,
ကချင်ပြည်နယ်တွင် မြို့နယ်ပေါင်း (၁၈) မြို့နယ်အတွင်း ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ ဧပြီ ၃၀ ရက်နေ့ အထိ ကိုဗစ်-၁၉ ပိုးကူးစက်သူ စုစုပေါင်း (၆၀၅၇) ဦး ရှိလာသည့်အပြင် သေဆုံးသူ (၆) ဦး ထိရှိပြီ ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်နှင့် လူမူကူညီရေးအသင်းများထံမှ သိရသည်။ သို့သော် အဆိုပါစာရင်းများသည် စစ်ကောင်စီတပ်အောက်ရှိ ကျန်းမာရေးဝန်ကြီးဌာန၏ စာရင်းတစ်ခုသာဖြစ်ပြီး လက်ရှိ နိုင်ငံရေးအခြေအနေကြား မြို့နယ်…
မြန်မာ-တရုတ်နယ်စပ် ကချင်ပြည်နယ် လွယ်ဂျယ်နယ်စပ် ကုန်သွယ်ရေးဂိတ်နှင့်နီးစပ်သည့် တရုတ်ပြည် ဘက်ခြမ်းတွင် ယခုရက်ပိုင်း အိုမီခရွန် ဗိုင်းရပ်စ်ပိုးတွေ့နှုန်းမြင့်မားနေသောကြောင့် ကုန်သွယ်ရေးဂိတ်ကို တရုတ်အစိုးရဘက်မှ ရက်အကန့်သတ်မရှိ ပိတ်လိုက်ကြောင်း သိရသည်။ လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးဂိတ်နှင့်နီးစပ်သည့် တရုတ်ပြည်ဘက်ခြမ်းရှိ လုံချောင်ခရိုင်ရှိ (Longchuan) လာရင်း (LAYING)၊ နမ်းဟုန်း(NONGHONG) မြို့နှင့် အနီးဝန်းကျင်ရှိမြို့များတွင် မတ်လ ၁၀ ရက်ကျော်ခန့်ကစတင်ပြီး အိုမီခရွန် ဗိုင်းရပ်စ်ပိုးတွေ့နှုန်းမြင့်မားလာသောကြောင့် ပိတ်လိုက်ကြောင်း ဗန်းမော်ခရိုင် သီးနှံစိုက်ပျိုးထုတ်လုပ်သူများအသင်းမှ တာဝန်ရှိသူတစ်ဦးကဆိုသည်။ “ပိတ်ထားတာက လေးရက်ရှိပြီ ဘယ်လိုကြောင့်လဲဆိုရင်တော့…
ကိုဗစ်-၁၉ မျိုးရိုးဗီဇကွဲ အိုမီခရွန်ပိုးဟာ ကချင်ပြည်နယ်ထဲ မိသားစုတိုင်းလိုလို ကြုံတွေ့ခံစားနေရပြီး အများစုကတော့ တစ်ပတ်အကြာဆို ပြန်လည်သက်သာလာကြာတာ များပါတယ်။ Omicron ဟာ ကိုဗစ် တတိယလှိုင်း ရိုက်ခတ်သွားတဲ့ Delta အမျိုးအစားနဲ့ ကွဲပြားပါတယ်။ ရောဂါအခြေအနေ မပြင်းထန်ဘူး ဆိုပေမဲ့ နောက်ဆက်တွဲ ပြဿနာတော့ ရှိစမြဲဖြစ်ပါတယ်။ ဖျားနာပြီး ပြန်လည် သက်သာလာပေမယ့် ချောင်းဆိုးတဲ့ ပြဿနာနဲ့ ရင်ဘတ်အောင့်တာတွေ ကျန်နေတတ်ပါတယ်။ နောက်ဆက်တွဲခံစားရတဲ့ ပြဿနာတွေကတော့ အရင်လို လူကို…
ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဌာနချုပ် လိုင်ဇာမြို့ရှိ အသက် ၁၂ အရွယ် ကလေးများကို ယခုမတ်လမှ စတင်ကာ ကိုဗစ်-၁၉ ကာကွယ်ဆေး တတိယအကြိမ်အဖြစ် Booster Dose စတင်ထိုးနှံပေးနေပြီဖြစ်ကြောင်း လိုင်ဇာမြို့ KIO ကိုဗစ်ကာကွယ်ထိန်းချုပ်ရေးကော်မတီ မှ သိရသည်။ ၁၂ နှစ်ပြည့်ပြီး သူများအား ကိုဗစ်ရောဂါပိုး ရှိမရှိ Swab စစ်ဆေးပြီးနောက် Negative ဖြစ်သူများနှင့် ကျန်းမာရေးကောင်းမွန်သူများကိုသာ Booster Dose တတိယအလုံး ထိုးပေးတာဖြစ်ကြောင်း…
ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဌာနချုပ် လိုင်ဇာမြို့တွင် covid-19 ကူးစက်ခံရသူများတွင် အိုမီခရွန် – Omicron အမျိုးအစား ကူးစက်ခံရသူမှာ ၇၀ ရာခိုင်နှုန်းထိ ပါဝင်နေကြောင်း လိုင်ဇာကိုဗစ်ကာကွယ်ရေးကော်မတီမှ သိရသည်။ “ ကျနော်တို့ ကိုဗစ် စတုတ္ထလိုင်းမှာ Positive ဖြစ်တဲ့သူ ၃ ပုံမှာ ၂ ပုံ ၊ ၇၀ % လောက်က အိုမီခရွန်ရောဂါ လက္ခဏာ ဖြစ်နေတာဆိုတော့ အရင်ကထက်ပိုပြီး ဂရုစိုက်ရမယ်။…
