ကုန်ပစ္စည်းတင်ပို့မှု ကန့်သတ်ချက်များကြောင့် ဆော့လော်မြို့နယ်တွင် ကုန်စျေးနှုန်းမြင့်တက်

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မှ ဆော့လော်မြို့နယ်သို့ ကုန်ပစ္စည်းတင်ပို့ရာတွင် လမ်းပန်းဆက်သွယ်ရေး ခက်ခဲနေသောကြောင့် ကုန်စျေးနူန်းများ အဆမတန် မြင့်တက်နေသည်ဟု သိရသည်။ လက်ရှိ လမ်းပန်းဆက်သွယ်ရေး ခက်ခဲနေသည့်အပြင် ကုန်ပစ္စည်းတင်ပို့ရာတွင် စစ်ကောင်စီအောက် နယ်လုံလက်မှတ် မပါပါက ဂိတ်ကြေး ၃ သိန်းဝန်းကျငအထိ ပေးဆောင်ရသည်ဟု အမည်မဖော်လိုသူ ကုန်ပစ္စည်း တင်ပို့သူ က ပြောသည်။ “ကန့်သတ်မှုတွေကတော့ နယ်လုံလက်မှတ် (နယ်စပ်ရေးရာဝန်ကြီးဋ္ဌာနလက်မှတ်) ပါမှ သယ်လို့ရတယ်။ သူတို့ သတ်မှတ် ပေးသလောက်ပေါ့ တစ်ခေါက်နဲ့ တစ်ခေါက်သတ်မှတ်ပေးတဲ့ ပမာဏလည်း မတူဘူး။ အဲ့လက်မှတ် မပါလို့ကတော့ သုံးသိန်းဝန်းကျင်လောက် ဂိတ်ကြေးပေးရတယ်” ဟု ကုန်ပစ္စည်းတင်ပို့နေသည့် အမည်မဖော်လိုသူ ကားသမားတစ်ဦးက ဆိုသည်။ ဆော့လော်မြို့သည် ကိုဗစ် မဖြစ်ခင်ကာလများက ဆန်နှင့် အခြားကုန်ပစ္စည်းများကို တရုတ်ပြည်မှတဆင့် အဓိက … Continue reading ကုန်ပစ္စည်းတင်ပို့မှု ကန့်သတ်ချက်များကြောင့် ဆော့လော်မြို့နယ်တွင် ကုန်စျေးနှုန်းမြင့်တက်