ရွေးကောက်ပွဲဆိုင်ရာ

  • Nov- 2025 -
    12 November

    စစ်ကောင်စီကျင်းပမယ့်ရွေးကောက်ပွဲကို တော်လှန်ရေးလမ်းစဉ်အတိုင်း ဆန့်ကျင်သွားမယ့်လို့ တော်လှန်ရေးတပ်ဖွဲ့တွေပြော

    ရွေးကောက်ပွဲကို အပိုင်း (၃)ခုနဲ့ ကျင်းပဖို့ ပြင်ဆင်နေတဲ့ စစ်ကောင်စီက ကချင်ပြည်နယ်ထဲက မြို့နယ် (၉) နေရာလောက်မှာ ကျင်ပဖို့ ပြင်ဆင်နေတာဖြစ်ပြီး မြို့နယ်တစ်ချို့မှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA ထိန်းချုပ်နယ်မြေထဲပါဝင်နေပါတယ်။ ရွေးကောက်ပွဲကျင်းပဖို့ အပိုင်း(၁) ကြေညာချက်မှာ မြစ်ကြီးနား၊ တနိုင်း၊ မိုးညှင်း၊ ပူတာအို၊ နောင်မွန်၊ ခေါင်လန်ဖူး မြို့နယ်(၆)ခုပါဝင်ပြီး အောက်တိုဘာလ (၂၈) ရက်နေ့ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်တဲ့ရွေးကောက်ပွဲ အပိုင်း(၂) ကြေညာချက်ထဲမှာ မချမ်းဘော၊ မိုးကောင်းနဲ့ ဝိုင်းမော်မြို့နယ်တို့ပါဝင်လာပါတယ်။ ကချင်ပြည်နယ်မှာ မြို့နယ် ၁၈ မြို့နယ်ရှိတဲ့ ထဲကနေ မြို့နယ် ထက်ဝက်ခန့် ၉ နေရာလောက်မှာ ရွေးကောက်ပွဲကျင်းပဖို့ ကြေညာထားပြီးဖြစ်တဲ့ ခေါင်လန်ဖူးနဲ့ ဝိုင်းမော်မြို့နယ်တွေက KIA ထိန်းချုပ်ထားတဲ့ နယ်မြေတွေဖြစ်သလို အဓိကတိုက်ပွဲနေရာလည်းဖြစ်နေပါတယ်။ စစ်တပ်အာဏာသိမ်းပြီး အာဏာရှင်ကျဆုံးဖို့ လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်ကို ရွေးချယ်ထားတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲကိုလည်း ဆက်လက်ပြီး ဆန့်ကျင်တော်လှန်သွားမှာဖြစ်တယ်လို့ ဖားကန့် KPDF တာဝန်ခံတစ်ဦးက KNG ကိုပြောပါတယ်။ “တော်လှန်ရေးတပ်ဖွဲ့တွေက တော်လှန်ရေးလမ်းစဉ်အတိုင်း ဆက်ပြီးသွားမှာဖြစ်တယ်။ စစ်တပ်က ရွေးကောက်ပွဲကို အပြလုပ်ပြီး အစိုးရတစ်ရပ်ဆိုပြီး အုပ်ချုပ်ရေးတွေဖွဲ့လာလိမ့်မယ်။ အဲဒီအခါမှာ ပြဿနာတွေ ကြီးကြီးမားမားတွေ ထွက်လာမယ်။ စစ်တပ်က ထွက်ပေါက်ရှာချင်တဲ့ သဘောအနေနဲ့၊ ပြီးရင် အာဏာရှင်ကို ဆွဲဆန့်နိုင်သလောက် ဆွဲဆန့်နေတယ်။ အဲထဲမှာ အုပ်ချုပ်ရေးမှူးတွေ၊ လွှတ်တော်အမတ်တွေကို ထိုးကျွေးတဲ့သဘောမျိုးပါပဲ။ ဒါကို ကျနော်တို့ဘက်က လုပ်စရာရှိတာဆက်လုပ်သွားမှာပါပဲ”လို့ပြောပါတယ်။ KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နေရာတွေမှာက ရွေးကောက်ပွဲကျင်းပဖို့ ဖြစ်မလာနိုင်ဘူးလို့လည်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ချို့က မှတ်ချက်ပြုနေပါတယ်။ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး မြစ်ကြီးနား တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက “ဖြစ်ခဲ့ရင်လည်း ခုလို တရားမဝင်တဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ကျနော်တို့ကော KIO/KIA ဥက္ကဋ္ဌ ကိုယ်တိုင်လည်းရှင်းရှင်းလင်းလင်းပြောထားပြီဖြစ်တယ်။ ဒီအပေါ်မှာ ပြည်သူတွေက ဘာလုပ်ရမလဲဆိုတာသိပြီးသားပါ”လို့ပြောပါတယ်။ ကချင်ပြည်နယ်ထဲမှာ နောက်ထပ် မြို့သိမ်းတိုက်ပွဲဆင်နွှဲနေတဲ့ ဗန်းမော်ခရိုင်ထဲက မိုးမောက်၊ မံစီ နဲ့ ဖားကန့် ဒေသတွေက လွှတ်တော်ကိုယ်စားလှယ်တစ်ချို့ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ဖို့ ပြင်ဆင်နေတာလည်း တွေ့ရပါတယ်။ ဒါပေမယ့် စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲကျင်းပဖို့ ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာတော့ ပါဝင်တာမတွေ့ရသေးပါဘူး။ စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲက ဟန်ပြရွေးကောက်ပွဲတစ်ခုအနေနဲ့သာ ဖြစ်မြောက်သွားနိုင်ပေမယ့် တစ်ဖက်မှာ ကချင်ပြည်နယ်ရဲ့ စစ်ရေးကပိုပြီး ပြင်းထန်လာနိုင်တယ်လို့လည်း ကချင်နိုင်ငံရေးသုံးသပ်သူ အမျိုးသားတစ်ဦးက