စစ်ပြေးဒုက္ခသည်များ

  • Aug- 2026 -
    7 August

    မော်ဝမ်းလေး စစ်ရှောင်တွေ ပြန်လည်ထူထောင်ရေးအတွက် အကူညီလိုအပ်နေ

    ဖားကန့်မြို့နယ် မော်ဝမ်းလေးကျေးရွာအုပ်စု၊ ဆွတ်ငိုင်ယန်ကျေးရွာက စစ်ရှောင်ပြည်သူတွေဟာ လက်နက်နှစ်ဖက်တပ်ဖွဲ့တွေရဲ့ ညှိနှိုင်းမှုနဲ့ နေရပ်ပြန်တော့မှာဖြစ်တာကြောင့်  ပြန်လည်ထူထောင်ရေးအတွက် အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

    Read More »
  • Jul- 2026 -
    16 July

    ကချင်စစ်ရှောင်အမျိုးသမီးတွေ အသက်မွေးဝမ်းကျောင်းအခွင့်အလမ်း လိုအပ်နေ

    ကချင်ဒေသရှိ စစ်ရှောင်စခန်းတွေမှာ အမျိုးသမီးတွေ ကိုယ်တိုင် ဝင်ငွေရှာဖွေနိုင်မယ့် အသက်မွေးဝမ်းကျောင်း အလုပ်အကိုင်အခွင့်အလမ်း နည်းပါးနေတယ်လို့ စစ်ရှောင်စခန်းတာဝန်ခံတွေက ပြောပါတယ်။ အာဏာမသိမ်းမီက ကချင်ဒေသရှိ စစ်ဘေးရှောင်အမျိုးသမီးတွေအတွက် အရပ်ဘက်အဖွဲ့အစည်းတွေက အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေကို ပံ့ပိုးပေးခဲ့ပေမယ့် အာဏာသိမ်းပြီးနောက် အဲဒီလို ထောက်ပံ့မှုတွေ သိသိသာသာ…

    Read More »
  • Jun- 2026 -
    25 June

    တောထဲတဲထိုးနေရတဲ့ စစ်ရှောင်များ အရေးပေါ်အကူအညီလိုအပ်နေ

    ကချင်ပြည်နယ် ရွှေကူမြို့နယ်တွင်း တိုက်ပွဲကြောင့်တောထဲထွက်ပြေးတိမ်းရှောင်နေကြတဲ့  စစ်ဘေးရှောင်ပြည်သူတွေ နေရာထိုင်ခင်းနဲ့ဆေးဝါးအကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

    Read More »
  • 22 June

    စစ်ရှောင်စခန်းက ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးအကူအညီလိုအပ်

