Covid-19 Reportingသတင်း

ပမ္မတီးတွင် တစ်ရက်တည်း ကိုဗစ် ပိုးတွေ့ရှိသူ  ၅ ဦးရှိ

မြစ်ကြီးနားမြို့ ပမ္မတီးရပ်ကွက်တွင် တစ်ရက်တည်း ပိုးတွေ့လူနာ (၅) ဦး ထိရှိလာကြောင်း ပမ္မတီး ရပ်ကွက် တာဝန်ရှိသူများမှ သိရသည်။

“မနေ့က တစ်ရက်တည်း ပိုးတွေ့အတည်ပြု ပိုးတွေ့လူနာစာရင်း ထုတ်ပြန်တဲ့ထဲမှာ ကျနော်တို့ ပမ္မတီးက (၅) ယောက် ပါတယ်။ အဲကြောင့် သူတို့နဲ့ဆက်စပ်တဲ့သူ အားလုံးကို နေအိမ် Lock Down ထားထားပါတယ်” ဟု ရပ်ကွက်တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အဆိုပါ ပိုးတွေ့လူနာများသည် ပမ္မတီးရပ်ကွက် ၃မှ (၂)ဦး၊ ရပ်ကွက် ၄မှ (၂) ဦး ၊ ရပ်ကွက် ၁မှ (၁)ဦး စုစုပေါင်း ၅ဦးရှိပြီဖြစ်သည်။

” အဲဒီပိုး‌တွေ့ လူနာ ၅ယောက်ထဲမှာ အောင်နိုင် ကုန်စုံဆိုင်ပိုင်ရှင်လည်းပါတယ်ပေါ့နော်။ သူ့သားကလည်း နေမကောင်းထပ်ဖြစ်လာလို့ ခုနကဘဲ ဆေးရုံပို့ထားတယ်။ အဖြေကတော့ စောင့်ကြည့်ရမှာပေါ့” ဟု ရပ်ကွက်တာဝန်ရှိသူတစ်ဦးကပြောသည်။

ကိုဗစ်ပိုး တွေ့လူနာ ဆက်တိုက်ထပ်တိုးလာ‌နေသည့် ရပ်ကွက်တွင် ရောဂါကာကွယ်ထိန်းချုပ်မူ ပြုလုပ်သွားရန်စီစဥ် နေကြောင်းလည်း သိရသည်။

စစ်တပ်အာဏာသိမ်းလိုက်ပြီးနောက် မြန်မာပြည်တွင် ကိုဗစ်-၁၉ ကူးစက်ခံရမှု စာရင်းများ အတိအကျကို စစ်ကောင်စီက ထုတ်ပြန်နိုင်ခြင်း မရှိသည်ကိုလည်း တွေ့ရသည်။

Show More

Related Articles

Back to top button