လူ့အခွင့်အရေးချိုးဖောက်မှု
-
Sep- 2026 -24 September
ညောင်ပင်သာရွာ လက်နက်ကြီးပစ်ခတ်ခံရ၊ အမျိုးသမီး ၁ ဦးသေ ၄ ဦးဒဏ်ရာရ
စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ ညောင်ပင်သာကျေးရွာကို ဒီနေ့ စက်တင်ဘာ ၂၄ ရက် မနက်အစောပိုင်းမှာ မောင်းကုန်းထူးဆိပ် ကမ်းဘက်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် အမျိုးသမီးတစ်ဦးသေဆုံးပြီး ၄ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More » -
24 September
လေကြောင်းဗုံးကြဲခံရတဲ့ ကျေးရွာတွေ ပြန်လည်ထူထောင်ရေးအတွက် အကူအညီလိုအပ်
ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်ထဲက လေကြောင်းဗုံးကြဲတိုက်ခိုက်ခံရတဲ့ ကျေးရွာတွေ နေရပ်ပြန်နေထိုင်ဖို့ အကူအညီတွေအရေးပေါ်လိုအပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More » -
23 September
မန္တလေး-မြစ်ကြီးနားလမ်းပိုင်းမှာ လေကြောင်းဗုံးကြဲခံရ၊ ကားသမားနဲ့ စပါယ်ယာ သေဆုံး
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ် မန္တလေး-မြစ်ကြီးနား ကားလမ်းပိုင်းတစ်နေရာနဲ့ အနီးဝန်းကျင်ကျေးရွာတွေကို စစ်တပ်က Y-12 လေယာဉ်အသုံးပြုပြီး ဒီနေ့ စက်တင်ဘာ ၂၃ ရက် နေ့လည်ပိုင်းမှာ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
Read More » -
22 September
စစ်သင်္ဘောတွေ ပြန်စုန်လာချိန် လေကြောင်းတိုက်ခိုက်ခံရလို့ အရပ်သား ၄ ဦးသေဆုံး
ဗန်းမော်နဲ့ ရွှေကူဘက်ကနေ မန္တလေးဘက်ကို စစ်သင်္ဘောတွေ ပြန်စုန်ဆင်းလာချိန် ကသာနဲ့ ရွှေကူမြို့နယ်အတွင်း မြစ်ကမ်းတစ်လျှောက် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ကလေးငယ်တစ်ဦးအပါအဝင် အရပ်သား အနည်းဆုံး ၄ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက KNG…
Read More » -
19 September
ရွှေကူမှာ နောင်ကုပ်ရွာ ဗုံးကျဲခံရပြီး အရပ်သား ၄ ဦးသေဆုံး
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်ထဲက နောင်ကုပ်ကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကျဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၄ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။
Read More » -
18 September
KIA ဒုတပ်ရင်းမှူးဟု စွပ်စွဲဖမ်းဆီးခံရသူမှာ ကျောက်လုပ်ငန်းရှင်ဖြစ်ကြောင်း ပြော