    ကချင်ပြည်နယ်ထဲက စစ်ဘေးရှောင်စခန်းတချို့မှာ ကိုယ်ဝန်ဆောင်မိခင်တွေ ကျန်းမာရေးစောင့်ရှောက်မှု အကူအညီတွေ လိုအပ်နေတယ်လို့ စစ်ရှောင်စခန်းတာဝန်ခံတွေဆီက သိရပါတယ်။ အထူးသဖြင့် အင်းတော်ကြီး၊ ဖားကန့်နဲ့ မြစ်ကြီးနားမြို့နယ်ထဲက မြို့နဲ့အလှမ်းဝေးတဲ့ ကျေးလက်ဒေသတွေမှာ တိမ်းရှောင်နေကြရတဲ့ ကိုယ်ဝန်ဆောင်မိခင်တွေဟာ အရေးပေါ်ဖျားနာတဲ့အခါ ဆေးဝါးအကူအညီတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။ စစ်ရှောင်အမျိုးသမီးတစ်ဦးကတော့ “ဆေးရုံနဲ့ ဆေးပေးခန်းတွေတော့ ရှိတယ်။ ဒါပေမဲ့ ဆေးဝါးမရှိဘူး။ ကလေးမွေးဖို့ နေရာတွေလည်း မရှိတော့ မိခင်တွေက မြို့ပေါ်ကို သွားရတယ်။ ဒါပေမဲ့ အခုအခြေအနေမှာ စစ်ဆေးရေးဂိတ်တွေများပြီး သွားလာရေးက ခက်ခဲနေတယ်” လို့ ပြောပါတယ်။ ကိုယ်ဝန်ဆောင်မိခင်တွေဟာ ကလေးမွေးဖွားဖို့နဲ့ အရေးပေါ်ဖျားနာတဲ့အချိန်တွေမှာ လိုအပ်တဲ့ ဆေးဝါးတွေမရှိတာကြောင့် အခက်အခဲတွေ ကြုံနေရတာဖြစ်တယ်လို့လည်း သူက ဆက်ပြောပါတယ်။ လတ်တလော မြစ်ကြီးနားမြို့ပြင် ဧရာဝတီမြစ်ကမ်းဘေးက တာလောကြီး၊ ရေကြည်၊ တာပတောင်းနဲ့ ဟိုကပ် စတဲ့ ပြန်လည်နေရာချထားရေးစခန်းတွေနဲ့ နေရပ်ပြန်ကျေးရွာတွေမှာ ဆေးပေးခန်းတွေရှိပေမဲ့ ဆေးဝါးမလုံလောက်တဲ့ အခြေအနေ ရှိနေတယ်လို့ သိရပါတယ်။ ဒါ့အပြင် တာလောကြီးနဲ့ တာပတောင်းဘက်ကနေ ဝိုင်းမော်–မြစ်ကြီးနားသွားတဲ့ လမ်းပိုင်းကိုလည်း ရက်နဲ့အချိန် ကန့်သတ်ပြီးသာ ဖွင့်ပေးထားတာကြောင့် ဖျားနာလာတဲ့အခါ မြို့ပေါ်ကို သွားရောက်ကုသဖို့ စိန်ခေါ်မှုတွေ ရှိနေပါတယ်။ အလားတူ အင်းတော်ကြီးအနောက်ဘက်ခြမ်းမှာ တိမ်းရှောင်နေကြတဲ့ စစ်ဘေးရှောင်တွေမှာလည်း မိုးရာသီကာလဖြစ်တာကြောင့် ဖျားတာ၊ ဝမ်းပျက်ဝမ်းလျှောရောဂါတွေအဖြစ်များနေပေမယ့် ဆေးဝါးရရှိဖို့ ခက်ခဲနေတယ်လို့ သိရပါတယ်။ “အင်းတော်ကြီးအနောက်ဘက်မှာ တိမ်းရှောင်နေကြတဲ့ စစ်ဘေးရှောင်တွေမှာ အခုချိန်က မိုးရာသီဆိုတော့ ဖျားနာတာတွေ အရမ်းများနေတယ်။ ဖျားတာတွေ အရမ်းဖြစ်နေတယ်။ ပြီးခဲ့တဲ့ အပတ်ကနေ အခုလည်း တချို့တွေဆက်ဖြစ်နေတုန်း။ ဝမ်းလျှောတာတွေ အဓိကဖြစ်တယ်။ စစ်ရှောင်စခန်းတွင်းမှာ အဲလိုတွေဖြစ်နေပေမဲ့ ဆေးဝါးအရမ်းခက်ပါတယ်။ ဆေးဝါးခက်ခဲမှုက လမ်းသွားလမ်းလာ သယ်ယူနိုင်ဖို့လည်း ခက်ခဲတဲ့အခြေအနေကြောင့် ဝယ်ပြီး ဆေးထိုးနိုင်ဖို့တောင် တော်တော်စျေးကြီးလို့ ခက်ခဲနေကြပါတယ်။”လို့ နန့်မွန်းစစ်ရှောင်စခန်း တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ အင်းတော်ကြီးဒေသမှာ ကျေးရွာတိုင်းနီးပါး စစ်ဘေးရှောင်တွေ ခိုလှုံနေကြရပြီး ညောင်ပင်ကျေးရွာမှာ စစ်ရှောင်စခန်း ၂ ခု ဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။ ဒီစစ်ဘေးရှောင်စခန်းတွေဆီကို ကျန်းမာရေးကူညီစောင့်ရေးအဖွဲ့အစည်းတချို့  လာရောက်ကူညီတာတွေ တစ်ခါတစ်ရံရှိပေမယ့် အဲဒီအဖွဲ့အစည်းတွေမှာလည်း အရင်လို လွတ်လပ်စွာသွားလာဖို့ ခက်ခဲသွားတဲ့အပြင် ဆေးဝါးရိက္ခာပြတ်လပ်တဲ့ ပြဿနာတွေရှိနေတယ်လို့ သိရပါတယ်။ ဒါ့အပြင် KIO ထိန်းချုပ်ထားတဲ့ ဒေသတွေမှာရှိကြတဲ့ စစ်ဘေးရှောင်တွေကို KIO အစိုးရမှ လက်လှမ်းမှီသလောက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေ လုပ်ဆောင်ပေးတာ ရှိနေပေမယ့် စစ်ဘေးရှောင်တွေမှာ ဆေးဝါးပြတ်လပ်တဲ့ ပြဿနာတွေ ရှိနေဆဲဖြစ်နေပါတယ်။ ကချင်ပြည်နယ်အတွင်း အင်းတော်ကြီးဒေသ၊ ဖားကန့်မြို့နယ်နဲ့ မိုးကောင်းမြို့နယ်၊ မြစ်ကြီးနားမြို့ပြင်၊  နောင်းချိန်းကျေးရွာအုပ်စုအပြင် KIO ထိန်းချုပ်ထားတဲ့ ဆွမ်ပရွာဘွမ်မြို့နယ်နဲ့ မိုးမောက်၊ မံစီ၊ ဒေါ့ဖုန်းယန် စတဲ့နေရာဒေသအသီးသီးက စစ်ဘေးရှောင်တွေ၊ မြို့နဲ့ဝေးပြီး သွားလာရခက်ခဲတဲ့ ကျေးလက်တောရွာတွေထဲ တိမ်းရှောင်နေသူတွေ ကျန်းမာရေးစောင့်ရှောက်မှု များစွာလိုအပ်နေတာလည်း ဖြစ်ပါတယ်။  ခုလို မြို့နဲ့အလှမ်းဝေးပြီး သွားလာရခက်ခဲတဲ့ နေရာတွေမှာရှိတဲ့ စစ်ဘေးရှောင်တွေဟာ မိုးရာသီကို ဖြတ်သန်းဖို့ စိန်ခေါ်မှုများစွာ ရင်ဆိုင်နေရကြတယ်လို့လည်း သိရပါတယ်။ By – ဂျာဘောက်ရာ

    Read More »
  • 10 June

    ကချင်ဒေသ စစ်ရှောင်အရေး အကူအညီနှင့်ကာကွယ်မှု တိုးမြှင့်ရန် တောင်းဆို

    ကချင်ဒေသက စစ်ဘေးသင့်ပြည်သူတွေကို ကာကွယ်စောင့်ရှောက်မှုနဲ့ အကူအညီတွေ တိုးမြှင့်ပေးဖို့ အရပ်ဘက်အဖွဲ့အစည်း ၁၂၉ ဖွဲ့က ဇွန်လ ၉ ရက်နေ့မှာ တောင်းဆိုလိုက်ပါတယ်။ ဇွန်လ ၉ ရက်နေ့ဟာ KIA နဲ့ စစ်ကောင်စီတပ်တို့ကြား တစ်ကျော့ပြန်တိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့တာ ၁၅ နှစ်ပြည့်တဲ့နေ့လည်း ဖြစ်ပါတယ်။ UNHCR ရဲ့ ထုတ်ပြန်ချက်အရတော့ ၂၀၂၁ မတိုင်ခင်က ကချင်မှာ စစ်ရှောင်ဦးရေ ၆၈,၄၀၀ လောက်ပဲ ရှိခဲ့ပေမယ့် အာဏာသိမ်းပြီးနောက်ပိုင်း ၁၇၆,၁၀၀ လောက် ထပ်တိုးလာပြီး စုစုပေါင်း ၂၄၄,၅၀၀ ကျော်အထိ ရှိလာပြီလို့ဆိုပါတယ်။ ဒီစစ်ဘေးရှောင်တွေကတော့ လေကြောင်းတိုက်ခိုက်မှု၊ ဒရုန်းနဲ့ လက်နက်ကြီးအန္တရာယ်တွေကိုပါ ရင်ဆိုင်နေရပြီး အစားအသောက်၊ နေရာထိုင်ခင်း၊ ကျန်းမာရေးနဲ့ ပညာရေး အကူအညီတွေ အရေးပေါ်လိုအပ်နေတယ်လို့ သိရပါတယ်။ ဒါပေမယ့် တစ်ဖက်မှာတော့ နိုင်ငံတကာအကူအညီတွေကလည်း ကမ္ဘာ့နိုင်ငံရေးပဋိပက္ခတွေကြောင့် လျော့နည်းလာနေပြီး အကူအညီတွေကလည်း စစ်ကောင်စီကတစ်ဆင့် ဖြတ်သန်းရတာကြောင့် မြေပြင်ထိ မရောက်တာတွေ ရှိနေတယ်လို့ ဆိုပါတယ်။ ဒီအခြေအနေနဲ့ပတ်သက်ပြီး ကချင်အမျိုးသမီးအစည်းအရုံး (KWAT) ပြောရေးဆိုခွင့်ရှိသူ မဆန်ထွယ်ကတော့ ခုလိုပြောပါတယ်။ “အကူအညီရောက်ဖို့ခက်တဲ့ ဒေသတွေမှာ လုပ်ကိုင်နေတဲ့ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းလုပ်ဆောင်ဖို့ အရမ်းအရေးကြီးတယ်လို့ မြင်ပါတယ်။ အာဆီယံအနေနဲ့လည်း မြန်မာနိုင်ငံတိုးတက်ပြောင်းလဲလာမယ်ဆိုရင် ရွေးတုစစ်အစိုးရကို မထောက်ခံဘဲ တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ NUG နဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့တွေကို ထိတွေ့ဆက်ဆံမှုတွေ များများလုပ်ပေးဖို့ တောင်းဆိုချင်ပါတယ်”လို့ပြောပါတယ်။ ကချင်ဒေသတစ်ကြော့ပြန် စစ်ဘေး တိမ်းရှောင်ခဲ့ရတာဟာ စစ်ခေါင်းဆောင်ဗိုလ်ချုပ်ဦးနေဝင်းလက်ထက် ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ စစ်တပ်တို့အကြား ၁၉၉၄ခုနှစ်တုန်းက ချုပ်ဆိုထားတဲ့ အပစ်အခတ်ရပ်ဆဲရေး စာချုပ်ပျက်ပြယ်သွားတဲ့အတွက် ဖြစ်ပါတယ်။ အဲဒီစာချုပ်ဟာ ၂၀၀၈ခြေဥပေါ်ပေါက်လာတဲ့နောက်ပိုင်း  မြန်မာစစ်တပ်ဘက်က ကေအိုင်အေကို နယ်ခြားစောင့်တပ်အနေနဲ့ အသွင်းပြောင်းဖို့ ဖိအားပေးရာကနေ  စတင်ပျက်စီးလာခဲ့တာ ဖြစ်ပါတယ်။ ဒီလိုနဲ့  ၁၅နှစ်ကျော်ကြာ ရပ်တန့်ထားတဲ့ ကေအိုင်အေနဲ့ စစ်ကောင်စီရဲ့ အပစ်အခတ်ရပ်ဆဲရေး သဘောတူစာချုပ်ဟာ ၂၀၁၁ခုနှစ် တစ်ကြော့ပြန်တိုက်ပွဲနဲ့အတူ  ပြန်လည် အမှန်တကယ် ပြတ်ဆဲသွားခဲ့ပါတယ်။ ၁၉၉၄ အပစ်အခတ်ရပ်စဲရေး ပျက်ပြယ်ပြီးနောက် ၂၀၁၁ ခုနှစ်ကစပြီး တစ်ကျော့ပြန်တိုက်ပွဲတွေ ပြန်ဖြစ်လာတာကြောင့် စစ်မီးတွေ ဆက်လက်တောက်လောင်ပြီး ပြည်သူတွေ စစ်ဘေးသင့်လာတာ ဖြစ်ပါတယ်။ ကချင်နိုင်ငံရေး လေ့လာသုံးသပ်သူ တစ်ဦးကတော့ စစ်တွေ ချုပ်ငြိမ်းပြီး ငြိမ်းချမ်းဖို့ အတွက်ကတော့ စစ်ဘဲ တိုက်နေကြတာက အဖြေမဟုတ်သလို နိုင်ငံရေးနည်းလမ်းအရ ဆွေးနွေးဖြေရှင်းဖို့ရန်လည်း အရေးကြီးတယ်လို့ ခုလိုသုံးသပ်ပြောဆိုပါတယ်။ “နိုင်ငံရေး စကားဝိုင်းမှာ ဆွေးနွေးတာက အဓိကဟုတ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အတူတကွ နိုင်ငံရေးဆွေးနွေးမှုတွေ ပြုလုပ်လို့လည်း မြန်မာနိုင်ငံ လွတ်လပ်ရေးရတာဟုတ်တယ်။ အဲတာကို ကြည့်ရင်တော့ ဆွေးနွေးတိုင်ပင်မှုတွေက အရမ်း အရေးကြီးတာကို တွေ့ရပါတယ်”လို့ ခုလိုဆက်ပြောပါတယ်။ ဒါပေမယ့် တစ်ဖက်တည်းကပဲ ရယူတာ၊ ပေးနေရတာမျိုးမဟုတ်ဘဲ ရသင့်ရထိုက်တာတွေကို မျှမျှတတ ဆွေးနွေးပြီး ကတိကဝတ်တွေကို တည်မှသာ ကောင်းမွန်တဲ့အဖြေ ရနိုင်မယ်လို့ ဆိုပါတယ်။ တစ်ဖက်မှာတော့ ကချင်ဒေသမှာ စစ်ဘေးရှောင်တချို့ နေရပ်ပြန်လာတာတွေရှိပြီး ၂၀၂၅ ဖေဖော်ဝါရီလကစတင်ပြီး ပြန်လာသူတွေ ရှိလာတယ်လို့ သိရပါတယ်။ UNHCR အရ ၂၀၂၁ မတိုင်ခင် စစ်ရှောင်ဦးရေ ၇၅,၀၀၀ လောက်ရှိခဲ့ပေမယ့် ၂၀၂၆ ဖေဖော်ဝါရီမှာ ၆၈,၄၀၀ အထိ လျော့ကျသွားပေမယ့် ၀၂၁ နောက်ပိုင်း စစ်ရှောင်ဦးရေကတော့ ၁၅၉,၅၀၀ ကနေ ၂၀၂၆ ဧပြီမှာ ၁၇၇,၀၀၀ အထိ တိုးလာတယ်လို့ဖော်ပြထားပါတယ်။ လက်ရှိမှာတော့ စစ်ဘေးရှောင်တွေအတွက် အစားအသောက်၊ ကျန်းမာရေး၊ ပညာရေး အကူအညီတွေလိုအပ်နေသလို နေရပ်ပြန်သူတွေအတွက်လည်း အကူအညီလိုအပ်နေဆဲ ဖြစ်သလို နေရပ်ပြန်သူတွေမှာ မြေမြှုပ်မိုင်းနဲ့ စစ်လက်နက်အကြွင်းအကျန်အန္တရာယ်တွေကိုလည်း စိုးရိမ်နေရဆဲဖြစ်တယ်လို့ သိရပါတယ်။ By –…

