,
ကချင်ပြည်နယ် မြန်မာ-တရုတ်နယ်စပ် ကန်ပိုက်တည်နှင့် လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးဂိတ်များတွင် တရုတ်အစိုးရဘက်က ချမှတ်ခဲ့သည့် ကိုဗစ် စည်းကမ်းသတ်မှတ်ချက်များကို ပြန်လည်ဖြေလျော့လိုက်ပြီ ဖြစ်ကြောင်း သိရသည်။ ဒီဇင်ဘာလ ၁၀ ရက်နေ့က စတင်ပြီး တရုတ်အစိုးရဘက်က ယခုကဲ့သို့ ကိုဗစ်စည်းကမ်းသတ်မှတ်ချက်များ ဖြေလျော့လိုက်သည့်အတွက် ကုန်စည်တင်ပို့မှု ယခင်ကထက် နှစ်ဆခန့်မြင့်တက်နိုင်မည်ဟု မျှော်လင့်ကြောင်း ကန်ပိုက်တည် နယ်စပ်ကုန်သွယ်ရေးဂိတ်မှ မြန်မာကုန်သည်တစ်ဦးက KNG ကို ယခုကဲ့သို့ ပြောသည်။ “ဟုတ်တယ်ဗျ ကိုဗစ်စည်းကမ်းသတ်မှတ်ချက်တွေ ဖြေလျော့လိုက်ပြီး လွတ်လွတ်လပ်လပ်သွားလာခွင့်ပြုပြီ လို့သူတို့ဘက်က ပြောလာပြီ
တရုတ် - မြန်မာနယ်စပ် ရွှေလီမြို့မှ ပြီးခဲ့သည့် ဩဂုတ်လ ၃၁ ရက်နေ့မှစ၍ စက်တင်ဘာလ ၁၅ ရက်နေ့အထိ ကိုဗစ်-၁၉ ပိုးတွေ့နှုန်း ပြန်တိုးလာသောကြောင့် နယ်စပ်ဂိတ်ပြန်ပိတ်မည်ကို နယ်စပ် ကုန်သွယ်ရေးလုပ်ငန်း လုပ်ကိုင်နေသူများ စိုးရိမ်နေကြသည်။ "ဟုတ်တယ်။ နေ့စဉ်အာခေါင် တို့ဖတ်ယူ စစ်ဆေးနေတယ်။ ကူးစက်မှုက သိပ်များများ မရှိသေးဘူး။ အသွားအလာကတော့ စိုးရိမ်မှုတွေနဲ့သွားလာနေရတယ်။ ကုန်ထုတ် ကုန်သွင်းကတော့ မြန်မာဘက်က အဝင်ရပ်လုဖြစ်နေတယ်။" ဟု ရွှေလီရောက် မြန်မာလုပ်ငန်းရှင် တစ်ဦး ကပြောသည်။ ကုန်သွယ်မှု ပါးလာရခြင်း အကြောင်းရင်းသည် ကိုဗစ်ပိုးတွေ့၍သာမဟုတ်ပဲ
ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ် ကျင်းစန်းကျော့ နှင့် ထိစပ်နေသည့် တရုတ်ဘက်ဝမ်တိန်မြို့တွင် ဩဂုတ်လ ၂၅ ရက်နေ့ ညနေပိုင်း ကိုဗစ်ပိုးတွေ့ လူနာ ၁ ဦး တွေ့ ရရှိခဲ့သဖြင့် ဝမ်တိန်အတွင်းရှိ စစ်ဆေးရေးဂိတ်မှ ကုန်တင်ကားအဝင်အထွက်ကို ယာယီရပ်ဆိုင်းထားကြောင်း နယ်စပ်ကုန်သွယ်ရေး အသိုင်းအဝိုင်းမှ သိရသည်။ "ဟုတ်တယ် မနေ့ ညနေပိုင်း ဒီမနက်ပိုင်းမှ အလောတကြီးနဲ့ ကျောင်းသားတွေတောင် အိမ်ပြန်လာလို့ မရဘူး။ ဝမ်တိန်မှာ ၃ ရက် စစ်ဆေးမယ်လို့ပြောတယ်" လို့ နယ်စပ်
မြစ်ကြီးနားမြို့နယ်တွင် ယခုလအတွင်း ကိုဗစ်-၁၉ ကူးစက်မှု ယခင်လ လျော့နည်းလာသော်လည်း ရောဂါကြောင့် သေဆုံး ဆက်ရှိနေသးကြောင်း လူမှုကူညီရေး အသင်းအဖွဲ့များထံမှ သိရပါသည်။ “ဒီလတော့ ကိုဗစ်ကြောင့် ပိုးကူးစက်ခံရတဲ့သူနဲ့ သေဆုံးသူတွေ သိသိသာသာ လျော့သွားပါပြီ။ ကိုဗစ်လူနာ တွေကို Q center တွေမှာ သွားပို့တာတွေ နည်းသွားပြီ။ ဒါပေမယ့် သေတဲ့သူ ၂ ယောက်တော့ရှိမယ် ကျနော်တို့အသင်းသိတာတော့ ကိုယ်တိုင်သွားယူရတာဆိုလို့။” ဟု လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူ တစ်ဦးက
ကချင် လွတ်လပ်ရေးအဖွဲ့ KIO ဌာနချုပ် လိုင်ဇာမြို့ရှိ အသက် ၅ နှစ် မှ ၁၂ နှစ် ကြား အရွယ်ကလေး ၄၄၀ ဦးမှာ SINOPHARM ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပြီးစီးကြောင့် လိုင်ဇာ ကိုဗစ်ကာကွယ်ရေး ကော်မတီမှ သိရသည်။ လိုင်ဇာမြို့နေ ပြည်သူများအား ကိုဗစ်ရောဂါလက္ခဏာ ရှိမရှိ ပုံမှန်စစ်ဆေးမှု ပြုလုပ်ပြီးနောက် အသက် ၅ နှစ်ပြည့်ပြီး ကျန်းမာရေးကောင်းမွန်သည့် ကလေးများကိုသာ ကိုဗစ်-၁၉
ကသာမြို့တွင်း နေရာအချို့တွင် လမ်းသွား လမ်းလာ ပြည်သူများကို တားဆီးကာ စစ်ကောင်စီ၏ ကျန်းမာရေးဌာန က ကိုဗစ်ကာကွယ်ဆေး အတင်းထိုးပေးနေကြောင်း ဒေသခံများမှ သိရသည်။ ဧပြီလ ၂၀ ရက်နေ့မှစတင်ပြီး ကသာမြို့နယ် စည်ပင်သာယာရေး ရုံးအဖွဲ့၊ ရဲနှင့် စစ်ကောင်စီတပ်ဖွဲ့တို့ ပူးပေါင်းကာ ကသာမြို့အတွင်း သီရိ ခေမာ စျေးနှင့် အမှတ် ၁ ရဲစခန်းရှေ့၊ ကသာမြို့ပြင်ဂိတ်၊ မြို့တော်ခန်းမရှေ့ ၊ ဘူတာစျေး(ပျံကျ) ၊စက်လှေကူးတို့ဆိပ်များတွင် လမ်းဖြတ်လမ်းလာ