ပြောပါတယ်။ “တကယ်လို့ ရွေးကောက်ပွဲပြီးသွားရင်တောင် အရင်တုန်းကလို လွှတ်တော်ကိုယ်စားလှယ်တွေ စုံစုံလင်လင်ထိုင်နိုင်တွေ့နိုင်ဖို့က ဒါကမဖြစ်နိုင်တော့ဘူး။ ဘာလို့လဲဆိုတော့ ကချင်ထဲမှာဆိုရင် ၉ နေရာလောက်မှာ လုပ်ဖို့ ကြေညာထားတယ်။ တော်တော်များများနေရာတွေမှာက မလုပ်နိုင်တော့ တဝက်လောက်က လွှတ်တော်ကိုယ်စားလှယ်တွေ မရောက်နိုင်တော့ဘူး။ အဲ့လို မစုံမလင်နဲ့ လုပ်သွားဖို့ ပြင်ဆင်နေတယ်။ အဲ့တော့ဘာဖြစ်လာနိုင်သလဲဆိုတော့ အစိုးရတစ်ရပ်ဆိုပြီး ရှိလာမယ် ဒါပေမယ့် တိုက်ပွဲက ပိုပြီး ဖြစ်လာနိုင်ပါတယ်”လို့ပြောပါတယ်။ ဒါ့အပြင် စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲကိုလည်း အထူးစိုးရိမ်ကြောင်း အောက်တိုဘာလ ၂၅ ရက်နေ့ ကချင်လွတ်လပ်ရေးအဖွဲ့ (၆၉) နှစ်ပြည့် KIO အထိန်းအမှတ်နေ့မှာ KIO/KIA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ လည်းပြောကြားခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် စစ်ကောင်စီလက်အောက် အုပ်ချုပ်ရေးယန္တရားအောက်မှာ ရှိနေတဲ့ပြည်သူတွေအနေနဲ့ စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲမှာ လက်ခံသည်ဖြစ်စေ၊ လက်မခံသည်ဖြစ်စေ ပူးပေါင်းပါဝင်လိုက်တာဟာ တစ်တိုင်းပြည်လုံးမှာ နေထိုင်ကြတဲ့ ပြည်သူလူထုအားရဲ့ ဘဝကံကြမ္မာကို အဆုံးအဖြတ်ပေးလိုက်တာဖြစ်တယ်လို့ သတိပေး တိုက်တွန်းပြောဆိုထားပါတယ်။ တစ်ဖက်မှာ စစ်တပ်အနေနဲ့လည်း ရွေးကောက်ပွဲကျင်းပဖို့ သတ်မှတ်ထားတဲ့ မြို့၊ ကျေးရွာနေရာတွေမှာ ရဲ၊ စစ်သားအင်အားတွေအသုံးပြုပြီး ပိတ်ဆို့ကန့်သတ်တာတွေ လုပ်ဆောင်ကာ ရွေးကောက်ပွဲဖြစ်မြောက်အောင် လုပ်ဆောင်သွားဖို့ ပြင်ဆင်နေတာလည်းတွေ့ရပါတယ်။ ဒါ့အပြင် ရွေးကောက်ပွဲ ဆန့်ကျင်နှောက်ယှက်သူတွေကို ကြီးလေးတဲ့ထောင်ဒဏ်အပြင် သေဒဏ်အထိပါချမှတ်နိုင်တဲ့ ဥပဒေတစ်ရပ်ကိုလည်း စစ်တပ်က ပြီးခဲ့တဲ့ ဇူလိုင်မှာ ထုတ်ပြန်ကြေညာထားပါတယ်။ ကချင်ပြည်နယ်အတိုင်းအတာနဲ့  စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ပြင်ဆင်နေတဲ့ ပါတီ ၄ ခုတွေ့ရပြီး ရွေးကောက်တင်းမြောက်ခံရမယ့် ပါတီကိုယ်စားလှယ်လောင်းတွေရဲ့အမည်စားရင်းနဲ့ တကွ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားတွေ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ ကချင်လူထုရဲ့ ထောက်ခံမှုအားကောင်းခဲ့တဲ့ ကချင်ပြည်နယ်ပြည်သူ့ပါတီ – KSPP ၊ ဒီမိုကရေစီပါတီသစ်(ကချင်)ပါတီ၊ လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီနဲ့ တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ စတဲ့ ပါတီ ၄ ခုဖြစ်ပါတယ်။ ကချင်ပြည်နယ်က အမျိုးသားလွှတ်တော်ကိုယ်စားလှယ်နဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာအတွက် ပြည်နယ်ပါတီ ၄ ခုအပြင် ပြည်ထောင်စုအဆင့်ဖြစ်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ USDP ၊ ပြည်သူ့ရှေ့ဆောင်ပါတီ PPP ၊ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီ၊ မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီနဲ့ ပြည်သူ့ပါတီ စတဲ့ ပါတီစုစုပေါင်း ၈ ခုခန့်က ဝင်ရောက်ယှဉ်ပြိုင်သွားဖို့ ပြင်ဆင်နေတာတွေ့ရပါတယ်။ စစ်ကောင်စီကျင်းပမယ့် အထွေထွေရွေးကောက်ပွဲမှာ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွေကို မဲအများဆုံးရသူ အနိုင်ရသူစနစ်နဲ့ FPTP စနစ်ကိုကျင့်သုံးသွားမှာဖြစ်ပြီး အမျိုးသားလွှတ်တော်နဲ့ တိုင်းနဲ့ပြည်နယ် လွှတ်တော်တွေမှာတော့ FPTP စနစ်အပြင် အချိုးကျစနစ် PR စနစ်နဲ့ ကျင့်သုံးသွားမှာဖြစ်တယ်လို့ ရွေးကောက်ပွဲကော်မရှင်ထုတ်ပြန်ကြေညာထားပါတယ်။…

