ရွှေကူမြို့မ ရဲစခန်း ထပ်မံပစ်ခတ်ခံရ

ဗန်းမော်ခရိုင် ရွှေကူမြို့ အမှတ်(၃) ရပ်ကွက်ရှိ မြို့မရဲစခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် PDF အဖွဲ့က ဧပြီလ ၂၁ရက်နေ့ ယမန်ည ၁၀ နာရီဝန်းကျင်ခန့်တွင် လက်နက်ကြီးဖြင့် သွားရောက်ပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ KIA နှင့် PDF အဖွဲ့က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အချက်ပေါင်း ၂၀ ထက်မနည်း သွားရောက်ပစ်ခတ်ခဲ့သောကြောင့် ရဲစခန်းအနီးတဝိုက်တွင် ၁၅ မိနစ်ခန့်အကြာ ၂ဖက်တပ် ပစ်ခတ်မှုဖြစ်ပွားခဲ့သည်ဟု ရွှေကူဒေသခံ အမျိုးသားတစ်ဦးက KNG သတင်းဌာနကို ယခုလိုပြောဆိုခဲ့သည်။ “ပစ်ခတ်မှုဖြစ်တာက ပုံမှန်အတိုင်းဘဲ KIA နဲ့ PDF အဖွဲ့က လာပစ်သွားတယ်။ ရဲစခန်းအနီးတဝိုက် ၁၅ မိနစ်လောက်တော့ ပစ်ခတ် မှုတွေဖြစ်ပွားခဲ့တယ်။ ဒါပေမယ့် KIA နဲ့ PDF … Continue reading ရွှေကူမြို့မ ရဲစခန်း ထပ်မံပစ်ခတ်ခံရ