    Read More »
  • 9 June

    ၁၅ နှစ်ကြာလာတဲ့ ကချင်လူထုရဲ့ စစ်ရှောင်ခရီး

    ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ် ဇွန်လ ၉ ရက်နေ့မှာ ပြန်လည်စတင်ခဲ့တဲ့ ကချင်ဒေသ စစ်ပွဲဟာ ဒီကနေ့မှာ ၁၅ နှစ်တိတိ ပြည့်မြောက်သွားပြီ ဖြစ်ပါတယ်။ 

    Read More »
  • May- 2026 -
    27 May

    ကချင်ဒေသ နေရပ်ပြန်စစ်ရှောင်များ  ကူညီမှုလိုအပ်နေ

    ကချင်ဒေသမှာ နေရပ်ပြန်စစ်ဘေးရှောင်တွေအတွက် ပြန်လည်ထူထောင်ရေးနဲ့ လူမှုစာနာထောက်ထားရေးအပိုင်းတွေမှာ ဒေသတွင်း ကချင်အမျိုးသားရေးအဖွဲ့အစည်းတွေအနေနဲ့ ရေရှည်မူဝါဒတွေ သေချာထားရှိပြီး ကူကာကွယ်ပေးသင့်တယ်လို့ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတွေက ထောက်ပြနေပါတယ်။

