စစ်ကောင်စီတပ်နှင့်ပျူစောထီးတပ်စခန်းကို PDF အဖွဲ့ တိုက်ခိုက်၊ စစ်ကောင်စီဘက်၂၀ခန့်သေဆုံးပြီး PDF တပ်သား တစ်ဦးကျ

စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာတွင်တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် ပျူစောထီးများအခြေချနေထိုင်သည့် စခန်းကိုမေလ ၁၁ ရက်နေ့တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များပူးပေါင်းကာ သွားရောက်တိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုများပြားခဲ့ကြောင်းသိရသည်။ မြန်မာ့တော်ဝင်နဂါးတပ်မတော်၊ မုံရွာပြည်သူကာကွယ်ရေးတပ်၊ ပုလဲနယ်တပ်ရင်း (၁) နှင့် နယ်မြေခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက နံနက်ပိုင်း ၁၁ နာရီမှ ညနေပိုင်း ၃နာရီခွဲအထိ သွားရောက်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဘက်မှ ၂၀ ကျော်ထိခိုက်ကျဆုံးခဲ့ပြီး ပြည်သူ့ကာ ကွယ်ရေးတပ်ဘက်မှ တစ်ဦးကျဆုံးခဲ့ကြောင်း ပုလဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦး ကKNG သတင်းဌာနသို့ပြောသည်။ “တိုက်ပွဲကတော်တော်လည်းပြင်းထန်ခဲ့တယ်ဗျ။ အဲ့ဒီမှာ ကျနော်တို့ပြည်သူ့ကာကွယ်ရေးတပ်ဘက်ကတစ်ယောက်ကျတယ်။ ကျဆုံးသွားတဲ့တစ်ယောက်က မုံရွာ PDF အဖွဲ့ဘက်ကပါ။ တစ်ယောက် ကတော့ ထိခိုက်ဒဏ်ရာ ရထားတယ်။ ပထမအကြိမ်တိုက်ပွဲမှာ လေယာဉ်ပစ်ကူလာတယ်ဗျ။ သူတို့ဘက်က အထိနာတော့ မိနစ်လေးဆယ်လောက်လာပစ်တယ်။ လာတော့ သုံးနာရီခွဲလောက်မှာ တပ်ဖြန့်ပြီးတပ်ဆုတ်ခဲ့တယ်ဗျ” ဟု၎င်းကပြောသည်။ စစ်ကောင်စီတပ်ဘက်ကအထိနာခဲ့သည့်အတွက် … Continue reading စစ်ကောင်စီတပ်နှင့်ပျူစောထီးတပ်စခန်းကို PDF အဖွဲ့ တိုက်ခိုက်၊ စစ်ကောင်စီဘက်၂၀ခန့်သေဆုံးပြီး PDF တပ်သား တစ်ဦးကျ