ဆွမ်ပရာဘွမ်လမ်းမကြီးတစ်လျောက် ကျေးရွာအပြင်မထွက်ရန် ဒေသခံများကို စစ်ကောင်စီတပ် ညွန်ကြားထား

ပူတာအိုသို့ ဦးတည်တက်လာသော အင်အား ရာချီပါဝင်သော စစ်ကောင်စီယာဉ်တန်း ဖြတ်သန်းမည့် ဆွမ်ပရာဘွမ် လမ်းမကြီးတစ်လျောက် ကျေးရွာများကို ရွာအပြင်မထွက်ရန် စစ်ကောင်စီတပ်များညွန်ကြားထားသဖြင့် ဒေသခံများ ခက်ခဲမှု ကြုံတွေ့နေရကြောင်း သိရသည်။ ယခုရက်ပိုင်းအတွင်း ဆွမ်ပရာဘွမ့်မြို့နယ် ကျေးရွာ ၄ခုခန့်ကို စစ်ကောင်စီတပ်ဖွဲ့က ကျေးရွာအတွင်းမှ ၂ မိုင်ခန့်ဝေးသော နေရာဘက်သို့ သွားလာခြင်း မပြုလုပ်ကြရန် တားမြစ်ထားသောကြောင့် စားဝတ်နေရေးအတွက် တောင်ယာလုပ်ငန်းလုပ်ကိုင်ရန် ခက်ခဲနေသည်ဟု ဒေသခံအမျိုးသားတစ်ဦးက KNG သတင်းဌာနကို ပြောဆိုသည်။ “ရွာကနေ ၂ မိုင်လောက်ဝေးတဲ့ ဘယ်ဘက်ကိုမှ မသွားကြဖို့ ပြောထားတယ်။ အပြင်မထွက်ဘဲ ရွာထဲမှာနေတာ ၁ပတ်လောက် တောင်ရှိလာပြီ။ ပြဿနာက အခုချိန်မှာက တောင်ယာလုပ်ငန်းတွေ လုပ်နေကြတဲ့အချိန်ဖြစ်တယ်။ သူ့ရာသီအလိုက် စိုက်ပျိုးတဲ့ အချိန်မှာ အချိန်မှီလုပ်ရမှာ ဖြစ်တယ်။ အချိန်က ဘယ်လောက်ထိ … Continue reading ဆွမ်ပရာဘွမ်လမ်းမကြီးတစ်လျောက် ကျေးရွာအပြင်မထွက်ရန် ဒေသခံများကို စစ်ကောင်စီတပ် ညွန်ကြားထား