    Read More »
  • 22 May

    စစ်ရှောင်တွေကို စစ်တပ်က နေရာပြောင်းရွှေ့ခိုင်းထားတယ်လို့ဆို

    ရှမ်းမြောက် မိုးမိတ်နဲ့ မဘိမ်းကြားမှာရှိနေတဲ့ စစ်ဘေးရှောင်တွေကို နေရာပြောင်းရွှေ့ဖို့ စစ်တပ်က ပြောဆိုထားတာကြောင့် စစ်ဘေးရှောင်တချို့ တုံးကြီးဘက်ကို ပြောင်းဖို့ ပြင်ဆင်နေကြတယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်ဟာ မိုးမိတ်ဘက်ကနေ KIA ထိန်းချုပ်ထားတဲ့ မဘိမ်းမြို့ဘက်ကို စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတဲ့အတွက် ကြားထဲမှာရှိတဲ့ စစ်ဘေးရှောင်တွေနဲ့ ရွာသားတွေကို ကြိုတင်တိမ်းရှောင်ကြဖို့ ပြောဆိုနေတာလည်း ဖြစ်ပါတယ်။ “မိုးမိတ်နဲ့ ဘော်ဒဲရွာက ဒေသခံတချို့က အခု စစ်ဘေးရှောင်နေတဲ့နေရာကနေ တောင်ကြီးကို ထပ်ပြီးပြောင်းရွှေ့ဖို့ ပြင်ဆင်ထားကြပြီ။ အခုနေနေတဲ့ရွာကတော့ ဗမာတွေ အများစုနေတဲ့ရွာမှာ နေနေတာ။ စစ်ဖြစ်လာရင်တော့ အားလုံး ထပ်ရှောင်ကြရလိမ့်မယ်” လို့ မိုးမိတ်စစ်ဘေးရှောင်တွေကို ကူညီပေးနေသူတစ်ဦးက ပြောပါတယ်။ မိုးမိတ်နဲ့ ဘော်ဒဲကျေးရွာက ဒေသခံတချို့ဟာ လက်ရှိ မဘိမ်းသွားလမ်းပေါ်က ဘဟဲကျေးရွာမှာ စစ်ဘေးရှောင်နေကြတာဖြစ်ပြီး စစ်တပ်က မဘိမ်းဘက်ကို ထိုးစစ်ဆင်ဖို့ ပြင်ဆင်နေတာတွေရှိတဲ့အတွက် စစ်ဘေးရှောင်တွေပါ ထပ်မံပြောင်းရွှေ့ရမယ့် အခြေအနေ ဖြစ်နေတယ်လို့ ဆိုပါတယ်။ လက်ရှိ တုံးကြီးကို ပြောင်းဖို့ ပြင်ဆင်ထားတဲ့ စစ်ဘေးရှောင်အိမ်ထောင်စု ၅၀ လောက်ရှိနေပြီး အဲဒီစစ်ဘေးရှောင်တွေဟာ အခက်အခဲမျိုးစုံနဲ့ ရင်ဆိုင်နေရတယ်လို့လည်း သိရပါတယ်။ မိုးမိတ်မြို့ကို တအာင်းတပ် TNLA က၂၀၂၄ ခုနှစ် ဇူလိုင် ၃၁ ရက်နေ့မှာ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပေမယ့် နောက်ပိုင်းမှာ စစ်တပ်ထံ ပြန်လည်လွှဲပြောင်းပေးလိုက်ရတာဖြစ်ပါတယ်။ ဒါကြောင့်ဒေသခံတွေနဲ့စစ်ဘေးရှောင်တွေဟာ အချိန်မရွေးတိုက်ပွဲတွေ ပြန်ဖြစ်လာနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေကြောင့် မိုးမိတ်နဲ့ ဘော်ဒဲဒေသခံတချို့ဟာ လက်ရှိ တိုက်ပွဲတွေ ငြိမ်နေသေးပေမယ့် ကိုယ့်နေရပ်ကို မပြန်ရဲကြသေးဘဲ ဆက်လက်တိမ်းရှောင်နေကြရတာ ဖြစ်ပါတယ်။ “TNLA တွေ မိုးကုတ်နဲ့ မိုးမိတ်ကို