“၂၀၂၅ နှစ်ထဲမှာ သိမ်းပိုက်ရရှိတဲ့ စစ်တပ်နေရာတွေရှိပါတယ်။ စစ်တပ်ဘက်က ထိုးစစ်ဆင်တိုက်ခိုက်နေပေမယ့် ကျနော်တို့ဘက်က ပြန်ပြီးခုခံတိုက်ခိုက်နိုင်နေတာဖြစ်တယ်။ ဆက်ပြီးတော့လည်း ဗန်းမော်တိုက်ပွဲပြီးစီး အောင်မြင်သွားတဲ့အထိ တိုက်ခိုက်သွားဖို့ပဲရှိတယ်”လို့ပြောပါတယ်။
Read More »
ဖားကန့်မြို့လုံးခင်းနဲ့ မှော်ဆီစာကျေးရွာနှစ်ခုကြားရှိ အများပြည်သူပိုင်သင်္ချိုင်းမြေနဲ့ ဆေးရုံမြေနေရာဖျက်ဆီးပြီး မြေကွက်ရိုက် ရောင်းချပေးတာတွေရှိနေတာကြောင့် ဖားကန့်ပြည်သူတွေကန့်ကွက်နေကြပါတယ်။ လက်ရှိ မြေတူးဖော်ရှင်းလင်းပြီး အကွက်ရိုက်ရောင်းချပေးတဲ့နေရာဟာ ရုပ်အလောင်းတွေ သဂြိုလ်မြှုပ်နှံထားတဲ့ သင်္ချိုင်းမြေဖြစ်တဲ့အပြင် သင်္ချိုင်းမြေနဲ့ တစ်ဆက်တည်းရှိတဲ့ လုံးခင်းတိုက်နယ်ဆေးရုံမြေနေရာအထိ ကျူးကျော်ပြီး လုပ်ဆောင်နေတယ်လို့ ဖားကန့် ပြည်သူတွေပြောပါတယ်။ သင်္ချိုင်မြေဖျက်ဆီးရှင်းလင်းလိုက်တဲ့နေရာမှာ မြေကွက်ရိုက်တိုင်းတာပြီး လုပ်ငန်းရှင်တွေကို ဖြည်းဖြည်းချင်းစီရောင်းချပေးတယ်လို့ ကန့်ကွက်တဲ့ ဖားကန့်ပြည်သူအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “သင်္ချိုင်းမြေတူးတာက ဘယ်လောက်ဆိုးလဲဆိုရင် တကယ့်လူသေရုပ်အလောင်း အရိုးတွေပေါ်တဲ့အထိတူးတာ။ ဒီသင်္ချိုင်းမြေနေရာက အပေါ်လမ်းအောက်လမ်းဆိုပြီးရှိတာ။ လူသေမြှုပ်တာက အပေါ်ဘက်ကနေ မြှုပ်ကြတာ။ အဓိက မြေနေရာက တန်းဖိုးရှိတော့ အောက်လမ်းခြေရင်းကနေ တူးဖော်တာ။ ပြီးရင် အောက်လမ်းကအရမ်းစီတာ။ အဲ့မှာအကွက်ရိုက်ပြီးတော့ ဆီဆိုင်ဖွင့်တယ်။ ဒီတိုင်းအကွက်ရိုက်ရောင်းတာတွေရှိတယ်။ ဒီဟာကို KIO လုပ်ဆောင်ပေးတယ်။ လုပ်ငန်းရှင်တွေကဝယ်တယ်”လို့ပြောပါတယ်။ အများပိုင်သင်္ချိုင်းမြေနေရာဖျက်ဆီးရောင်းချဖို့ စက်ယန္တရားကြီးတွေနဲ့ဖဲ့ထွင်ရှင်းလင်းတဲ့လုပ်ငန်းဖော်ဆောင်မှုကို ပြီးခဲ့တဲ့ ၂၀၂၅ နှစ်ဆန်းပိုင်းကနေ ဖားကန်ပြည်သူတွေစတင် မြင်တွေ့လာရတာဖြစ်ပြီး ဇွန်းလနောက်ပိုင်း ပိုပြီးဆိုးရွာလာတယ်လို့ သိရပါတယ်။ ဖားကန့်ပြည်သူတွေရဲ့ ပြောဆိုချက်အရ ဒီလုပ်ငန်းစဉ်တစ်ခုလုံးကို KIA တပ်မဟာ (၉) ကနေ တိုက်ရိုက် ညွန်ကြားနေတာဖြစ်ပြီး ကျေးရွာအတွင်းက ရပ်မိရပ်ဖတစ်ချို့နဲ့ ပူးပေါင်းဆောင်ရွက်နေတာဖြစ်တယ်လို့ပြောပြပါတယ်။ ပြီးခဲ့တဲ့ ဇွန်လအထိ သင်္ချိုင်းမြေတူးဖော်လိုက်တဲ့နေရာမှာ အများပြည်သူ ပွင့်လင်းမြင်သာမှုမရှိဘဲ အပြင်ကနေ ကြည့်လို့မရအောင် သွပ်အဖြူနဲ့ ခြံခပ်ထားပြီး အထဲကနေ ဖြည်းဖြည်းချင်းစတင်လုပ်ဆောင်လာဖြစ်တယ်လို့ သိရပါတယ်။ အဲဒီဇွန်လအတွင်းမှာပဲ မြေတူးဖော်လိုက်တဲ့နေရာမှာ ရုပ်အလောင်းတွေ တစ်ပိုင်းတစ်စထွက်ပေါ်လာတာကြောင့် ပြည်သူလူထုကြားမှာ ဝေဖန်ပြောဆိုမှုမြင့်တက်ခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် နှစ်လဝန်းကျင်ခန့် လုပ်ငန်းစီမံကိန်း ရပ်နားထားပြီး စက်တင်ဘာလကနေ တဖန်ပြန်လည်လုပ်ဆောင်နေတာဖြစ်တယ်လို့ အထက်ပါပြောဆိုတဲ့ အမျိုးသားက ဆက်ဆိုပါတယ်။ “၈လပိုင်း ၊ ၉ လပိုင်းလောက်ကနေ ပြန်စနေတယ်။ အခုဆိုရင် နေ့ဘက်အလုပ်မလုပ်ဘူးနားကြတယ်။ အခုနောက်ပိုင်းဆို ညမထွက်ရ အမိန့်တွေလည်းရှိနေတတော့ လူမထွက်ကြတဲ့အချိန် ညဘက်မှာပဲ တိတ်တိတ်လေးလုပ်နေကြတယ်။ ဒီနေရာတွေက အရမ်းနေရာကောင်းတော့ တစ်ကွက်ကို နှစ်ထောင်၊ သုံးထောင်တော့ပေါက်မှာပဲ။ အခုနောက်ဆုံးလုပ်နေတဲ့ နေရာဆိုရင် ဆီဆိုင်ဖွင့်ဖို့ လုပ်နေကြတယ်လို့ပြောတယ်။ နောက်ပြီး သင်္ချိုင်းမြေကျူးကျော်ထားတဲ့ နောက်တစ် ဆိုင်လည်းရှိသေးတယ်”လို့ပြောပါတယ်။ မြေကွက်ရိုက်ရောင်းချမှုမှာ တစ်ကွက်စာကို ပေ ၃၀ နဲ့ ၄၀ ကြားမှာရှိပြီး မြေကွက်တစ်ခုရဲ့ လက်ရှိပေါက်စျေး သိန်း နှစ်ထောင်နဲ့ သုံးထောင်ကြားမှာရှိတယ်လို့ သိရပါတယ်။ နှစ်ပေါင်းကြာရှည်အသုံးပြုလာတဲ့ လုံးခင်းသင်္ချိုင်းမြေစုစုပေါင်းဧရိယာ ၅ ဧကခန့်ကျယ်ဝန်းပြီး လက်ရှိမှာ ၅ ပုံတစ်ပုံခန့် မြေတူးဖော်အကွက်ရိုက်ရောင်းချလိုက်ပြီးတော့ လုံးခင်းဆေးရုံမြေနေရာလည်း ထက်ဝက်ခန့် ပါသွားပြီလို့ နောက်ထပ် ဖားကန့်ပြည်သူ တစ်ဦးက ဆက်ပြီးပြောပြလာပါတယ်။ “မှန်ပါတယ် ဆေးရုံခြမ်းလည်းပါသွားပြီ။ ‘ဂျိတ်လက်’ဆိုတဲ့စျေးဆိုင်တစ်ခုလည်း ဆေးရုံဧရိယာခြမ်းဘက်ဖြစ်တယ်။ အခုပြောနေတဲ့ သုသာန်နေရာတွေကော အဲ့တစ်ကြောက မြေနေရာအားလုံးပါသွားပြီ။ သူတို့ အောက်လမ်းဘက်ကနေ စားလာတာ။ မြေကွက်ရိုက်တယ်။ စားသောက်ဆိုင်တွေဖွင့်တယ်။ ဆေးရုံကုန်း၊ သင်္ချိုင်းကုန်း ကုန်းပေါ်ရဲ့ အောက်ဘက်ခြမ်းကို ကပ်စားပြီးမြေကွက်ရိုက်တဲ့သဘောပါ။ မှော်ဆီစာနဲ့ နည်းနည်းကပ်တဲ့ အောက်လမ်းသုသာန်မြေမှာတော့ စားထားတဲ့ဟာတွေက အခုချိန်အထိ မြေကွက်ပုံဖော်နေတုန်းပါ”လို့ပြောပါတယ်။ လက်ရှိ အကွက်ရိုက်တဲ့နေရာဟာ လုံးခင်းရွာမိန်းလမ်းမကြီးကနေ သင်္ချိုင်းမြေဧရိယာထဲ ပေ ၅၀ နဲ့ ၁၀၀ ဝန်းကျင်တိုးချဲ့ကျူးကျော်ထားတယ်လို့ပြောပါတယ်။…
Read More »
စစ်ကိုင်းနဲ့ကချင်အစပ် ကသာမြို့နယ် နမ့်စမ်းကျေးရွာက အလယ်တန်းကျောင်းလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခံရလို့KG တန်းစာသင်ဆောင်တစ်ခုလုံးနဲ့ ၂ထပ်ဆောင်တစ်ခုအနည်းငယ်ပျက်ဆီးခဲ့ရတယ်လို့ဒေသခံတွေကပြောပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၇ ရက်နေ့ ညပိုင်း ၇ နာရီဝန်းကျင်လောက်မှာ စစ်ကောင်စီရဲ့ ဂျက်ဖိုက်တာအမျိုးအစား လေယာဥ်နဲ့ ဗုံး၂လုံး အသုံးပြုကြဲချခဲ့တာဖြစ်ပြီး ကျောင်းကပိတ်ထားတာကြောင့် လူထိခိုက်မှုတစ်စုံတစ်ရာမရှိခဲ့ဘူးလို့သိရပါတယ်။ လေကြောင်းတိုက်ခိုက်ခံရတဲ့…
Read More »
