တိုက်ပွဲသတင်း

ရွှေကူမြို့မ ရဲစခန်း ထပ်မံပစ်ခတ်ခံရ

ဗန်းမော်ခရိုင် ရွှေကူမြို့ အမှတ်(၃) ရပ်ကွက်ရှိ မြို့မရဲစခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် PDF အဖွဲ့က ဧပြီလ ၂၁ရက်နေ့ ယမန်ည ၁၀ နာရီဝန်းကျင်ခန့်တွင် လက်နက်ကြီးဖြင့် သွားရောက်ပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

KIA နှင့် PDF အဖွဲ့က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အချက်ပေါင်း ၂၀ ထက်မနည်း သွားရောက်ပစ်ခတ်ခဲ့သောကြောင့် ရဲစခန်းအနီးတဝိုက်တွင် ၁၅ မိနစ်ခန့်အကြာ ၂ဖက်တပ် ပစ်ခတ်မှုဖြစ်ပွားခဲ့သည်ဟု ရွှေကူဒေသခံ အမျိုးသားတစ်ဦးက KNG သတင်းဌာနကို ယခုလိုပြောဆိုခဲ့သည်။

“ပစ်ခတ်မှုဖြစ်တာက ပုံမှန်အတိုင်းဘဲ KIA နဲ့ PDF အဖွဲ့က လာပစ်သွားတယ်။ ရဲစခန်းအနီးတဝိုက် ၁၅ မိနစ်လောက်တော့ ပစ်ခတ် မှုတွေဖြစ်ပွားခဲ့တယ်။ ဒါပေမယ့် KIA နဲ့ PDF အဖွဲ့ လာပစ်သွားပြီး ခဏဆို ပြန်ဆုတ်သွားတယ်။ ရဲစခန်းအတွင်းထဲမှာ ထိခိုက်မှု အခြေအနေတော့ အသေးစိတ်မသိရဘူး။ ဒီမနက်ပိုင်း က ပုံမှန်အတိုင်းဖြစ်နေတယ်”ဟုပြောဆိုသည်။

ယမန်ည ရွှေကူမြို့မရဲစခန်း တိုက်ခိုက်ခံရမှုတွင် ရဲစခန်းဘက်က ထိခိုက်မှုရှိနိုင်ပြီး ရဲစခန်းအနီးတဝိုက်ရှိ လူနေအိမ်များနှင့် ပြည်သူများ ထိခိုက်မှုမရှိခဲ့ကြောင်းလည်း ဆက်လက်သိရသည်။

စစ်တပ်ကအာဏာသိမ်းပြီနောက် ရွှေကူမြို့မရဲစခန်း မကြာခဏ ပစ်ခတ်ခံရလျက်ရှိနေပြီး တစ်နှစ်အတွင်း ၁၀ ကြိမ်ထက်နည်း ပစ်ခတ်ခံရမှုရှိပြီဖြစ်ပါသည်။

အဆိုပါ ရွှေကူမြို့မရဲစခန်း KIA နှင့် PDF မကြာခဏ သွားရောက်ပစ်ခတ်မှုများရှိခဲ့သဖြင့် ရဲစခန်းဘက်လည် ပစ်ခတ်ရာတွင် ရဲစခန်း အနီးတဝိုက် ရှိ လူနေအိမ်တစ်ချို့ လက်နက်ကြီးထိမှန်မှုများလည်းရှိခဲ့သည်။

Show More

Related Articles

Back to top button