,
အာဏာသိမ်း စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ တွေ့ဆုံဆွေးနွေးရေး ဖိတ်ခေါ်ချက်ကို ပါဝင်မည် မဟုတ်သေးကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဗဟိုကော်မတီ က ယနေ့ သဘောထား ထုတ်ပြန်လိုက်သည်။ ယခု တွေ့ဆုံဆွေးနွေးပွဲတွင် ပါဝင်သင့်သော အဖွဲ့အစည်းများအားလုံးကို ဖိတ်ကြားမှုမရှိခြင်းနှင့် အပြုသဘောဆောင်သော ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပြုလုပ်သွားမည်သာဟု ကမ်းလှမ်းချက်တွင် ပါရှိသောကြောင့် တက်ရောက်မည် မဟုတ်ကြောင်း ကချင်လွတ်လပ်အဖွဲ့ KIO ဗဟိုပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူ က KNG သတင်းဌာနကို
စစ်ကောင်စီကို ရင်ဆိုင်တိုက်ခိုက်သူတွေအနေနဲ့ ပြည်သူလူထုနဲ့သက်ဆိုင်တဲ့နေရာတွေကို ဖောက်ခွဲဖျက်ဆီးမှုမျိုးမဖြစ်အောင် သတိပြုကြဖို့ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဥက္ကဋ္ဌ ရဲ့ နှစ်သစ်ကူး မိန့်ခွန်းမှာ တိုက်ခိုက်ပြောဆိုထားပါတယ်။ “စစ်အာဏာရှင်ကို ရင်ဆိုင်တိုက်ခိုက်နေတဲ့အဖွဲ့တွေကို တိုက်တွန်းချင်ပါတယ်။ လူထုနဲပတ်သက်တဲ့ နေရာတွေ၊ စာသင်ကျောင်း၊ ဆေးရုံ နဲ့ အခြား ၏ စစ်တပ်နဲ့ တိုက်ရိုက်မသက်ဆိုင်သူတွေကို ရန်ရှာ၊ ခြိမ်းခြောက်မှုတွေနဲ့အတူ ဖောက်ခွဲဖျက်ဆီးမှုများမဖြစ်အောင် သတိပြုကြပါ။ တော်လှန်ရေးလုပ်နေတဲ့သူတွေကို ကမ္ဘာက အရေးယူဖို့ လုပ်ဆောင်တာမျိုးမဖြစ်လာဖို့ တရားမျှတစွာလုပ်ကြဖို့ တိုက်တွန်းထားလိုပါတယ်” လို့
လူမျိုးကြီးဝါဒကျင့်သုံးပြီး အုပ်ချုပ်နေသော စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ် ချေမှုန်းသွားရန် KIO အနေဖြင့် ဗမာပြည်သူလူထု၊ အဖွဲ့အစည်းများဖြင့် လက်တွဲလုပ်ဆောင်နေကြောင်း ယနေ့ ကျရောက်သော ကချင်အာဇာနည်နေ့တွင် KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ ၏ မိန့်ခွန်းတွင် ပါရှိသည်။ (more…)
ဗန်းမော်-လိုင်ဇာ ကားလမ်းမပေါ်ရှိ ဒေါ့ဖုန်းယန်မြို့၏ ၂ မိုင်ပတ်လည်တွင် အာဏာသိမ်းစစ်တပ်က မြေမြုပ်မိုင်း ထောင်ထားလိုက်သဖြင့် မြို့ပြင်ဘက်တွင် အသက်မွေးဝမ်းကြောင်းလုပ်ငန်း လုပ်ကိုင်နေကြသော ပြည်သူများအတွက် အသက်အန္တရယ် စိုးရိမ်နေရကြောင်း သိရသည်။ (more…)
ကချင်ပြည်နယ်တွင် ပြီးခဲ့သော လများအတွင်း တိုက်ပွဲများကြောင့် စစ်ရှောင်လူဦးရေ ၈၅၀၀ ခန့် ထွက်ပေါ်ခဲ့ပြီး အများစုမှာ မိုးမောက် ၊ မံစီနှင့် ရွှေကူမြို့နယ်များမှ ဖြစ်ကြောင်း Joint Strategy Team ၏ ထုတ်ပြန်ချက်မှ သိရသည်။ (more…)
မတရားအာဏာသိမ်းပြီး ပြည်သူလူထုကို ပြန်လည်ပစ်သတ်သော စစ်တပ်ကို အမြစ်ဖျက်ချေမှုန်းရန် ပြည်သူ့ကာကွယ်ရေးတပ်မတော် ‘People Defence Force’ ကို ဖွဲ့စည်းကြောင်း မေလ ၅ ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ NUG က ကြေညာထားသည်။ (more…)
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင်ရှိ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၆ တပ်ရင်း ၉ နယ်မြေ တီမာ (Dima) ကျေးရွာအနီးတွင် အစိုးရစစ်တပ်နှင့် KIA တပ်တို့ တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေကြောင်း သိရသည်။ (more…)
စစ်အစိုးရမှ ပုဒ်မ ၁၄၄ ထုတ်ပြန်ပြီးနောက် စစ်အာဏာရှင် ဆန့်ကျင်သော ကချင်ပြည်နယ်လူထုကို သေကြေထိခိုက်အောင်ပြုလုပ်လာမည်ဆိုပါက ကချင်လွတ်လပ်ရေးအဖွဲ့ KIO အနေဖြင့်လည်း လူထုဘက်မှ ပါဝင်လာမည်ဖြစ်ကြောင်း ပြောဆိုသည်ဟု သိရသည်။ (more…)
NLD အစိုးရလက်ထက် ပြန်လည်ပြင်ဆင်ဖွဲ့စည်းခဲ့သော အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန NRPC ကိုဖျက်သိမ်းကြောင်း အာဏာသိမ်းတပ်မတော် က PCG မှတဆင့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များထံ အကြောင်းကြားလိုက်သည်ဟု သိရသည်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို NRPC မှ မဟုတ်ပဲ တပ်မတော်ဖွဲ့စည်းထားသည့် ငြိမ်းချမ်းရေးဆွေးနွေးမှုကော်မတီဖြင့်သာ ဆွေးနွေးသွားမည်ဟု ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG ကို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) က ဖေဖော်ဝါရီလ ၂ ရက်နေ့က ခေါ်ယူပြီးပြောဆိုခဲ့ကြောင်း ဦးလမိုင်ဂွမ်ဂျာ က ပြောဆိုသည်။ “သူတို့အကြောင်းကြားလာတာက
ဝိုင်းမော်မြို့နယ်အရှေ့ဘက် ဝါးရှောင်ကျေးရွာအနီးတွင်ရှိသော ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း ၃ ရှေ့တန်းစခန်းတစ်ခုကို ဇန်နဝါရီလ ၇ ရက်နေ့ တပ်မတော်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည်ဟု သိရသည်။ (more…)