About Us
နောက်ခံသမိုင်းကြောင်း
ကချင်သတင်းဌာန KNG သည် လွတ်လပ်သော တိုင်းရင်းသားမီဒီယာတစ်ခုဖြစ်ပြီး ၂၀၀၃ ခုနှစ်တွင် ဒီမိုကရေစီလိုလားသော ကချင်ကျောင်းသားလူငယ်များဖြင့် အိမ်နီးချင်းနိုင်ငံဖြစ်သော အိန္ဒိယတွင်ဖွဲ့စည်းခဲ့သောအဖွဲ့ဖြစ်သည်။ ၁၉၈၈ အရေးအခင်းနှောင်းပိုင်း ကချင်ပြည်နယ်နှင့် ကချင်ဒေသတွင် ပထမဆုံး သတင်းထုတ်ဝေဖော်ပြသော မီဒီယာဖြစ်သည်။ နောက်ပိုင်းတွင် ရုံးချုပ်ကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့သို့ ပြောင်းရွှေ့ခဲ့ပြီး ၂၀၁၇ တွင် ကချင်ပြည်နယ် မြစ်ကြီီီီးနားမြို့တွင် ထပ်မံဝင်ရောက်ကာ အလုပ်လုပ်ချဲ့ထွင်ခဲ့ပါသည်။
၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်တွင်းရှိ လွတ်လပ်သော မီဒီယာများကို စစ်ကောင်စီက ဖမ်းဆီးမှုများပြုလုပ်လာသောကြောင့် KNG အနေဖြင့်လည်း ၎င်း၏ ရုံးခန်းများကို ဘေးလွတ်ရာသို့ ပြောင်းရွေ့ကာ လုပ်ကိုင်နေဆဲဖြစ်သည်။
ဆက်သွယ်ရန်
Email: kngreporting@gmail.com
Tel: (+95)9440260455
Facebook Messenger: http://m.me/theKachinNews