မြေယာနှင့် သဘာဝပတ်ဝန်းကျင်
-
Sep- 2026 -22 September
ခေါင်လန်ဖူးနယ်စပ်မှာ တရုတ်လုပ်ငန်းရှင်တွေ သတ္တုတူးဖို့ပြင်ဆင်
ကချင်ပြည်နယ် ပူတာအိုခရိုင် ခေါင်လန်ဖူးမြို့နယ်က တရုတ်-မြန်မာနယ်စပ် မြန်မာဘက်ခြမ်းမှာ တရုတ်လုပ်ငန်းရှင်တွေက မြေရှားသတ္တုတူးဖော်ဖို့ ပြင်ဆင်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More » -
19 September
မြစ်ဆုံမှာ ဘယ်သူတွေ ရွှေတူးနေကြသလဲ၊ မြစ်ဆုံ ပျောက်ကွယ်တော့မှာလား
ကချင်ပြည်နယ် ဧရာဝတီ မြစ်ဆုံဒေသမှာ အကြီးစားရွှေတူးဖော်မည့်လုပ်ငန်းများကို ရေကာတာစီမံကိန်းအဖွဲ့ တရုတ်ကုမ္ပဏီ CPI ၊ စစ်တပ်ထောက်တိုင် လုပ်ငန်းရှင်ကြီးများနဲ့ တရုတ်လုပ်ငန်းရှင်များကိုသာ ဦးစားပေးလုပ်ကိုင်ခွင့် ပြုတော့မယ့်အကြောင်း စစ်တပ်ဘက်က ပြောဆိုထားတယ်လို့ မြေပြင်အခြေနေ သိရှိတဲ့သူတွေက ပြောပါတယ်။
Read More » -
15 September
ဆင်လုံဒမ်းရွာလယ်ခေါင်က ချောင်းမှာ ရွှေတူးဖော်နေ
ကချင်ပြည်နယ် မချမ်းဘော့မြို့နယ်ထဲက ဆင်လုံဒမ်းကျေးရွာကို ဖြတ်သန်းစီးဆင်းနေတဲ့ ဆင်လုံဒမ်းချောင်းမှာ ရွှေတူးဖော်နေကြောင်း ဒေသခံတွေက ပြောပါတယ်။
Read More » -
Aug- 2026 -31 August
မခုတ်ချောင်းဖျား မြေရှားသတ္တုဆိုက်ကြောင့် ဖြစ်လာမယ့် ထိခိုက်မှုအားလုံး တာဝန်ယူမယ်လို့ TNLA ပြော
ရှမ်းမြောက် မန်တုံမြို့နယ် ရေပုံးမန်လုံရွာအနီး မခုတ်ချောင်းဖျားမှာ လုပ်ကိုင်နေတဲ့ မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်းကြောင့် ဖြစ်လာမယ့် ထိခိုက်မှုအားလုံးကို တာဝန်ယူမယ်လို့ TNLA က ဒေသခံတွေနဲ့ တွေ့ဆုံချိန်မှာ ပြောဆိုခဲ့တယ်လို့ ဒေသခံတွေက KNG ကို ပြောပါတယ်။
Read More » -
31 August
တရုတ်ပညာရှင်အပါအဝင် စစ်ကော်မရှင်အဖွဲ့ မြစ်ဆုံကို ကွင်းဆင်
မြစ်ကြီးနားမြို့နယ်အတွင်းက မြစ်ဆုံရေကာတာစီမံကိန်းနေရာကို တရုတ်နိုင်ငံသား ပညာရှင်တစ်ဦးအပါအဝင် ကချင်ပြည်နယ် စစ်ကော်မရှင်အဖွဲ့ဝင်တချို့ ဩဂုတ်လ ၃၀ ရက် မနေ့က လာရောက်ကွင်းဆင်းလေ့လာသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More » -
28 August
စစ်အာဏာသိမ်းပြီးနောက် ကချင်မှာ Rare Earth တူးဖော်ရေးနေရာ ၃၀၂ ခု တိုးလာ
စစ်အာဏာသိမ်းပြီးနောက် ကချင်ပြည်နယ်မှာ မြေရှားသတ္တု (Rare Earth )သတ္တုတူးဖော်ရေးနေရာသစ် ၃၀၂ ခု တိုးလာတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးရုံး (OHCHR) ရဲ့ ဩဂုတ် ၂၅ ရက် ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
Read More » -
11 August
မြေရှားလုပ်ကွက်မှာ တရုတ်လုပ်ငန်းရှင်တွေက လုပ်သားတွေကို လုပ်ခလစာပုံမှန်မပေးဘူးလို့ဆို
ချီဖွေမြို့နယ် ပန်ဝါဒေသက မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်းဆိုက်တွေမှာ လုပ်ကိုင်နေတဲ့ အလုပ်သမားအများစုကို တရုတ်လုပ်ငန်းရှင်တွေက လုပ်ခလစာပေးရမယ့်အချိန်ရောက်ပေမယ့် ပုံမှန်ထုတ်မပေးတဲ့အတွက် သက်ဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့ ဖြေရှင်းပေးဖို့ တောင်းဆိုနေပါတယ်။
Read More » -
5 August
လယ်ယာမြေထဲရွှေတူးဖော်နေတာကို ရပ်တန့်ပေးဖို့ဒေသခံတွေတောင်းဆိုနေ
ကချင်ပြည်နယ်၊ ပူတာအိုခရိုင် မချမ်းဘော့မြို့နယ် ဆင်လုံဒမ်း (၂) ကျေးရွာက လယ်မြေတွေမှာ ရွှေအလွန်အကျွံ တူးဖော်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
Read More » -
Jul- 2026 -23 July
နာမ့်ထွမ်ချောင်း ရွှေတူးဖော်မှုကြောင့် လယ်ယာမြေထိခိုက်မှာကို စိုးရိမ်
ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်က ဒေသခံတွေ လယ်ယာစိုက်ပျိုးရေးအတွက် အဓိကအားထားနေရတဲ့ နာမ့်ထွမ်ချောင်းမှာ စက်ယန္တရားကြီးတွေနဲ့ ရွှေအလွန်အကျွံတူးဖော်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
Read More » -
22 July
ရွှေတူးဖော်မှုကြောင့် လမ်းတံတားပျက်စီး၊ ဒေသခံတွေ သွားလာရေးခက်ခဲ
ကချင်ပြည်နယ် ပူတာအိုမြို့နယ် မကျော့ဝါကျေးရွာမှာ ရွှေတူးဖော်မှုတွေကြောင့် ကျေးရွာအတွင်း ထိခိုက်ပျက်စီးမှုတွေ ပိုမိုများပြားလာပေမယ့် သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ လုပ်ငန်းရှင်တွေဘက်က တာဝန်ယူဖြေရှင်းပေးတာ မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။ မကျော့ဝါကျေးရွာဟာ ပူတာအိုမြို့နဲ့ တစ်မိုင်ခန့်အကွာမှာ တည်ရှိပြီး ရွှေတူးဖော်မှုတွေဟာ တစ်နှစ်ထက်တစ်နှစ် ပိုမိုဆိုးရွားလာနေတယ်လို့…
Read More »