သတင်းဆောင်းပါး
-
စစ်ရေးနဲ့ ဝမ်းရေးကြားက အပူသည်များ
“ပြေးရ လွှားနေရတာနဲ့ဘဲ တစ်နှစ်ပြည့်လာနေပြီ ခုချိန်ထိဘာမှ မလုပ်ရသေးဘူး” လို့ ပြောလာသူကတော့ ဗန်းမော်ခရိုင် မိုးမောက်မြို့ ဝဝမ်ကျေးရွာမှာ နေထိုင်တဲ့ ဒေါ်ကိုင်လိန် (အမည်လွှဲ) ဖြစ်ပါတယ်။ ဒေါ်ကိုင်လိန် (အမည်လွှဲ) တို့ မိသားစုဝင်တွေဟာ ဝဝမ်ကျေးရွာ ဒေသခံတွေဖြစ်ကြပြီးတော့ မိသားစုဝမ်းရေးအတွက် လယ်ယာလုပ်ငန်းကို အဓိက…
Read More » -
သေရာပါမယ့် နာကျည်းချက်များစွာနဲ့ အမေအို
အသက် ၆၀ နှစ်အရွယ် ဒေါ်တိုးဟာ သမီးလေး ဖမ်းဆီးခံလိုက်ရတဲ့အဖြစ်ဆိုးကို တစ်ပိုင်းတစ်စပြောနေရင်းမှာဘဲ ပါးပြင်မှာ မျက်ရည်တွေစီးကျလာပြီး ငိုချလိုက်ပါတော့တယ်။ စကားတောင် ဆက်မပြောနိုင်တော့ပဲ ရှိုက်ကြီးတငင်ငိုနေတဲ့ ဒေါ်တိုးဟာ ခနအကြာမှာတော့ စီးကျနေတဲ့မျက်ရည်တွေကို လက်ဖမိုးနဲ့သုတ်လိုက်ပြီး “ ဒီစစ်တပ်ကို သေတဲ့ထိ…
Read More » -
ခေတ်က ဖိအားပေးလိုက်တဲ့ မသန်စွမ်းများ၏ ရင်တွင်းသံ
“ကျမခင်ပွန်းက တောထဲတောင်ယာသွားလမ်းမှာ မြေမြှုပ်မိုင်းထိခိုက်ခံလိုက်ရတာကြောင့် မိသားစုအသက်ဆက်ဖို့ ပိုပြီးခက်ခဲသွားတယ် အဆိုးဆုံး က ကလေးတွေရဲ့ပညာသင်ကြားရေး ရပ်တန့်သွားခဲ့ရတယ်” ဟု ဒေါ်ထုဆန်က ပြောပါတယ်။ နိုင်ငံရေး မတည်ငြိမ်မှုကြောင့် ပြည်သူများအဘက်ဘက်ကနေ ခက်ခဲမှုတွေနဲ့တွေ့ကြုံနေရပါတယ်။ ထိုပြည်သူများထဲတွင် မသန်စွမ်းများလည်း အကြီးအကျယ် ခက်ခဲနေတဲ့…
Read More » -
စစ်ကောင်စီထံ မှတ်ပုံတင်ပြီး ရွေးကောက်ပွဲဝင်ဖို့ပြင်နေကြတဲ့ ကချင်ပါဝင်များ
မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စစ်ကောင်စီအောက် ရွေးကောက်ပွဲ ကော်မရှင်ထံပါတီမှတ်ပုံတင်လျှောက်ထားတဲ့ နိုင်ငံရေးပါတီ စုစုပေါင်း ၅၀ အထိရှိနေပြီလို့ စစ်ကောင်စီက မတ်လ ၂၈ ရက်မှာ ထုတ်ပြန်ပါတယ်။ ဒီထဲမှာ ကချင်နိုင်ငံရေးပါတီတွေလည်း ပါတီဆက်လက်တည်ရှိခွင့်အတွက် ပါတီမှတ်ပုံတင်အသစ် ပြန်တင်တဲ့အတွက် ကချင်ပြည်သူတွေ ဝေဖန်နေကြတာပါ။…
Read More » -
တစ်ကျော့ပြန် ခြိမ်းခြောက်လာတဲ့ မူးယစ်ဆေးဝါးအန္တရာယ်
လူအသွားအလာ နည်းပါးတဲ့အတွက် ဒူးလောက်အမြင့်ရှိတဲ့ ချုံနွယ်ပိတ်ပေါင်းတွေက ထူထပ်လို့နေပြီး ဆိုင်ကယ်တစ်စီးစာမျှသာ ဝင်လို့ရတဲ့ လမ်းကြားကလေးထဲမှာ လူတစ်စု ထိုင်နေကြပါတယ်။ ရှပ်အင်္ကျီနဲ့ ဂျင်းဘောင်းဘီ ဝတ်ထားတဲ့ အရပ် ၅ ပေကျော်ကျော် အသားခပ်ညိုညိုနဲ့လူ အပါအဝင် လူတစ်စု နဲ့ လျှာထိုးဦးထုပ်လေးဆောင်းပြီး ဘောင်းဘီခပ်တိုတိုကိုဝတ်ထားတဲ့…
Read More » -
လုံခြုံမှု ပျောက်ဆုံးလာတဲ့ ကျောက်စိမ်းမြေ
“လုံတော့ မလုံခြံဘူးပေါ့ဗျာ တစ်နေ့တစ်နေ့ကြောက်နေရတာပေါ့ ဘယ်နေ့များကိုယ့်ကိုလာဖမ်းမလဲ ကိုယ်ကတော့ဘာမှ မလုပ်ပေမယ့် စိတ်ကတော့ကြောက်စိတ်ရွံ့မှုတွေခံစားနေရတာပေါ့ မလုံခြုံပါဘူး နေ့ခင်းတောင်ကြောက်နေရတာ ညဆိုပိုဆိုးပေါ့” ဒါကတော့ ကချင်ပြည်နယ် ဖားကန့် ကျောက်စိမ်းဒေသ ရှရော်ခ (Sharaw Hka) ကျေးရွာမှာနေတဲ့ ကျောက်တူး သမားလေးတစ်ယောက်ရဲ့…
Read More » -
PDF ရဲဘော်တို့ရဲ့ ထောက်ပို့ မိခင် ဒေါ်အေးအေး
“ကျမက တကယ်တမ်းဆို တော်လှန်ရေးထဲကို ဝင်ဖို့ စိတ်ကူးမရှိဘူး။ အခုတော့ စခန်းမှာရှိတဲ့ ကလေးတွေကလည်း ကျမကို အမေ အရာထားပြီး ဟိုကလေးကလည်းအမေ ဒီကလေးကလည်း အမေဆိုတော့ သံယောဇဥ်တွေ ငြိ တွယ်နေပြီ” လို့ ဆိုလာသူက အာဏာမသိမ်းခင် စိုက်ပျိုးရေးနဲ့ အသက်မွေးခဲ့သူ…
Read More » -
တော်လှန်ရေးစခန်းတစ်နေရာက သူနာပြုဆရာမလေး
“အိမ်သာဘက်သွားပြီး ဖုန်းဖွင့်ကြည့်လိုက်တော့ အမဆီကစာဝင်ထားတယ် နိကြောင့်အမေ မေ့လဲသွားတယ် မိဘမျက်ရည်ကျအောင်လုပ်တဲ့ သားသမီး ဘယ်တော့မကောင်းစားဘူး ပြန်လာခဲ့” ဆိုတဲ့ မက်ဆေ့တစ်စောင်ကြောင့် မျက်ရည်ပေါက်ပေါက်ကျခဲ့ရတယ်လို့ ပြောလာသူကတော့ ရှေ့တန်းတစ်နေရာက ဆေးသူနာပြုဆရာမလေး ငရုတ်သီး ဖြစ်ပါတယ်။ တိတ်ဆိတ်မှောင်မဲနေပြီး ပတ်ဝန်းကျင်တစ်ခုလုံး မိုးသံလေသံမှတပါး အခြား ဘာအသံမှမကြားရပါ။ အချိန်အားဖြင့် မနက် ၄ နာရီသာရှိသေးတာမို့ ဒီချိန်ဟာအများသူငှာ အိပ်စက်အနားယူလို့ အကောင်းဆုံးအချိန်ဖြစ်ပြီး ငရုတ်သီးတို့အိမ်က မိသားစုတွေကလည်း