    Read More »
  • Oct- 2025 -
    29 October

    ပြိုင်ဘက်မရှိ အမတ်ဖြစ်မယ့်ထဲမှာ ကချင်က ၄ ဦးပါဝင်

    စစ်ကောင်စီကျင်းပမယ့်ရွေးကောက်ပွဲမှာ ကချင်ပြည်နယ်အတွင်း ပြိုင်ဘက်မရှိအနိုင်ရမယ့် အမတ် ၄ ဦးပါဝင်ကြောင်း ရွေးကောက်ပွဲကော်မရှင်ရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။ ပြိုင်ဘက်မရှိလွှတ်တော်အမတ်ဖြစ်မယ့်စာရင်းကို စစ်တပ်လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) အောက်တိုဘာလ ၂၅ ရက်နေ့မှာထုတ်ပြန်ထားပါတယ်။ အဲဒီထဲမှာ ပြိုင်ဘက်မရှိအမတ်ဖြစ်မယ့် လွှတ်တော်ကိုယ်စားလှယ်ပေါင်း ၃၁ ဦးပါဝင်တဲ့ထဲက…

    Read More »
  • 14 October

    ပူတာအိုခရိုင်မှာ မဲစာရင်းကြည့်သူနည်းနေတဲ့အတွက် မဲစာရင်းကြေငြာတဲ့ရက်ထပ်တိုး

    ကချင်ပြည်နယ် ပူတာအိုခရိုင်မှာ အောက်တိုဘာလ တစ်ရက်နေ့ကစပြီး မဲစာရင်းတွေကြေငြာထားပေမယ့် လာကြည့်တဲ့သူတွေနည်းတာကြောင့် မဲစာရင်းကြေငြာရက်ထပ်တိုးထားကြောင်း ဒေသခံများထံမှသိရပါတယ်။ ပူတာအိုခရိုင်ထဲက ပူတာအိုမြို့၊နောင်မွန်မြို့၊ ခေါင်လန်ဖူး၊ မချမ်းဘောမြို့နယ်တွေမှာ မဲစာရင်းတွေကို မူလက အောက်တို ဘာ ၁ ရက်နေ့ကနေ ဒီကနေ့ ၁၃…

    Read More »
  • 10 October

    ရွေးကောက်ပွဲအတွက် မြစ်ကြီးနားမြို့ရပ်ကွက်ရုံးတစ်ချို့နဲ့မြို့ပေါ်ရပ်ကွက်တွေမှာ လုံခြုံရေးပိုတင်းကြပ်လာ

