ရောက်မှု ကြုံတွေ့နေရ

KIO အုပ်ချုပ်နယ်မြေအချို့တွင် ငှက်ဖျားရောဂါကူးစက်မှု အဖြစ်များနေ

တိုက်ပွဲပြင်းထန်နေဆဲ အင်းတော်- ဗန်းမောက်လမ်း လုံးဝဖြတ်သန်းသွားလာခြင်း မပြုရန် အင်းတော် PDF ထုတ်ပြန်

ကသာမြို့နယ် တစ်ပတ်အတွင်း တိုက်ပွဲများတွင် စစ်ကောင်စီ တပ်သား ၁၀၀ ကျော် သေဆုံး

ကံသစ်တိုက်ပွဲတွင် စစ်ကောင်စီတပ် ၉တန်းကျောင်းသားတစ်ဦးကို ပစ်သတ်သွား

KIA အရာရှိတစ်ဦးကို ပြည်သူ့စစ်အဖွဲ့မှ ပစ်ခတ်ဖမ်းဆီးသွား၊ သေဆုံးမှုရှိနိုင်ဟုဆို

ရှင်ဗွေယန်မြို့တွင် ဖုန်းလိုင်းများပြတ်တောက်နေ

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ် ရှင်ဗွေမြို့တွင် ယနေ့နံနက်ပိုင်းမှ ဖုန်းလိုင်းများပြတ်တောက်နေကြောင်း ဒေသခံများထံမှသိရသည်။

ရှင်ဗွေယန်မြို့တွင် ပြည်တွင်းဖုန်းအော်ပရေတာများဖြစ်သည့် MPT၊ Telenor၊ Mytel၊ Ooredoo များအားလုံးအသုံးပြုလျက်ရှိနေပြီး လက်ရှိတွင် ဖုန်းလိုင်းများအားလုံး ပြတ်တောက်နေကြောင်း မြစ်ကြီးနားမြို့တွင်နေရောက်သည့် ရှင်ဗွေယန် မြို့နေအမျိုးသားတစ်ဦးက KNG ကိုပြောသည်။

“မနေ့ကတော့မဆက်မိဘူး။ ဒီနေ့မနက်မှ အိမ်ကလူတွေကိုဖုန်းဆက်တာအကုန် ဖုန်းပိတ်ထားတယ်ပဲဖြစ်နေတာ။ ဒါနဲ့ ဖုန်းအားမရှိကြလို့နေမှာဆိုပြီးတခြားလူတွေကိုဆက်တာ လည်းတစ်ယောက်မှဆက်လို့မရဘူး။ mytel mpt telenor အားလုံးဆက်ပြီးပြီ မရဘူးစက်ပိတ်ထားတယ်ပဲဖြစ်နေတာ”ဟု မြစ်ကြီးနားတွင်ရောက်နေသည့် ယင်းအမျိုးသားကပြောသည်။

KNG သတင်းဌာနအနေဖြင့်လည်း ရှင်ဗွေယန်မြို့ရှိ သက်ဆိုင်ရာဌာနနှင့် ဒေသခံများထံသို့ ဆက်သွယ်မေးမြန်ရန် ကြိုးစားခဲ့သော်လည်း ဆက်သွယ်၍မရဖြစ်နေပါသည်။

ရှင်ဗွေယန်မြို့သည် ကချင်ပြည်နယ်နှင့်စစ်ကိုင်းတိုင်းနယ်စပ် နယ်နမိတ်ချင်းထိစပ်သည့်နေရာတွင်ရှိသည့်မြို့ဖြစ်ပြီး မည်သည့်အကြောင်းကြောင့်ဖုန်းလိုင်းပြတ်တောက်နေသည်ကို စုံစမ်းနေဆဲဖြစ်သည်။

“ဘာလို့လိုင်းပြတ်နေတာလဲတော့မသိတမင်ဖြတ်ထားတာလား။ ရှင်ဗွေယန် ကမြို့သေးသေးလေးပါ။ အေးအေးဆေးဆေးနေနေတဲ့မြို့လေးဟုတ်တယ်။ ဖုန်းလိုင်းဖြတ်စရာအကြောင်းတော့မရှိဘူး။ ရှင်ဗွေယန်နဲ့နီးတဲ့ စစ်ကိုင်းတိုင်းမြို့နန်းယွန်းကတော့ဖုန်းလိုင်းဖြတ်ထားတာကြာပြီ။ စစ်ကိုင်းတိုင်းနဲ့အရမ်းနီးလို့လားတော့မသိဘူး”ဟုမြစ်ကြီးနားရောက်နေသည့် ရှင်ဗွေယန်ဒေသခံ ဦးအောင်ကိုသန့်(အမည်လွဲ)ကပြောသည်။

ရှင်ဗွေယန်မြို့သည် လီဒိုလမ်းမကြီးပေါ်တွင်ရှိသည့်မြို့ဖြစ်ပြီး ဖုန်းလိုင်းများရသည်မှာ ၆နှစ်ခန့်ရှိပြီဖြစ်သည်။

အဆိုပါ တနိုင်း-ရှင်ဗွေယန်မြို့ သွားသည့် လမ်းမကြီးပေါ်တစ်လျှောက်တွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် စစ်ကောင်စီတပ်တို့ကြား မကြာခဏ တိုက်ပွဲဖြစ်ပွားလျက်ရှိသော ဒေသတစ်ခုလည်းဖြစ်ပါသည်။

Read Previous

မြစ်ကြီးနားမြို့တွင် ဆီကို ကန့်သတ်ရောင်းချမှု ရှိနေဆဲ

Read Next

ပလန ရဲစခန်းတိုက်ခိုက်မှု စစ်ကောင်စီဘက်က ထိခိုက်မှုရှိ၊ လူနေအိမ်တစ်ချို့ထိမှန်

Leave a Reply

Your email address will not be published.