,

Breaking News :

သတင်းအမှား ဖြန့်ဝေပြောဆိုသည့် ၃ဦးကို KSPP တရားစွဲထား

KIO ဒု ဥက္ကဌ (ငြိမ်း) မှ အစိုးရ လွှတ်တော်ကိုယ်စားလှယ်ဖြစ်လာသူ KSPP ပါတီ ဥက္ကဌ ဒေါက်တာမနမ်တူးဂျာ

ကချင်ပြည်နယ်တွင် ၃ ရက်အတွင်း ကိုဗစ်အတည်ပြုလူနာ ၁၂ ဦးထိတိုးလာ

Covid ကာလ မြစ်ကြီးနားမြို့တွင် စားသောက်ဆိုင် ၁၀၀ ကျော် ပြန်လည်ဖွင့်လှစ်ရန်စီစဉ်နေ

မြစ်ကြီးနား ကွာရန်တင်းစင်တာများအတွက် တစ်လ သိန်း ၁၅၀ ခန့် အသုံးပြုနေ

အမျိုးသမီးများအပေါ်အကြမ်းဖက်မှု ပပျောက်ရေး လှုပ်ရှားမှု မြစ်ကြီးနားတွင် ပြုလုပ်

ဆန်ပြတ်လတ်နေသော ဆော့လော်မြို့နယ်အတွက် အစိုးရက ထောက်ပံ့ပေး

လူစားလှဲမောင်းခြင်းကြောင့် တရုတ်နယ်စပ် မြန်မာကားသမားများ အခက်အခဲတွေ့နေ

ဗန်းမော်မြို့ရှိစစ်ရှောင်များကို ဗန်းမော်မှ ထွက်ပြေးလာသူများမဟုတ်ကြောင်း လက်မှတ်ထိုးခိုင်း

တရားမဝင် တရုတ်နိုင်ငံသား ၄ ဦးကို ဝိုင်းမော်တွင် ဖမ်းဆီး

နေရာအသစ်တွင် ပြန်လည်ထူထောင်ရေးပြုလုပ်ပေးရန် တာလောကြီးဒေသခံများတောင်းဆို

တာလောကြီးဒေသခံ ဘောက်မိုင်

မြစ်ကြီးနားမြို့နယ် တာလောကြီးကျေးရွာတွင် အစိုးရမှနေရပ်ပြန်ရေးစီစဉ်ရာ၌ ယခင်မူလမြေနေရာတွင် မဟုတ်ဘဲ အခြားမြေနေရာတစ်ခုတွင်သာ စီစဉ်ပေးစေလိုသည်ဟု စစ်ရှောင်များက တောင်းဆိုနေကြသည်။

ယခင် ၎င်းတို့မြေနေရာများတွင် နှစ်စဉ် ဧရာဝတီမြစ် ရေကြီးရေလျှံမှုကြုံတွေ့နိုင်သောကြောင့် ပြန်လည်ထူထောင်ရေးတွင် ရေမဝင်နိုင်သော အခြားတစ်နေရာတွင်သာ စီစဉ်ပေးရန် တောင်းဆိုခြင်း ဖြစ်သည်ဟု ဆိုသည်။

“ဒါပေမဲ့ကျွန်မတို့ တာလောကြီးရွာမှာ ကျွန်မတို့ကချင်တွေနေတဲ့ဘက်မှာဆို ပိုပြီးတော့ ရေကြီးတယ်။ နှစ်စဉ်ရေဝင်တယ်။ သုံးနှစ်လေးနှစ် တစ်ခါ ရွာ ၊ နေအိမ်တွေအကုန် နှစ်မြုပ်အောင် ရေကြီးတဲ့အတွက် ပြန်မယ်ဆိုရင် မူလရွာဟောင်းကိုတော့ မပြန်ချင်တော့ဘူး။ နှစ်ဖက်အစိုးရ သဘောတူတဲ့ ရေမဝင်ရောက်တဲ့ မြေလွတ်နေရာ ပြီးတော့ ကျွန်တို့အနေနဲ့ တစ်သက်လုံး လုပ်ကိုင်စားသောက် နေထိုင်နိုင်တဲ့နေရာမျိုး ဖြစ်ချင်တယ်။” ဟု စစ်ရှောင်စခန်းတွင် ရောက်ရှိနေသည့် တာလောကြီးဒေသခံ ဒေါ်မရှီလု က ပြောသည်။

တရုတ်နိုင်ငံက ပထမအကြိမ် ပေးအပ်သော ယွမ် ၄ သန်းကို ကချင်ပြည်နယ်အတွင်း တာလောကြီးကျေးရွာ၊ ဒဘတ်ယန်ကျေးရွာနှင့် နမ်ဆန်ယန်ကျေးရွာတို့တွင် နေအိမ် ၁၉၁ လုံးတည်ဆောက်ရန် ကချင်ပြည်နယ်အစိုးရအဖွဲ့နှင့် ညှိနှိုင်း၍ ဆောင်ရွက် အသုံးပြုသွားမည်ဖြစ်ကြောင်း လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဌာနက ထုတ်ပြန်ထားပြီးဖြစ်သည်။

နေရပ်ပြန်မည့် စစ်ရှောင်ပြည်သူများအနေဖြင့်လည်း ငြိမ်းချမ်းရေးအာမခံချက်မရှိဘဲ ပြန်လည်စတင်ထူထောင်ရေးအတွက် စိုးရိမ်မှုများရှိသကဲ့သို့ နေရပ်ပြန်ဖို့ ဆုံးဖြတ်ချက်ချနိုင်ရန် ခက်ခဲနေကြောင်း ဆိုသည်။

ထို့အပြင်တာလောကြီးကျေးရွာတွင် ပြည်သူ့စစ်အဖွဲ့လည်းရှိနေသောကြောင့် နေရပ်ပြန်မည့်စစ်ရှောင်များအနေဖြင့်လည်း စိုးရိမ်မှုများရှိနေသည်။

တာလောကြီးကျေးရွာသည် အိမ်ခြေ ထောင်ချီရှိသော ကျေးရွာဖြစ်ပြီး တိုက်ပွဲကြောင့် ဒေသခံများသည် ကချင်လွတ်လပ်ရေးအဖွဲ့ KIO နယ်မြေ နှင့် အစိုးရထိန်းချုပ်မြေသို့ထွက်ပြေးကာ တိမ်းရှောင်ခဲ့ရသည်။

နေရာအသစ်တွင် ပြန်လည်နေရာချပေးမည်ဆိုပါက ယခုနေရပ်ပြန်မည့်သူများတွင် အစိုးရထိန်းချုပ်နယ်မြေမှ အိမ်ထောင်စု ၃၀၀ ကျော် ရှိနိုင်ကြောင်း လက်ရှိ မြစ်ကြီးနားစံပြစစ်ရှောင်စခန်းရှိ ဒေါ်ဂျာဒွဲက သုံးသပ်ပြောဆိုသည်။ သို့သော်လည်း ကချင်လွတ်လပ်ရေးအဖွဲ့ KIO နယ်မြေတွင်ရှိသော အိမ်ထောင်စုများ၏ နေရပ်ပြန်ရေးအခြေအနေကိုမူ မသိရသေးပေ။

၂၀၁၁ ခုနှစ်တစ်ကျော့ပြန်ကချင်စစ်ပွဲများကြောင့် ကချင်ပြည်နယ်နှင့် ရှမ်းမြောက်တွင် ကချင်စစ်ပြေးဒုက္ခသည် ၁ သိန်းကျော်ရှိနေဆဲဖြစ်သည်။

Read Previous

NLD ပါတီကို ကန့်ကွက်ဝေဖန်သည့် စာများ ပြန့်ကျဲထား

Read Next

နေရပ်ပြန်ရေးအစီစဉ်အပေါ် စစ်ရှောင်များ၏ အသံ

Leave a Reply

Your email address will not be published. Required fields are marked *