ရှမ်းနီအမျိုးသားတပ်မတော် SNA တပ်ဖွဲ့က KIA ဒုတပ်ရင်းမှူးတစ်ဦးဖြစ်တယ်လို့ စွပ်စွဲကာ ဖမ်းဆီးထားတဲ့ ဦးဝါ့ဂျယ်နော်တောင်ဟာ KIA အရာရှိမဟုတ်ဘဲ ကချင်ပြည်နယ် ဖားကန့်မြို့နယ်က ကျောက်လုပ်ငန်းရှင်တစ်ဦးဖြစ်တယ်လို့ ဖြစ်စဉ်ကို သိရှိသူတွေက ပြောပါတယ်။ ယခုရက်ပိုင်းအတွင်း ကာမိုင်းစစ်တပ်ဂိတ်မှာ ဖမ်းဆီးခံထားရတဲ့ ဦးဝါ့ဂျယ်နော်တောင်ဟာ KIA တပ်မဟာ (၉)၊ တပ်ရင်း (၆) ရဲ့ ဒုတပ်ရင်းမှူးဖြစ်တယ်လို့ Shanni Empire အမည်ရှိ Facebook အကောင့်က ရေးသားဖော်ပြထားပါတယ်။ ဒါပေမယ့် ဦးဝါ့ဂျယ်နော်တောင်ဟာ ဖားကန့်မြို့နယ် အောင်ဘာလီကျေးရွာက ကျောက်လုပ်ငန်းရှင်တစ်ဦးဖြစ်ပြီး မြစ်ကြီးနားနဲ့ ဖားကန့်ကို ပုံမှန်သွားလာနေသူဖြစ်တယ်လို့ သူ့ကို သိရှိတဲ့ ဖားကန့်ဒေသခံတစ်ဦးက KNG ကို ပြောပါတယ်။ “ဖားကန့် အောင်ဘာလီက ကျောက်လုပ်ငန်းရှင်တစ်ဦး ဟုတ်တယ်။ သူက မြစ်ကြီးနားကို ဆင်းသွားလိုက်၊ ပြန်လိုက်နဲ့ ပုံမှန်သွားနေတာ ဟုတ်တယ်။ ဒီလိုနဲ့ ကျောက်လုပ်ငန်းလုပ်နေသူဖြစ်တယ်။ အဲ့လိုဖမ်းလိုက်ပြီးတော့ KIA တပ်ရင်း (၆) ရဲ့ ဒုအရာရှိဖြစ်တယ်ဆိုပြီး မဟုတ်တာတွေ အတင်းအဓမ္မ ရေးသားနေတာ” လို့ ပြောပါတယ်။ KIA တပ်ရင်း (၆) မှာ လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ ဒုတပ်ရင်းမှူးဟာ ဗိုလ်ကြီးအောင်နန်ဆိုသူသာ ဖြစ်တယ်လို့ KNG က စုံစမ်းသိရှိရပါတယ်။ ဒါ့အပြင် ဦးဝါ့ဂျယ်နော်တောင်ကို KIA အရာရှိတစ်ဦးဖြစ်တယ်လို့ စွပ်စွဲရေးသားပြီး လူထုအမြင်မှားအောင် ဝါဒဖြန့်နေသလို ငွေကြေးနဲ့ ပြန်ရွေးခိုင်းနေတယ်လို့လည်း အထက်ပါ ဒေသခံက ဆက်ပြောပါတယ်။ “ဒီပုံစံက ပြန်ပေးဆွဲတဲ့သဘောနဲ့ လုပ်လာတယ်လို့ မြင်ပါတယ်။ အခုကြားရသလောက် ငွေနဲ့ ပြန်ရွေးခိုင်းနေတယ်လို့လည်း ကြားနေရတယ်”လို့ပြောပါတယ်။ ဦးဝါ့ဂျယ်နော်တောင်ကို ငွေနဲ့ ပြန်ရွေးခိုင်းနေတယ်ဆိုတဲ့ သတင်းကို သတင်းအရင်းအမြစ်တချို့က ပြောပြထားပေမယ့် KNG အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။ ဦးဝါ့ဂျယ်နော်တောင်ဟာ KIA အရာရှိတစ်ဦးဖြစ်တယ်လို့ Shanni Empire အမည်ရှိ Facebook အကောင့်က ရေးသားဖော်ပြထားတာနဲ့ ပတ်သက်ပြီး NUG အစိုးရလက်အောက်ခံ သယံဇာတဝန်ကြီး ဦး Hkalen Uma ကလည်း သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ခုလို