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ယမန်နေ့ ဖေဖော်ဝါရီ ၂၄ ရက်နေ့ တစ်ရက်တည်းတွင် ကိုဗစ်ကြောင့် သေဆုံးသူ သုံးဦး ရှိခဲ့ပြီး တစ်ပြည်နယ်လုံးကိုဗစ်- ၁၉ကူးစက်ခံရသူ ၂၀၀ ကျော်အထိရှိခဲ့ကြောင်းသိရသည်။ သေဆုံးသူမှာ အသက် ၃၇ နှစ်အရွယ်ရှိအမျိုးသားတစ်ဦး၊ အသက် ၄၅နှစ်အရွယ်ရှိ အမျိုးသားနှင့် အသက် ၄၀ အရွယ်ရှိအမျိုးသမီးတစ်ဦးတို့သေဆုံးခဲ့ပြီး တစ်ပြည်နယ်လုံးအတိုင်းအတာဖြင့် ကိုဗစ်- ၁၉ ကူးစက်ခံရသူ ၂၈၀ ကျော်အထိရှိခဲ့ ကြောင်း စစ်ကောင်စီလက်ခံအောက်ခံ မြစ်ကြီးနားမြို့နယ် ကျန်းမာရေးဦးစီးဌာနမှူးရုံးမှ…
ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေ မိုင်ဂျာယန်ရှိ အသက် ၅ နှစ် အရွယ်ကလေးများကို ယခုလမှစတင်ကာ SINOPHARM ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမကြိမ် စတင်ထိုးနှံပေးနေပြီဟု မိုင်ဂျာယန် ကျန်းမာရေးဌာနမှ သိရသည်။ မိုင်ဂျာယန်မြို့နေ ပြည်သူများအား ကိုဗစ်ရောဂါ ရှိမရှိ အကြိမ်ကြိမ် စစ်ဆေးပြီးနောက် အသက် ၅ နှစ်ပြည့်ပြီး ကျန်းမာရေးကောင်းမွန်သူများကိုသာ ကိုဗစ်ကာကွယ်ဆေးထိုးပေးတာဖြစ်ကြောင်း မိုင်ဂျာယန် ကျန်းမာရေးဌာန အတွင်းရေးမှူး ဆရာဇော်ဘောက်က KNG ကို ပြောသည်။…
ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဌာနချုပ်လိုင်ဇာမြို့တွင် အိုမီခရွန်- Omicron အမျိုးအစား covid-19 ပိုး ကူးစက်ခံရသူရှိလာသောကြောင့် အခြားမြို့နယ်မှလိုင်ဇာမြို့သို့ ဝင်ရောက် လာမည့် မည်သူမဆို မိုင်ဆပ်ပါတွင် Quarantine ၁၄ ရက် ဝင်ရမည်ဟု ကိုဗစ်ကာကွယ်ရေးကော်မတီမှ ဖေဖော်ဝါရီ ၁၉ ရက်နေ့က ထုတ်ပြန်ထားသည်။ လက်ရှိ လိုင်ဇာမြို့သို့ မိုင်ဆပ်ပါ Check Point မှ ဝင်လာသူများအား Swab စစ်ဆေးမှုခံယူပြီး Negative ဖြစ်သူများနှင့် ကိုဗစ်ကာကွယ်ဆေး…
မြစ်ကြီးနားတွင် ကိုဗစ်-၁၉ စတုတ္ထလိုင်း ပြင်းထန်လာသည့်အမျှ ပိုးကူးစက်ခံရသူ ၇၀၁ ဦးထိရှိလာသည့်အပြင် သေဆုံးသူ ၂ဦးထိ ရှိလာပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်နှင့် လူမူကူညီရေးအသင်းများထံမှ သိရသည်။ ” ကိုဗစ်နဲ့ဆုံးသွားတဲ့အလောင်းက ဖေဖော်ဝါရီလမှာပဲ ၂ ဦးရှိပြီ ကိုဗစ် Center ကိုပို့ပေးတာတော့ အယောက် ၂၀ လောက်ရှိပြီ ဆေးရုံကြီးမှာ ကိုဗစ်လူနာ အခြေအနေဆိုးတဲ့သူတွေ ခန့်မှန်းခြေ ၅၀ လောက် ရှိတာတွေ့ခဲ့တယ်။ အားလုံးတော့အတိအကျမပြောနိုင်ဘူး ကျနော်တို့အသင်းအနေနဲ့ လုပ်ဆောင်နေတဲ့…
ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဌာနချုပ် လိုင်ဇာမြို့သို့ ၀င်ရောက်လာသည့် အမျိုးသမီးတစ်ဦးတွင် ကိုဗစ်မျိုးကွဲသစ် အိုမီခရွန်-Omicron လက္ခဏာရှိသည့်ပိုး စစ်ဆေးတွေ့ရှိခဲ့ကြောင်း KIO ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးကော်မတီမှ သိရသည်။ “ဟိုတလောက ရန်ကုန်ကနေ၀င်လာတဲ့ တစ်ယောက်ကို ဆရာ၀န်တွေစစ်ကြည့်တော့ အိုမီခရွန်လက္ခဏာနဲ့ အရမ်းတူနေလို့ လူနာကိုတခြားမှာ သီးသန့်စောင့်ကြည့်လူနာအဖြစ် သီးခြားခွဲထားတယ်” ဟု KIO ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးကော်မတီမှ ဗိုလ်မှူးကြီး ဟိန်း၀မ်က KNG ကချင်သတင်းဌာနကို ပြောသည်။ အဆိုပါ အိုမီခရွန်ရောဂါ သံသယလူနာသည်…