    လာမယ့် ဒီဇင်ဘာလကျင်းပပြုလုပ်မယ့် ရွေးကောက်ပွဲနီးလာချိန် စစ်ကောင်စီတပ်ဟာ ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင်း ရပ်ကွက်ရုံးတစ်ချို့နဲ့မြို့ပေါ်ရပ်ကွက်တွေမှာ လုံခြုံရေးတိုးမြင့်ပြီး ဖမ်းဆီးစစ်ဆေးမှုပိုတင်းကြပ်လာနေတယ်လို့ ဒေသခံတွေပြောပါတယ်။ မြစ်ကြီးနားမြို့ပေါ်ရပ်ကွက် ၃၃ ရပ်ကွက်ရှိတဲ့ထဲက မြို့အစွန်ရပ်ကွက်ဖြစ်တဲ့ ရွှေစက်အုပ်ချုပ်ရေးရုံးမှာ ပြီးခဲ့တဲ့ စက်တင်ဘာလကုန်ပိုင်းကစပြီး ရုံးဝင်းအတွင်း သဲအ်ိတ်တွေနဲ့ကာထားတဲ့အပြင် အရပ်ဝတ်နဲ့သေနတ်ကိုင်ထားတဲ့သူတွေကိုလည်း ပုံမှန်မြင်တွေ့လာရတယ်လို့ မြို့ခံအမျိုးသမီးတစ်ဦး KNG ကို ခုလိုပြောပါတယ်။ “ဒီရွှေစက်အုပ်ချုပ်ရေးရုံးမှာဆိုရင် အရင်ကမရှိဘူး ခုက သဲအိတ်တွေနဲ့ဖြစ်လာပြီ။ ပြီးတော့ အရင်ကမမြင်ဖူး၊မတွေ့ဖူးတဲ့သူတွေလည်း သေနတ်တကားကားနဲ့ပုံမှန်စောင့်နေတာရှိတယ်။ တစ်ခါတစ်လေရုံးရှေ့နားထွက်လာပြီး လမ်းသွားလမ်းလာပြည်သူတွေကို စစ်တာတွေရှိတယ်။ အဓိကတော့ ရုံးထဲမှာအရင်ကနဲ့မတူတဲ့ပုံစံတွေမြင်တွေ့လာရတယ်။ အမှန်ဆိုဒီရွှေစက်ရပ်ကွက်က မြို့တွင်းရပ်ကွက်လို့ပြောလို့ရပါသေးတယ် ဒီလိုရပ်ကွက်ရုံးတွေမှာ သေနတ်ကြီးတကားကားနဲ့မဖြစ်သင့်ဘူးလို့မြင်တယ်”လို့ ပြောပါတယ်။ ခုလိုရွှေစက်ရပ်ကွပ် အုပ်ချုပ်ရေးရုံးမှာ သိသိသာသာလုံခြုံရေးတိုးမြင့်လာသလို ည (၈) နောက်ပိုင်းဆို ရုံးရှေ့ထွက်ပြီး လမ်းသွားလမ်းလာပြည်သူတွေကို မှတ်ပုံတင်စစ်တာ၊ဆိုင်ကယ်၊ကားတွေကို စစ်ဆေးတာပုံမှန်လုပ်လေ့ရှိတယ်လို့ ဆိုပါတယ်။ ရွှေစက်ရပ်ကွက်နေပြည်သူတွေသုံးသပ်ချက်အရ အုပ်ချုပ်ရေးရုံးအတွင်း ခုလိုလုံခြုံရေးတင်းကြပ်လာတာဟာ ရွေးကောက်ပွဲနီးလာတဲ့အတွက် အုပ်ချုပ်ရေးရုံးအဖွဲ့တွေကို လုံခြုံရေးယူပေးတာဖြစ်နိုင်သလို မြို့အဝင်အထွက် စီစစ်ဖို့ဖြစ်နိုင်တယ်လို့ သုံးသပ်နေကြပါတယ်။ ဒါ့အပြင် အုပ်ချုပ်ရေးရုံးအတွင်း လုံခြုံရေးပေးနေသူတွေဟာ ရွှေစက်အုပ်ချုပ်ရေးအဖွဲ့ဝင်တွေမဟုတ်ပဲ ပြည်သူ့စစ်အဖွဲ့ဝင် (ဒါမှမဟုတ်) ပျူစောထီးတွေဖြစ်နိုင်တယ်လို့ ခန့်မှန်းပြောဆိုကြပါတယ်။ အလားတူ မြို့အဝင်ရပ်ကွက်တွေဖြစ်တဲ့ မော်ဖောင်းရပ်ကွက်ရုံးနဲ့ ဧရာဝတီမြစ်ကမ်းဘေး ကြက်ပေါင်ခြံရပ်ကွက်တွေမှလည်း ခုနောက်ပိုင်း လုံခြုံရေးတင်းကြပ်လာတယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်ဟာ မြို့အဝင်အထွက် ဂိတွေအပြင် မြို့တွင်း ကား၊ဆိုင်ကယ် လိုင်စင်မဲ့ယာဉ်ဖမ်းဆီးစစ်ဆေးရုံသာမက မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးရုံးတွေမှာ လုံခြုံရေးတိုးမြင့်လာတဲ့အပေါ် မြစ်ကြီးနားမြို့တွင်းနေထိုင်တဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦး ခုလိုသုံးသပ်ထားပါတယ်။ “ခုကရွေးကောက်ပွဲလုပ်ဖို့ရာနီးလာတော့ တစ်နေ့ထက်တစ်နေ့လုံခြုံရေးက ပိုတင်းကြပ်လာမှာပဲ။ ဒီထက်တောင်ဆိုးလာနိုင်တယ် ဘာလို့လဲဆိုရင် ရွေးကောက်ပွဲအတွက် ရပ်ကွက်အုပ်ချုပ်ရေးရုံးတွေက အဓိကအခန်းကဏ္ဍမှာပါဝင်တယ်။ မဲစာရင်းထုတ်ပြန်တာတို့၊ လူဦးစာရင်းပြုစုပေးတာတို့က ရပ်ကွက်ရုံးတွေလုပ်တာကိုး ဒါကြောင့် ကျနော့်အမြင်ကတော့ ရွေးကောက်ပွဲနီးလာလေ ပိုဆိုးလာနိုင်တယ်လို့ပဲမြင်ပါတယ်”လို့ ပြောပါတယ်။ မဲမသာမှုအကြောင်းပြပြီး အာဏာသိမ်းခဲ့တဲ့ စစ်ကောင်စီတပ်ဟာ လာမယ့်ရွှေးကောက်ပွဲမတိုင်ခင် ၃ လအတွင်း ကချင်ဒေသတွင်းလက်လွှတ်လိုက်ရတဲ့ နေရာတွေကိုပြန်ရဖို့ စစ်ရေးအရ ထိုးစစ်ဆင်တာ သိသိသာသာလုပ်ဆောင်နေသလို တစ်ဖက်မှာလည်း မြို့တော်မြစ်ကြီးနားမြို့တွင်း အရပ်သားဖမ်းဆီးစစ်ဆေးတာ၊ ဗလမင်းထင်တံတားမှာ စစ်ဆေးရေးတင်းကြပ်တာအပြင် စက်တင်ဘာလနှောင်းပိုင်းကစပြီး ရပ်ကွက်အုပ်ချုပ်ရေးတစ်ချို့လုံခြုံရေးတိုးမြင့်လာနေတာလည်းဖြစ်ပါတယ်။ ဒါ့အပြင် မြို့တွင်းရပ်ကွက်တွေမှာလည်း စစ်ကောင်စီတပ်ဖွဲ့၊ရဲတွေဟာ အိမ်စီးကားနဲ့ ရပ်ကွက်ချင်းစပ်နေရာတွေမှာ ရှောင်တခင်စစ်ဆေးတာတွေ ပိုမိုလုပ်ဆောင်လာတယ်လို့ သိရပါတယ်။ ခုလိုဖမ်းဆီးစစ်ဆေးချိန် အင်တာနက်လိုင်းဖြတ်တောက်ထားပေမယ့် စစ်ကောင်စီပူးပေါင်းတပ်တွေဟာ ကားထဲအသင့်တပ်ဆင်ထား စတားလင့်အသုံးပြုပြီး လမ်းသွားလမ်းလာပြည်သူတွေရဲ့ဖုန်းတွေကို အလွယ်တကူဖမ်းဆီးစစ်ဆေးတာမျိုးလည်း ခပ်စိပ်စိပ်တွေ့လာရတယ်လို့ မြို့ခံအမျိုးသားတစ်ဦး KNG ကိုခုလိုပြောပါတယ်။ “သူတို့ကားထဲမှာစတားလင့်အသင့်တပ်ထားတာ စစ်ဆေးခံရပြီဆိုတာနဲ့ တစ်ခါထဲ ဖုန်းကိုဝိုင်ဖိုင်ချိတ်ပေးပြီး စစ်တော့တာပဲ။ လိုင်းမရဘူး ငါ့ဖုန်းတော့ စစ်မှာမဟုတ်ဘူးလို့မထင်ကြနဲ့ ခုက သူတို့ကားထဲမှာဝိုင်ဖိုင်စတားလင့်ကတပ်ထားပြီးသားဟုတ်တယ်”လို့ ပြောပါတယ်။  စစ်ကောင်စီတပ်ဟာ လာမယ့် ၂၀၂၅…