တုံ့ပြန်ထားပါတယ်။ “နမ့်ဖက်ကာက ဆရာတစ်ယောက်မန့်ထားတာတွေ့လို့ပါ။ Waje Naw Tawng , ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာ နားဖိုင်ရွာက ဆရာမကြီးအနန်၊ ပညာရေး(ငြိမ်း)ရဲ့ ဒုတိယသားပဲ။ KIA စစ်သားတော့မဟုတ်ဘူးထင်ပါတယ်။ ကျောက်စိမ်းလုပ်ငန်းလုပ်သူလို့တော့ကြားပါတယ်။ သူ့အမေ ဆရာမကြီးက လွန်ခဲ့တဲ့အပတ်မှာ ဆုံးသွားပါပြီ”လို့ ။ဦး Hkalen Uma အကောင့်က ဖော်ပြထားပါတယ်။…
Read More » -
17 September
ကောင်ရာဒေသခံအမျိုးသားတစ်ဦး ပစ်သတ်ခံရပြီးနောက် မိသားစုဝင် ၂ ဦး ကျန်းမာရေးစိုးရိမ်ရ
ကချင်ပြည်နယ်၊တနိုင်းမြို့အဝင် လီဒိုလမ်းမပေါ်က နောင်းလုံ ကောင်ရာကျေးရွာမှာ အစည်းအဝေးလုပ်နေချိန် မင်းဇေသန့် ဦးဆောင်တဲ့ ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့က နေအိမ်အထိ ဝင်ရောက်လာပြီး အုပ်ချုပ်ရေးမှူးကို ပစ်သတ်သွားတဲ့ဖြစ်စဉ်ဟာ ရက်ပိုင်းအတွင်းမှာပဲ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
Read More » -
Aug- 2026 -31 August
နောင်းမီ ကချင်လူငယ် ၄ ဦး သတ်ဖြတ်ခံရပြီးနောက် ဒေသခံတွေ ဘာတွေကြုံနေရလဲ
တနိုင်းလီဒိုလမ်းမပေါ်ရှိ နောင်းမီဒေသခံ ကချင်လူငယ် ၄ ဦး သတ်ဖြတ်ခံရပြီးနောက် ဒေသခံပြည်သူတွေကြား လုံခြုံရေးစိုးရိမ်မှု ပိုမိုမြင့်တက်လာပါတယ်။ အထူးသဖြင့် ဝါရာဇွပ်၊ ရှဒူးဇွပ်၊ နောင်းမီနဲ့ ဒွန့်ဘန့်တစ်ဝိုက်မှာ နေထိုင်သူတွေဟာ အပြင်ထွက်သွားလာတဲ့အခါ စစ်ဆေးခံရတာ၊ ဖမ်းဆီးခံရတာတွေအပြင် အသက်အန္တရာယ်အထိ စိုးရိမ်နေရပြီး…
Read More » -
28 August
ရွှေကူမြစ်ကမ်းဘေးကျေးရွာတွေ လေကြောင်း၊ မြေပြင်ကပါဗုံးကြဲခံနေရ
ကချင်ပြည်နယ် ရွှေကူမြို့နယ်ကို စစ်ကောင်စီတပ်ရဲ့ စစ်သင်္ဘောအုပ်စုရောက်ရှိလာတဲ့ ဒီကနေ့မှာပဲ ဧရာဝတီမြစ်ကမ်းနား တဝိုက်ကကျေးရွာတွေမှာ လေကြောင်းတိုက်ခိုက်မှုအပြင် မြေပြင်ကနေဗုံးကြဲခံရတာတွေဆက်ဖြစ်နေပြီး အရပ်သားသေဆုံးမှု တွေလည်း ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
Read More » -
27 August
ရွှေကူမှာ စစ်တပ်က ချောဆွဲကြမ်းနေ၊ ကားသမားတစ်ဦး သေဆုံး
ရွှေကူမြို့နယ်မှာ စစ်ကောင်စီတပ်က ကား၊ ကားသမားနဲ့ အရပ်သားတွေကို ချောဆွဲနေတဲ့အတွက် ချောဆွဲခံရတဲ့ ကားသမားတစ်ဦးလည်း လက်နက်ထိမှန် သေဆုံး
Read More »