တစ်အိမ်လည်းအိပ်မောကျနေတဲ့ချိန် မိဘတွေမသိအောင် အိမ်ကနေခိုးထွက်သွားဖို့ ပြင်ဆင်နေတဲ့ ငရုတ်သီးအဖို့တော့ မိုးသံလေသံတွေကြားမှာ အတွေးပေါင်းများစွာနဲ့ အိပ်မပျော်နိုင်ခဲ့တဲ့ ညတစ်ညလို့ဆိုပါတယ်။ “အဲညတစ်ညလုံး လေနဲ့မိုးနဲ့ဘဲ ဖြစ်ချင်တော့ အမေက ကျမထွက်သွားမှာရိပ်မိလို့လားမသိ ကျမအိပ်တဲ့ခြေရင်းမှာ လာစောင့်အိပ်တယ်။ ဒါပေမယ့် မနက် ၄ နာရီလောက်အမေအိပ်ပျော်နေတဲ့ချိန်မှာ ခိုးထွက်ခဲ့တာ။ ထွက်လာခါနီးအမေ့ကို ကန်တော့ခဲ့ဖို့ စဉ်းစားမိသေးတယ်။ ဒါပေမယ့် အမေနိုးလာမှာစိုးလို့ မကန်တော့ခဲ့ရဘူး” အသက် ၂၃ နှစ်အရွယ်သာရှိသေးတဲ့ ငရုတ်သီးဆိုတဲ့ အမျိုးသမီးငယ်လေးဟာ စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းနယ်ကဖြစ်ပြီး မုံရွာ နည်းပညာတက္ကသိုလ် ဒုတိယနှစ်တက်နေတဲ့ ကျောင်းသူမလေးတစ်ယောက်ဖြစ်ကာ ဘဝကိုရိုးရိုးရှင်းရှင်း ဖြတ်သန်းနေခဲ့သူတစ်ယောက်ပါ။ ဒါပေမယ့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းလိုက်တာကြောင့် တစ်နိုင်ငံလုံးမှာရှိတဲ့ ပြည်သူတွေဟာ လူထုကြုံကြွမှုတွေဖြစ်ပြီး လမ်းမပေါ်ထွက်ဆန္ဒပြနေကြတာတွေ့တော့ သူမတို့ရွာကလည်း ရွာလူကြီးတွေဦးဆောင်ပြီး စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြခဲ့ကြပါတယ်။ ဒါကို စစ်တပ်ရဲ့လက်ပါးစေတွေဟာ သပိတ်ဦးဆောင်တဲ့သူတွေကို သပိတ်မထွက်ဖို့ ဆန္ဒပြတာတွေ ဆက်မလုပ်ဖို့ ခြိမ်းခြောက်ခဲ့တာကြောင့် သပိတ်ဦးဆောင်တဲ့ ရွာလူကြီးတွေက ရပ်နားသွားအောင် လုပ်ခဲ့ကြပါတယ်။ စစ်တပ်ရဲ့ ရိုင်းစိုင်းယုတ်မာတဲ့ လုပ်ရပ်တွေအပြင် စစ်တပ်ရဲ့ အလိမ်အညာသတင်းတွေမြင်နေရတာဟာ သူမချစ်တဲ့ တပ်မတော်ကြီးကို ရိုင်းရိုင်းစိုင်းစိုင်း ဆဲတတ်လာတဲ့ထိ ခါးသီးလာသလို ငရုတ်သီးအတွက် တော်လှန်ရေးစိတ်ဓါတ် ပိုပြင်းထန်လာအောင် လုံ့ဆော်ပေးခဲ့သလို လက်နက်ကိုင်တော်လှန်ရေးဘက်သွားရန် တွန်းအားတစ်ခုဖြစ်လာခဲ့ပါတယ်။ ဒါကြောင့် သူမတို့ရွာမှာ သပိတ်ဦးဆောင်သူတွေ ရပ်နားလိုက်ကြပေမယ့် နိုင်ငံရေးအသိစိတ်ရှိတဲ့ ငရုတ်သီးဟာ သပိတ်ကိုဦးဆောင်ဖို့ လူကြီးတွေကို သွားရောက်တိုင်ပင်ခဲ့ပါတယ်။ “လူကြီးတွေကို သွားပြောတယ် သူများမြို့တွေမှာလည်း လုပ်နေကြတာပဲ၊ ဆက်လုပ်ကြမယ်လို့ သွားပြောတော့ လူငယ်တွေဦးဆောင်ပြီး လုပ်ချင်လုပ်ကြပါ။ ကျနော်တို့နောက်ကနေ ကူညီနေမယ်လို့ ပြောလာတော့ ကျမအပါအဝင်လူငယ် ၃ယောက်ကနေက ဦးဆောင်ပြီးဆန္ဒပြတာတွေ လုပ်ခဲ့တယ်” ရွာလူကြီးတွေနားလိုက်တဲ့ ဒီဆန္ဒပြမှုတွေကို ငရုတ်သီးအပါအဝင် လူငယ်တွေကနေ စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့ဆန္ဒပြပွဲတွေကို ဆက်လက်ဦးဆောင်ခဲ့ပါတယ်။ ဒီတော့ အချိန်မရွေး ရန်ပြုလာနိုင်တဲ့ အာဏာသိမ်းစစ်တပ်ကို ရှောင်ရှားဖို့ ငရုတ်သီးသူငယ်ချင်း ၃ယောက် ကိုယ်ရောင်ဖျောက်ရ ပါတော့တယ်။ အာဏာမသိမ်းခင်အချိန်ထိ သူမဟာ စစ်တပ်ကို ပြည်သူ့တပ်မတော်ကြီးဆိုပြီး အရမ်းအထင်ကြီးလေးစားခဲ့တဲ့အပြင် စစ်သူနာပြုသင်တန်းတက်ဖို့ရန် အကြိမ်ကြိမ်ပြင်ဆင်ခဲ့ဖူးတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် စစ်တပ်ရဲ့အကြမ်းဖက်မှုအောက် ဖေဖော်ဝါရီလ ၉ ရက်နေ့နေပြည်တော်မှာ စစ်ကောင်စီတပ်က ပစ်သတ်လိုက်တဲ့ မမြသွဲ့သွဲ့ခိုင်ရဲ့ဖြစ်စဉ်ကြည့်ပြီး စစ်တပ်ရဲ့ယုတ်မာရိုင်းစိုင်းလှတဲ့ အပြုအမှုကို စပြီးရွံမုန်းလာတာနဲ့အမျှ သူမအထင်ကြီးလေးစားခဲ့ရတဲ့ စစ်တပ်ကို လက်နက်စွဲကိုင်တော်လှန်ဖို့ ဆုံးဖြတ်ကာ အိမ်ကနေ တိတ်တစိတ် ထွက်လာခဲ့ရပါတော့တယ်။ တော်လှန်ရေးခရီးအစ ဆန္ဒပြသူတွေ အကြမ်းဖက်ဖြိုခွင်းခံရတာတွေကြောင့် နေရာဒေသတစ်ချို့မှာ သပိတ်ဦးဆောင်သူတွေ တက်ကြွလှုပ်ရှားသူတွေ တစ်စနှစ်စ စတင်ထွက်ပြေးနေကြပြီ ဖြစ်ပါတယ်။ ငရုတ်သီးရဲ့ဆွေးမျိုးထဲမှာပင်လျှင် စစ်တပ်ထောက်ခံသူတွေနဲ့ စစ်တပ်ကို အမာခံသတင်းပေးတွေ အရှေ့နောက် တောင်မြောက်များလွန်းလှတာကြောင့် အိမ်မှာနေလို့ မဖြစ်နိုင်တော့တဲ့ အခြေနေဖြစ်လာခဲ့ပါတယ်။ ဒါကြောင့် ချင်းပြည်နယ်ဘက် ထွက်ပြေးတိမ်းရှောင်သွားတဲ့ သူမရဲ့ အသိတစ်ယောက်ဆီကိုချိတ်ဆက်ပြီး အခြေခံစစ်သင်တန်းတက်ပြီး တော်လှန်ရေးမှာ ထဲထဲဝင်ဝင်ပါဝင်လုပ်ဆောင်ဖို့ ဆုံးဖြတ်ခဲ့ပြီး ၂၀၂၁ ခုနှစ် မေလ ၁၄ ရက်ည အိမ်ကနေ ထွက်ပြေးခဲ့ပါတယ်။ သူမအပါအဝင် သူငယ်ချင်း ၃ ယောက်ဟာ ကျောပိုးအိတ်တစ်လုံးထဲ အဝတ်အစားတစ်စုံစီ ပေါင်းထည့်ပြီး ဟုမ္မလင်းကနေ စတင်ထွက်လာခဲ့ကြပါတယ်။ ဟုမ္မလင်းကနေမြို့ထဲဘက်သွားပြီး ချင်းပြည်နယ်ဘက်က ဆက်သွယ်ထားတဲ့မိတ်ဆွေဆီ သွားရန်ထွက်လာခဲ့ကြပေမယ့် အိမ်ကအထွက် လမ်းတစ်ဝက်ရောက်တော့ ချင်းပြည်နယ်ဘက် စစ်သင်တန်းပေးတာရပ်လိုက်ပြီဆိုတဲ့ သတင်းကြောင့် လမ်းတစ်ဝက်တင် အရုပ်ကြိုးပြတ် ဖြစ်ခဲ့ရပြန်ပါတယ်။ လမ်းတစ်ဝက်တင် စမ်းတဝါးဝါးဖြစ်တဲ့ သူတို့ သူငယ်ချင်း ၃ယောက်ဟာ စစ်အာဏာရှင်ကြီး အမြစ်ပြတ်တိုက်ဖို့ ဆုံးဖြတ်ပြီး ထွက်ခဲ့ကြတာမို့ နောက်ပြန်လှည့်ရန်အစီစဉ်မရှိဘဲ မျက်စိစုံမှိတ်ပြီး ဘာဘဲဖြစ်ဖြစ်ရှေ့ဆက်ဖို့သာ ကြိုးစားခဲ့ကြပါတယ်။…
Read More » -
နေရပ်ပြန်ရေး ဖိအားပေးမှုအောက်က စစ်ရှောင်အမျိုးသမီးနဲ့ ကလေးသူငယ်များ
လုံခြုံမှု မရှိသေးပေမဲ့ ဖိအားပေးခံရတာကြောင့် နေရပ်ပြန်ရတော့မယ့် စစ်ရှောင်တွေထဲမှာ အဓိကအားဖြင့် အမျိုးသမီးတွေနဲ့ ကလေးသူငယ်တွေမှာ လုံခြုံရေးအတွက် ခက်ခဲမှုရှိနေပါတယ်။ တိုက်ပွဲပိုမို ပြင်းထန်လာမယ့် ၂၀၂၃ ခုနှစ်မှာဘဲ ကချင်ပြည်နယ် က စစ်ဘေးရှောင်စခန်းတွေကို အမြန်ဖျက်သိမ်းဖို့ စစ်ကောင်စီက ပြုလုပ်နေပြီးတော့ မတ်လ နောက်ဆုံးထား နေရပ်ပြန်ကြဖို့ စခန်းတချို့မှာ စစ်တပ်တာဝန်ရှိသူတွေက ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ နှစ်ရှည်လပေါင်းများစွာ…
Read More » -
ရွေးကောက်ပွဲအတွက် လက်နက်အားကိုးရတဲ့ စစ်တပ်ရဲ့ လားရာ
“စစ်ကားတန်းကြီး အိမ်ရှေ့ရောက်လာတော့ အရမ်းကိုကြောက်သွားတာ ကိုယ့်ကိုကိုယ်လည်း ဘာအပြစ်များ လုပ်မိထားပြီလဲပေါ့ ချွေးတောင်ပြန်သွားတယ်”လို့ဒေါ်တင်တင်( အမည်လွှဲ) ဆိုပါတယ်။ လွန်ခဲ့တဲ့ ဇန်နဝါရီလအတွင်း ဖားကန့်မြို့ပေါ်ရပ်ကွက်တစ်ချို့မှာ စစ်ကောင်စီတပ်သားတွေက လက်နက်အပြည့်အစုံနဲ့ ရောက်လာပြီး လူဦးရေသန်းခေါင်စာရင်း ကောက်သွားတဲ့ဖြစ်စဉ်ကို ဖားကန့်မြို့ မရှီကထောင်ရပ်ကွက်မှာ နေထိုင်တဲ့ ဒေါ်တင်တင်က သူမကြုံတွေ့ခဲ့ရတာကို…
Read More »