ကချင်ပြည်နယ် ပူတာအိုမြို့နယ်ထဲက နာမ့်စဘွမ်ရွှေမှော်မှာ စက်ယန္တရားတစ်ချို့နဲ့ရွှေလုပ်သားတစ်ချို့စစ်ကောင်စီဖမ်းဆီးထားကြောင်း ဒေသခံများထံမှ သိရပါတယ်။ ဒီဇင်ဘာလ ၉ ရက် မနက်ပိုင်း ၁၀ နာရီဝန်းကျင် အင်အား ၃၀ ဝန်းကျင်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ပူတာအိုမြို့အရှေ့ဘက်ရှိ နမ့်စဘွမ်နဲ့နမ့်ခမ်းရွှေမှော်ထဲဝင်ရောက်လာပြီး ဖမ်းဆီးသွားတာဖြစ်တယ်လို့ နမ့်စဘွမ်ကျေးရွာနေအမျိုးသားတစ်ဦး KNGကိုပြောပါတယ်။ “မျက်စိရှေ့မှာတော့ ဘတ်ဖိုးနှစ်စီးဖမ်းသွားတယ် နောက်ထပ်ဘယ်နှစ်စီးဖမ်းခံရလဲအတိအကျတော့မသိရဘူး။ ပြီးတော့ ရွှေကျင်းက ကျင်းသားခြောက်ယောက်ဖမ်းသွားတယ်”လို့ သူကပြောပါတယ်။ စစ်ကောင်စီစစ်သားတွေဟာ နမ့်စဘွမ်ရွှေမှော်ထဲက ဘတ်ဖိုးယာဥ်နှစ်စီးထက်မနည်းနဲ့ ရွှေလုပ်သားအမျိုးသား ၆ ဦးကိုလည်း ဖမ်းဆီးသွားကြောင်းသိရပါတယ်။ “ပြန်လွတ်လာတာတော့မကြားမိသေးဘူး စစ်သားတွေရုတ်တရက်ဝင်လာတော့အကုန်ထွက်ပြေးကြတာ အခုလောလောဆယ်ရွှေမှော်တွေအကုန်ပိတ်ထားတယ်”လို့အထက်ဖော်ပြပါနမ့်စဘွမ်ကျေးရွာနေအမျိုးသားကဆက်ပြောပါတယ်။ အလားတူမနေ့ကတစ်ရက်တည်းမှာပဲ ပူတာအိုမြို့အနောက်ဘက်ခြမ်းက မကျော့ဝါ၊နာမ်ဟော်စတဲကျေးရွာတွေဘက်က ရွှေမှော်တွေမှာလည်း စစ်ကောင်စီစစ်သားတွေဝင်ရောက်လာပြီး အရပ်သားတစ်ချို့ဖမ်းခံရတာရှိတယ်လို့ သတင်းထွက်ပေါ်နေပေမယ့် အချက် လက်အတိကျ ရရှိဖို့ခက်ခဲနေဆဲဖြစ်ပါတယ်။ စစ်ကောင်စီတပ်က အခုလိုဝင်ရောက်ဖမ်းဆီးမှုတွေကြောင့် ပူတာအိုမြို့မြို့နယ်ထဲက ရွှေမှော်အများစု ပိတ်ထားရကြောင်းသိရပါတယ်။ လက်ရှိပူတာအိုဒေမှာ တူးဖော်နေကြတဲ့ရွှေလုပ်ကွက်တွေဟာ တရားမဝင်ရွှေလုပ်ကွက်တွေပဲဖြစ်ပါတယ်။ စစ်အာဏာမသိမ်းမှီက ပူတာအိုဒေသမှာ လက်လုပ်လက်စားရွှေတူးဖော်မှုအဆင်သာရှိခဲ့ပေမယ့် စစ်အာဏာသိမ်းနောက်ပိုင်းကနေတော့ စက်ယန္တရားကြီးတွေနဲ့ရွှေတူးဖော်မှုတွေအများအပြားရှိခဲ့ပြီးလက်ရှိအချိန်ထိဖြစ်ပါတယ်။ ရွှေတူးဖော်မှုတွေကြောင့် ပူတာအိုဒေသထဲက လယ်ယာတွေနဲ့ မြစ်ချောင်းအင်းအင်ပျက်စီးမှုနှုန်းပိုပြီးဆိုးရွာလာနေတာဖြစ်ပါတယ်။ By – Zaw Zaw
Read More »