    Read More »
  • Sep- 2025 -
    15 September

    ပူတာအိုမှာ PPP ပါတီရွေးကောက်ပွဲအတွက် စတင်ပြင်ဆင်နေ

    ကချင်ပြည်နယ် ၊ပူတာအိုမြို့မှာ ပြည်သူ့ရှေ့ဆောင်ပါတီ(PPP) ပါတီက စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုတွေစပြီးလုပ်ဆောင်နေပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရပါတယ်။ စက်တင်ဘာလ ၁၃ ရက်နေ့ကစပြီး PPP ပါတီဟာ ပူတာအိုမြို့တွင်း ပါတီအလံထောင်တာ၊ ပါတီရုံးခန်းဖွင့်လှစ်တာတွေစတင်လုပ်ဆောင်နေပြီလို့ ပူတာအိုမြို့ခံအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။…

    Read More »
  • Aug- 2025 -
    21 August

    စစ်တပ်ရဲ့ ရွေးကောက်ပွဲအပေါ်  ကချင်နိုင်ငံရေးတက်ကြွလှုပ်ရှားသူများရဲ့သဘောထားအမြင် ဘယ်လိုရှိလဲ

    တစ်နိုင်ငံလုံးအတိုင်းတာနဲ့ လာမယ့် ဒီဇင်ဘာလ ၂၈ ရက်နေ့ရွေး‌ကောက်ပွဲကျင်းပဖို့နဲ့ရွေးကောက်ပွဲကျင်းပမယ့် မဲဆန္ဒနယ်တွေကို စစ်ကောင်စီတပ်က ဒီရက်ပိုင်းဆက်တိုက်ကြေညာလာပါတယ်။ စစ်ကောင်စီတပ်‌က ကြေညာတဲ့ ရွေးကောက်ပွဲမဲဆန္ဒနယ်တွေထဲမှာ လက်ရှိ ကချင်လွတ်လပ်ရေးတပ်မတော်နဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တို့ သိမ်းပိုက်ထားတဲ့ မြေရှားထွက်ရှိရာ ချီဖွေ၊ဆော့လော်၊ပန်ဝါအပါအဝင် ဆွမ်ပရာဘွမ်၊ အင်ဂျန်းယန်၊ မိုးမောက်၊ မံစီ၊…

    Read More »
  • Oct- 2024 -
    17 October

    သန်းခေါင်စာရင်း ဒီလကုန်အထိကောက်ယူမယ်လို့ စစ်ကောင်စီကြေညာ

    အာဏာသိမ်းစစ်ကောင်စီတပ်ဟာ သန်းခေါင်စာရင်းကို အောက်တိုဘာလ ၃၁ ရက်နေ့အထိ ထပ်တိုးကောက်ယူသွားမယ်လို့ မနေ့ကစက်တင်ဘာလ ၁၆ ရက်နေ့မှာပဲ ကြေညာလိုက်ပါတယ်။ စစ်ကောင်စီတပ်ဘက်က သန်းခေါင်စာရင်းကောက်ယူမှု ရက်တိုးတဲ့အကြောင်းကြေညာရာမှာ အကြောင်း အမျိုးမျိုးကြောင့် သန်းခေါင်စာရင်းကောက်ယူလို့မရသေးတဲ့နေရာတွေမှာ ပြန်လည်ကောက်ခံသွားမှာလို့ ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ…

    Read More »
  • 15 October

    ကသာမှာ သန်းခေါင်စာရင်းကောက်နေတဲ့အချိန် နှစ်ဖက်ပစ်ခတ်မှုဖြစ်

    စစ်ကိုင်းနဲ့ကချင်အစပ် ကသာမြို့နယ်မှာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၂ ရက်နေ့ သန်းခေါင်စာရင်းကောက်ယူနေတဲ့အချိန်ပါလာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ကာကွယ်ရေးတပ်တွေအကြား ပစ်ခတ်မှုတွေဖြစ်ခဲ့ကြတယ်လို့ ကသာပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီကသိရပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ လဆန်းကတည်းကစတင်လို့ ကသာမြို့ပေါ်ရပ်ကွက်တစ်ချို့မှာ စစ်သားတွေအပါအဝင် ရဲတပ်ဖွဲ့တစ်ချို့လုံခြုံရေးယူကာ သန်းခေါင်စာရင်းစတင်ကောက်ခံနေတာဖြစ်ပြီး ကသာမြို့နယ် ရပ်ကွက်…

