သတင်း

ကောလင်းမြို့နယ်ထဲက လူစီကားတဲ့နေရာတွေကို စစ်တပ်က နေ့တိုင်းလက်နက်ကြီးတွေနဲ့ပစ်ခတ်နေ

ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ ကာကွယ်ရေးပူးပေါင်းတပ်တွေအပါအဝင် တော်လှန်ရေးအင်အားစုတွေသိမ်းပိုက်ထားတဲ့ စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်ထဲကို စစ်ကောင်စီတပ်က နေ့တိုင်းလက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ ကောလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီကသိရပါတယ်။

ကောလင်းမြို့နယ်နဲ့  မိုင်လောက်အကွာက ဝန်းသို့မြို့နယ် ခမရ ၁၂၀ တပ်ကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာဖြစ်ပြီး လူစီကားတဲ့နေရာတွေကိုအဓိကရည်ရွယ်ပြီးပစ်ခတ်နေတယ်လို့ ကောလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တာဝန်ရှိသူတစ်ယောက်ကပြောပါတယ်။

ပစ်ခတ်မှုကတော့ နေ့စဥ်လိုနီးပါးကိုပစ်တယ် အချိန်ကလည်း သူတို့မထင်ရင်မထင်သလိုပစ်ခတ်ပါတယ် ပြည်သူအထိအခိုက်ကတော့ ဒီရက်ပိုင်းမှာမရှိသလောက်ပါပဲ ပြည်သူနေအိမ်တွေတော့ပျက်ဆီးတာတော့ ရှိပါတယ် သူတို့ပစ်တဲ့နေရာတွေကို လူစီကားတဲ့နေရာတွေကို ပဲဦးစားပေးပစ်တယ်လို့ယူဆလို့ရပါတယ် ဘာလို့ဆိုတော့ လက်နက်ကြီးပစ်တဲ့နေရာတွေက လူစီတဲ့နေရာတွေက မလှမ်းမကမ်းဖြစ်နေတယ်” လို့ပြောပါတယ်။

ကောလင်းမြို့ကို တော်လှန်ရေးအင်အားစုတွေ သိမ်းပိုက်ပြီးကတည်းက စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒီနေ့အထိကို အရပ်သား ၁၀ ယောက်ကျော်သေဆုံးခဲ့ရပြီးဖြစ်သလို နေအိမ်  လုံးထက် မနည်း မီးလောင်ပျက်ဆီးခဲ့ရတယ်လို့ ဆိုပါတယ်။

တစ်ဖက်မှာတော့ စစ်ကောင်စီတပ်ရဲ့အခုလို လက်နက်ကြီးပစ်ခတ်မှုတွေကို အတတ်နိုင်ဆုံးအကာအကွယ် ဖြစ်စေမဲ့နည်းလမ်းတွေကိုလည်းလုပ်ဆောင်လျှက်ရှိတယ်လို့ အထက်ပါ တာဝန်ရှိသူက ဆက်ပြောပါတယ်။

လက်နက်ကြီးရန်ကြောင့် အသိပညာပေး လက်ကမ်းစာစောင်တွေ၊ ဗုံးခိုကျင်းတွေလည်း ဆောင်ရွက်နေပါ ပြီ နောက်ပြီးတော့ လေကြောင်းအန္တရာယ်အတွက်လည်း အချက်ပေးစနစ်တွေ အတတ်နိုင်ဆုံး လက်ရှိမြေ ပြင်မှာရှိနေတဲ့အရာတွေနဲ့ အမြန်ဆုံးဆောင်ရွက်နေပါတယ် လူစီကားတဲ့နေရာတွေမှာ လက်နက်ကြီး ပစ်တာ နဲ့ ချက်ချင်းသိနိုင်အောင်လုပ်ဆောင်တာရှိပါတယ်လို့ပြောပါတယ်။

ကောလင်းမြို့ကိုတော့ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ  ရက်နေ့က အမျိုးသားညီညွှတ်ရေးအစိုးရ NUG ရဲ့ အမှတ်  စစ်ဒေသ ကောလင်းခရိုင်ကွပ်ကဲမှုနဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ ကာကွယ်ရေး ပူပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ  ရက်နေ့ကပဲ ဝန်းသိုမြို့နယ် ခမရ ၁၂၀ တပ်ကနေ ဟောင်ဝှစ်ဇာလက်နက်ကြီးတွေ နဲ့ ပစ်ခတ်ခဲ့လို့ ကောလင်းမြို့နယ်ထဲက အရပ်သား  ယောက်သေဆုံးခဲ့သလို  ယောက်ထက်မနည်း ထိခိုက် ဒဏ်ရာရရှိခဲ့ပါတယ်။

By – အမိုး

Show More

Related Articles

Back to top button