တိုက်ပွဲ
-
Sep- 2026 -22 September
ခေါင်လန်ဖူးမှာ တိုက်ပွဲဆက်ပြင်းထန်နေ
ကချင်ပြည်နယ် ခေါင်လန်ဖူးမြို့နယ်ထဲက စစ်တပ်နဲ့ ခေါင်လန်ဖူးပြည်သူ့စစ် ပူးပေါင်းတပ်တွေရဲ့ အရေးပါတဲ့ ရဟတ်ယာဉ်ကွင်းပါစခန်းကုန်းကို သိမ်းပိုက်ခံရပြီးနောက် နှစ်ဖက်တပ်တိုက်ပွဲဆက်ပြင်းထန်နေတယ်လို့ ကာကွယ်ရေးတပ်တွေဆီကနေ သိရပါတယ်။
Read More » -
14 September
ကောင့်ဂျာယန်တိုက်ပွဲမှာ စစ်ကြောင်းတစ်ခုလုံးနီးပါးပြုတ်
ဗန်းမော်မြို့ကို စစ်သင်္ဘောတချို့ ရောက်ရှိလာပြီးနောက် စစ်ရေးလှုပ်ရှားလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို KIA ပူးပေါင်းတပ်တွေက ကောင့်ဂျာယန်ဘက်မှာ ဝိုင်းရံပိတ်ဆို့တိုက်ခိုက်ခဲ့ရာ စစ်ကြောင်းတစ်ခုလုံးနီးပါး ပြုတ်သွားတဲ့အထိ ထိခိုက်မှုများခဲ့တယ်လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ်တစ်ဦးက KNG ကို ပြောပါတယ်။
Read More » -
11 September
ခေါင်လန်ဖူးဒေသမှာ စစ်တပ်ရဲ့ ထိုးစစ်ကြောင့် တိုက်ပွဲဆက်ပြင်းထန်နေဆဲ
ကချင်ပြည်နယ် ခေါင်လန်ဖူးဒေသမှာ စစ်ကောင်စီတပ်၊ ခေါင်လန်ဖူးဌာနေပြည်သူ့စစ်နဲ့ KIA ပူးပေါင်းတပ်တွေကြား တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတယ်လို့ ဒေသခံတွေနဲ့ KIA ရှေ့တန်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More » -
Aug- 2026 -30 August
တွဲတွန်းသင်္ဘောတစ်စီး KIA သိမ်းပိုက်ပြီးနောက် ရွှေကူမှာလေကြောင်းတိုက်ခိုက်မှု ပြင်းထန်လာ
ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်ဘက်ကို ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်သင်္ဘောအုပ်စုထဲမှာပါဝင်တဲ့ တွဲတွန်း သင်္ဘောတစ်စီးကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ ပူးပေါင်းတပ်တွေက သိမ်းပိုက်ခဲ့ပြီးနောက် ရွှေကူမြို့နဲ့ အနီးတစ်ဝိုက် မှာ စစ်တပ်ကလေကြောင်းတိုက်ခိုက်မှုတွေ ပြင်းပြင်းထန်ထန်ပြုလုပ်နေတယ်လို့ဒေသခံတွေက ပြောပါတယ်။ သိမ်းပိုက်ခံရတဲ့ တွဲတွန်းသင်္ဘောဟာ…
Read More » -
26 August
မှတ်တိုင် ၃၀ ဘက် စစ်ကောင်စီပူးပေါင်းတပ် ထိုးစစ်အရှိန်မြှင့်
ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ခေါင်လန်ဖူးဌာနေပြည်သူ့စစ် ပူးပေါင်းတပ်တွေက နယ်စပ်မှတ်တိုင် ၃၀ ဘက်ကို ဒီရက်ပိုင်းအတွင်း ထိုးစစ်အရှိန် မြှင့်နေတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။
Read More » -
13 August
ကချင်ဒေသထဲက ဗန်းမော်၊ ရွှေကူအပါ မြို့နယ် ၅ ခု မှာ တိုက်ပွဲပုံမှန်ဖြစ်နေ
ကချင်ပြည်နယ်ထဲက မြို့နယ် ၅ ခုမှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေကြား စစ်ရေးတင်းမာမှုဖြစ်နေပြီး တိုက်ပွဲပုံမှန်ဖြစ်ပွားလျက်ရှိနေတယ်လို့ KIO ပြောပါတယ်။
Read More » -
12 August
မိုးမိတ်မြို့ပြင်မှာ စစ်တပ် နဲ့ KIA ပူးပေါင်းတပ်များ တိုက်ပွဲဖြစ်
ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့ပြင်မှာ စစ်တပ်က ထိုးစစ်ဆင်လာတာကြောင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ တိုက်ပွဲဖြစ်ပွားပြီး စစ်ရေးဆက်လက် တင်းမာနေတယ်လို့ သိရပါတယ်။
Read More » -
8 August
ရွှေကူမှာတိုက်ပွဲတွေ ဆက်ဖြစ်နေ
ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်အတွင်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်တွေက ရွှေဘုန်းမြင့်ကျေးရွာက စစ်တပ်ရဲ့ ရှေ့တန်းစခန်းတစ်ခုကို သိမ်းပိုက်ပြီးနောက် နှစ်ဖက်တပ်တို့ထိတွေ့တိုက်ပွဲတွေ ဆက်လက်ဖြစ်နေပြီး စစ်တပ်က လေကြောင်း အသုံးပြုတာနဲ့ ရိက္ခာဖြည့်တင်းတာတွေဆက်လုပ်နေတယ်လို့ ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
Read More » -
5 August
ရွှေကူတိုက်ပွဲမှာ အရေးပါတဲ့ စစ်တပ်စခန်းတစ်ခုကို သိမ်းပိုက်နိုင်ကြောင်း KIO ပြော
စစ်ရေးတင်းမာနေတဲ့ ကချင်ပြည်နယ် ရွှေကူမြို့နယ်ထဲမှာ စစ်ကောင်စီတပ်ရဲ့ အရေးပါတဲ့ ရှေ့တန်းခြေကုတ်စခန်းတစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) က ပြောပါတယ်။
Read More » -
Jul- 2026 -18 July
ထီးချိုင့်–ကသာလမ်းပိုင်းမှာ တိုက်ပွဲပြန်ပြင်းထန်
စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်နဲ့ ကချင်ပြည်နယ်အစပ် ထီးချိုင့်-ကသာလမ်းပိုင်း ကျောက်မှော်ရွာအနီးမှာ တိုက်ပွဲတွေ ပြန်လည်ပြင်းထန်နေပြီး လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ရှိနေတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
Read More »