    Read More »
  • 7 October

    ကချင်ပြည်နယ် မြို့နယ် ၃ ခုမှာ သန်ခေါင်စာရင်းစာတင်ကောက်ယူနေ

    ကချင်ပြည်နယ် မြို့နယ် ၃ ခုမှာ စစ်ကောင်စီတပ်က အောက်တိုဘာလဆန်းပိုင်းကစပြီး သန်ခေါင်စာင်းကောက်ယူနေပြီလို့ သိရပါတယ်။ တစ်နိုင်ငံလုံး စစ်ရေးပြင်းထန်နေချိန် စစ်ကောင်စီက ရွေးကောက်ပွဲအတွက် မဲစာရင်းတိကျဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ သန်းခေါင်စာရင်း စတင်ကောက်ယူနေပြီး  ကချင်ပြည်နယ်မှာတော့ မြစ်ကြီးနား၊ တနိုင်း၊ပူတာအိုစတဲ့မြို့တွေမှာ စတင်ကောက်ယူနေပြီလို့ သိရပါတယ်။ “ခု မြစ်ကြီးနား တစ်ချို့ရပ်ကွက်တွေတော့ကောက်နေပြီဗျ ရမ်ပူတို့ သီတာတို့မှာစပြီ။ တပ်ကုန်းမှာလည်းလာမယ်လို့တော့အကြောင်းကြားထားပြီအိမ်တွေမှာလာတော့မကောက်သေးဘူး”လို့ ရမ်ပူဒေသခံတစ်ဦး ပြောပါတယ်။ ပူတာအိုမြို့ပေါ်ရပ်ကွက်တွေမှာတော့ အောက်တိုဘာ ၂ ရက်နေ့ကနေစပြီး စတင်ကောက်ယူနေပြီလို့ပူတာအိုမြို့ လေယာဥ်ကွင်းရပ်ကွက်နေအမျိုးသားတစ်ဦးကပြောပါတယ်။ “ပူတာအိုမှာလည်းစပြီမနေ့ကနေစကောက်နေတယ် တစ်အိမ်ဝင်တစ်အိမ်ထွက် ညမှာတော့မဟုတ်ဘူးနေ့ခင်းမှာကောက်နေတာ ဘယ်မှမသွားရဘူးတစ်အိမ်တစ်ယောက်စောင့်ရမယ်ဆိုလို့တစ်နေကုန်သူတို့ကိုစောင့်နေရတာ”လို့ လေယာဥ်ကွင်းရပ်ကွက်နေအမျိုးသားတစ်ဦးကပြောပါတယ်။ စစ်ကောင်စီကအခုလိုသန်ခေါင်စာရင်းကောက်ယူရာမှာတော့ အိမ်ထောင်စုစာရင်းမှာပါဝင်တဲ့လူတစ်ဦးချင်းစီရဲ့အသက်၊ပညာအရေအချင်း၊ ကျန်းမာရေးအခြေအနေ၊ စိတ်ပိုင်းဆိုင်ရာချို့ယွင်းမှုရှိမရှိ၊ အိမ်အသုံးအဆာင်ပစ္စည်းစတဲ့အချက်အလက်တွေပါတဲ့ မေးခွန်း ၆၀ ကျော်ပါတဲ့စာတမ်းနဲ့ကောက်ယူတာအပြင်  Digital စနစ်နဲ့ကောက်ယူနေတာလို့ မြစ်ကြီးနားမြို့ခံအမျိုးသားတစ်ဦးက ပြောပါတယ်။ “ဘာတွေမေးမှန်းမသိဘူး ကျောင်းဘယ်နှစ်တန်းအထိတက်ခဲ့လဲ၊ အကြားအာရုံကောင်းလားအမြင်အာရုံကောင်းလား အဲ့တာကအစမေးတယ် အိမ်မှာအမျိုးသားဘယ်နှစ်ယောက်ရှိလဲ မေးတယ်။ ပြီးရင်သူတို့မေးတဲ့အချက်တွေကိုဖုန်းထဲမှာဖြည့်ပြီးတခါတည်းသိမ်းသွားတယ် သူတို့က ဆော့ဝဲထဲသိမ်းတာ။ ဖုန်းဆော့ဝဲထဲအချက်အလက်အကုန်သိမ်းသွားတယ်”လို့ အသက် ၄၀ ကျော်အရွယ်မြစ်ကြီးနားမြို့ခံအမျိုးသားတစ်ဦးကပြောပါတယ်။ ဒါ့အပြင်စစ်ကောင်စီက အိမ်ထောင်စုထဲကနေ ပြည်ပထွက်ခွာသူရှိပါက ပြည်ပမှာနေထိုင်နေသူရဲ့အချက်လက်အသေးစိတ်အချက်အလက်တွေကိုလည်းကောက်ယူသွားတယ်လို့ သိရပါတယ်။ စစ်ကောင်စီက လက်ရှိကောက်ယူနေတဲ့ သန်ခေါင်စာရင်းတွေကို စစ်ကောင်စီပြင်ဆင်နေတဲ့ လာမယ့်ရွေးကောက်ပွဲအတွက်အသုံးချဖို့ဖြစ်သလို ၎င်းတို့ပြဌာန်းထားတဲ့စစ်မှုထမ်း ဥပဒေအတွက် အသုံးချဖို့လည်းဖြစ်နိုင်တယ်လို့ ပြည်သူတွေက သုံးသပ်နေကြပါတယ်။ By – Zaw Zaw