စစ်တပ်ဆီ ပြန်ပေးဖို့ ပြင်ဆင်လာတဲ့အချိန်ကတည်းက စစ်တပ်တွေ ဝင်လာရင် ဘာဖြစ်ဖြစ် တိုက်ပွဲပြန်ဖြစ်လာမှာပဲဆိုပြီး ကြောက်လို့ တိမ်းရှောင်ခဲ့ကြတာ ဖြစ်တယ်။ အခုလည်း ဘယ်အချိန် ဘယ်လိုတိုက်ပွဲတွေ ဖြစ်လာမလဲမသိတော့ မိုးမိတ်နဲ့ ဘော်ဒဲရွာခံတွေက ကိုယ့်နေရပ်ကို မပြန်လာကြသေးတာ” လို့ စစ်ဘေးရှောင်တွေကို ကူညီနေသူက ဆက်ပြောပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ ၂၀၂၅ ခုနှစ် နိုဝင်ဘာလမှာတော့ စစ်တပ်နဲ့ တရုတ်ရဲ့ဖိအားတွေကြောင့် TNLA က မိုးမိတ်ကနေ ဆုတ်ခွာပြီး စစ်တပ်ထံ ပြန်လည်လွှဲပြောင်းပေးခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် စစ်ကောင်စီတပ်ဟာ ဒီနှစ်အတွင်း မိုးမိတ်မြို့မှာ အုပ်ချုပ်ရေးယန္တရား ပြန်လည်လည်ပတ်နိုင်ဖို့လည်း ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ဒါပေမယ့် လတ်တလောမှာတော့ စစ်ကောင်စီတပ်တွေက KIA ထိန်းချုပ်ထားတဲ့ မြစ်ဆုံရွာကို အရင်ထိုးစစ်ဆင်ပြီး မဘိမ်းဘက်ကို စစ်ရေးဦးတည်နေတယ်လို့ ဒေသခံတွေက သုံးသပ်နေကြပါတယ်။ တစ်ဖက်မှာလည်း တော်လှန်ရေးတပ်ဖွဲ့တွေက အခိုင်အမာနေရာယူထားပြီး စစ်တပ်ကို ပြန်လည်ခုခံဖို့ ပြင်ဆင်နေကြတာကြောင့် အခြေအနေကတင်းမာနေဆဲဖြစ်တယ်လို့ သိရပါတယ်။ ရှမ်းမြောက်၊ မိုးမိတ်မြို့နယ်ဟာ ကချင်ပြည်နယ်နဲဲ့ထိစပ်နေတဲ့မြို့နယ်ဖြစ်ပါတယ်။ By – ဂျာဘောက်ရာ

    Read More »
  • 7 May

    ကံလှ စစ်ရှောင်တွေ သောက်သုံးရေအခက်အခဲဖြစ်နေ

    မိုးကောင်းမြို့နယ်၊ နမ္မတီးမြို့ ကံလှကျေးရွာ ကချင်နှစ်ခြင်းခရစ်ယာန် KBC ဘုရားကျောင်းဝင်မှာရှိတဲ့ စစ်ရှောင်စခန်းမှာ သောက်သုံးရေအခက်အခဲဖြစ်နေတဲ့အတွက် ကူညီဆောင်ရွက်ပေးဖို့ တောင်းဆိုထားပါတယ်။

    Read More »
  • Apr- 2026 -
    21 April

    ကသာမြို့ထဲဝင်ခွင့်မပြုသေးသော်လည်းဒေသခံများနေရပ်ပြန်

    စစ်ကိုင်းနဲ့ကချင်အစပ်မှာရှိတဲ့ ကသာမြို့ကို ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ပြန်ဝင်ရောက်ခွင့်မပြုသေးသော်လည်း မြို့ခံအများ အပြား ဒီရက်ပိုင်းအတွင်းမှာဘဲနေရပ်ပြန်လာကြတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

    Read More »
Back to top button