    Read More »
  • 2 October

    မြစ်ကြီးနားမြို့မှာ သန်းခေါင်စာရင်းစတင်ကောက်ခံ

    ရွေးကောက်ပွဲဖြစ်မြောက်အောင်ကြိုးစားနေတဲ့ စစ်ကောင်စီက မြစ်ကြီးနားမြို့မှာ သန်းခေါင်စာရင်း စတင်ကောက်ခံနေပြီလို့ ဒေသခံတွေပြောပါတယ်။ အောက်တိုဘာလ ၁ ရက်နေ့ မနေ့ညပိုင်းကစလို့ မြစ်ကြီးနားမြို့ပေါ် ရပ်ကွက်အားလုံးနီးပါးမှာ  ရပ်ကွက်တာဝန်ရှိသူတွေကို သန်းခေါင်းစရင်းတွေ လိုက်လံကောက်ခံခိုင်းနေပြီဖြစ်တယ်လို့  ဂျန်မိုင်ကောာင်ဒေသခံအမျိုးသမီးတစ်ဦး ခုလိုပြောပါတယ်။ “ရက်ကွက်တချို့မှာတော့ စက်တင်ဘာ ၃၀ ရက်နေ့ညကစပြီး စကောက်နေပြီ။ အများပိုင်းကတော့ ဒီနေ့ညမှလိုက်ကောက်နေတယ်။ စစ်တပ်က အုပ်ချူပ်ရေးမှူးတွေကို စာရွက်တွေပေးထားတယ်။ အုပ်ချူပ်ရေးမှူးတွေက တစ်အိမ်ဝင်တစ်အိမ်ထွက် သန်းခေါင်စရင်းဖြည့်ဖို့ စာရွက်လိုက်ပေးတယ်။ ပြန်ဝင်ယူမယ်နော် ဆိုပြီး တစ်အိမ်ကို စာရွက် ၂ ရွက်စီ လိုက်ပေးတယ်။” လို့ ပြောပါတယ်။ စစ်ကောင်စီရဲ့ညွှန်ကြားမှုနဲ့ ရပ်ကွက်တာဝန်ရှိသူတွေဟာ စက်တင်ဘာ ၃၀ ရက်နေ့ကစပြီး မြစ်ကြီးနားမြို့တွင်း ရပ်ကွက်တချို့မှာ သန်းခေါင်စရင်းစကောက်ခံခဲ့တာဖြစ်ပြီး မနေ့ညအထိ ရပ်ကွက်အားလုံးနီးပါးမှာ လိုက်လံကောက်ခံနေပြီလို့ ဆိုပါတယ်။ သန်းခေါင်စာရင်းအတွက် နာမည်တွေဖြည့်စွက်ဖို့ စာရွက်တွေကို ရပ်ကွက်၊နယ်မြေမှူးတွေက တစ်အိမ်ဝင်တစ်အိမ်ထွက်လိုက်လံပေးထားပြီး ပြန်ဝင်ယူတဲ့ပုံစံနဲ့  လိုက်လံကောက်ပေးနေတာလို့ သိရပါတယ်။ အဲဒါအပြင် သန်းခေါင်စရင်းကောက်ခံဖို့ ပညာရေးဝန်ထမ်းတွေကိုလည်း စစ်ကောင်စီက တာဝန်ပေးအပ်ထားကြောင်း ဆက်လက်သိရပါတယ်။ “တစ်နှစ်မဟုတ် တစ်နှစ်တော့သူတို့ ရွေးကောက်ပွဲလုပ်နိုင်အောင် ကြိုးစားနေတာပေါ့။ အခုက ကချင်မှာဆို အကြပ်အတည်းပိုဖြစ်လာတော့ သူတို့လည်း တစ်ဖက်မှာ ရွေးကောက်ဖြစ်အောင်တော့ ကြိုးစားနေတာတွေ့ရတယ်။ ပညာရေးဝန်ထမ်းတွေ၊ ရပ်ကွက်အုပ်ချူပ်ရေးမှူးတွေကိုလည်း ဖိအားပေးတာတွေရှိနေတယ်လို့ ပြောတယ်။ အဲဒါကြောင့် နယ်မြေမှူးတွေ၊ ဆရာ၊ဆရာမတွေ လုပ်သာလိုက်လုပ်ပေးနေတာ သူတို့လည်းလုံခြုံရေးကိုက စိုးရိမ်ရနဲ့ ဖြစ်နေတယ်။” လို့ မြစ်ကြီးနားဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။ အောက်တိုဘာလ ၁ ရက်နေ့ကစပြီး ၁၅ ရက်ကြာ ပြည်လုံးကျွတ် သန်းခေါင် စာရင်းကောက်ပေးဖို့အတွက် စစ်ကောင်စီတပ်ဟာ ပညာရေးဝန်ထမ်းတွေနဲ့ ရပ်ကွက်နယ်မြေမှူးတွေကို ဖိအားပေး ခြိမ်းခြောက်မှုတွေလည်း မြို့နယ်တော်တော်များများမှာ ဖြစ်ပွားနေတာဖြစ်ပါတယ်။ စစ်ကောင်စီဟာ နိုင်ငံ‌ရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းနိုင်ရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို လက်နက်စွန့်ပြီး ပါတီနိုင်ငံရေးလမ်းကြောင်း၊ ‌ရွေးကောက်ပွဲလမ်းကြောင်းတွေကနေ ပူးပေါင်းပါဝင်ဖို့ ဖိတ်ခေါ်ကြောင်း ထုတ်ပြန်ထားတွေလည်းရှိပါတယ်။ By – ဂျာဘောက်ရာ

    Read More »
Back to top button