သတင်း

မိုးမိတ်မြို့နယ်တိုက်ပွဲအတွင်း သင်္ဂြိုဟ်ပေးရတဲ့ ရုပ်အလောင်း ၄၀ အထိရှိလာ

ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်အစပ် မိုးမိတ်မြို့နယ်အတွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် သေဆုံးခဲ့ရ သူတွေရဲ့ ရုပ်အလောင်းတွေကို သင်္ဂြိုဟ်ပေးရတာ ရုပ်အလောင်း ၄၀ ကျော်အထိရှိလာပြီလို့ စစ်ဘေးရှောင် ကူညီနေသူတွေဆီကသိရပါတယ်။

အဲဒီရုပ်အလောင်းတွေဟာ အရပ်သားတွေချည်းမဟုတ်ပဲ တိုက်ပွဲအတွင်းသေဆုံးခဲ့တဲ့ စစ်ကောင်စီရဲ့တပ်ဖွဲ့ဝင်တစ်ချို့လည်းပါဝင်တယ်လို့ စစ်ဘေးရှောင်ကူညီနေသူတစ်ယောက်ကပြောပါတယ်။

ခန့်မှန်းကတော့ မနေ့ကရွှေဇာလီက တစ်ယောက်လှုပ်ရှားပေးတာကိုက ၄၀ ကျော်သွားပြီ သူသင်္ဂြိုဟ်ပေး နေတယ် ရွှေဇာလီကတစ်ယောက်ကတော့ ကျနော်တို့ အရပ်သားသေဆုံးမှုတွေကို မီးသင်္ဂြိုဟ်ပေးနေတယ် လို့လည်း ခိုင်မာတဲ့သတင်းရတယ် တပ်ကလည်းပါမယ်ထင်တယ် “လို့ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၈ ရက်နေ့ကစလို့ KIAနဲ့ PDF ပူးပေါင်းတပ်တွေအပါအဝင် တော်လှန်ရေးအင်အားစု တွေ က မိုးမိတ်မြို့နယ်ထဲက ရဲစခန်းနဲ့ စစ်တပ်စခန်းတွေကို တိုက်ခိုက်ခဲ့ရာကနေ ဒီကနေ့အထိတိုက်ပွဲတွေ ပြင်းထန်နေတာဖြစ်ပါတယ်။

ဒါ့အပြင် တစ်ဖက်မှာတော့ မိုးမိတ်မြို့တွင်းက နေအိမ်နဲ့အဆောက်အဦးတွေရဲ့  ပုံမှာ ၃ပုံလောက်က ပျက်ဆီး သွားရ ပြီဖြစ်ပြီး ပိတ်မနေတဲ့အရပ်သားတွေဆက်ရှိနေသေးတယ်လို့ စစ်ဘေးရှောင်ကူညီ နေသူကဆက်ပြောပါတယ်။

အကို ပြောရမယ်ဆိုရင် မြို့ရဲ့  ပုံမှာ  ပုံလောက်ကသွားပြီထင်တာပဲ ကျနော်တို့မြို့ပေါ်လေးရပ်ကွက် ပေါ့ အဓိကက လက်နက်ကြီးနဲ့လေယာဥ်ကြောင့်ပေါ့နော် ကြားထဲမှာတော့ အရပ်သားတွေက ထွက်နိုင် တဲ့သူတွေ က ထွက်ကြတာပေါ့ အခုနောက်ပိုင်းကျန်တာကတော့ ၅၀၀ နောက်ပိုင်းကတော့ကျန်မယ် ထင်တယ် အဲ့ဒီ ပိတ်မိတဲ့သူတွေကိုကယ်ဖို့ကြတော့လည်း လိုင်းမရလို့ လုံးဝအဆက်အသွယ်မရဘူးလို့ ဆိုပါတယ်။

မိုးမိတ်မြို့ပေါ်မှာရှိတဲ့ ရဲစခန်းကိုတော့ KIA နဲ့ပူးပေါင်းတပ်တွေက သိမ်းပိုက်ထားနိုင်ပြီဖြစ်ပြီး  အဲ့ဒီ ရဲစခန်းမှာ ရှိတဲ့ အချုပ်သားသေဆုံးမှုတွေရှိတယ်လို့သိရပေမဲ့ အသေးစိတ်အခြေနေကိုတော့ KNG က အတည် မပြုနိုင် သေးပါဘူး။

“ မိုးမိတ်ကတော့ ရဲစခန်းက သိမ်းပြီးပြီ အဲ့မှာကြားလိုက်တာက အချုပ်သားတွေအကုန်သေတယ်တဲ့ ဘာ့ကြောင့်သေတာတော့မပြောတတ်ဘူး ခိုင်မာတဲ့သတင်းရင်းမြစ်ဆီကတော့သိရတယ်” လို့စစ်ရှောင်ကူညီနေသူတစ်ဦးက ဆက်ပြောပါတယ်။

မနေ့က ဇန်နဝါရီလ ၂၂ ရက်နေ့အထိကို စစ်ကောင်စီတပ်က မိုးမိတ်မြို့ပေါ်နဲ့အနီးတစ်ဝှိုက်ကို လေကြောင်း တိုက်ခိုက်မှုတွေလုပ်နေပြီး မိုးမိတ်မြို့နဲ့ ၂မိုင်အကွာလောက်က စစ်ကောင်စီရဲ့တပ်ရင်းတစ်ချို့နဲ့ဗျူဟာကုန်း တွေတော့ကျန်ရှိနေသေးတယ်လို့ သိရပါတယ်။

မိုးမိတ်မြို့နယ်ဟာ စစ်ကောင်စီရဲ့ဗျူဟာကုန်းတည်ရှိသလို ခရိုင်အဆင့်ရှိတဲ့မြို့လည်းဖြစ်ပြီး မိုးမိတ်ကိုသာ KIA နဲ့ပူးပေါင်းတပ်တွေသိမ်းပိုက်နိုင်ခဲ့ရင် မန္တလေးတကောင်း၊ မိုးကုတ်ပြင်ဦးလွင် လမ်းပိုင်းတွေကို ထိန်းချုပ်သွားနိုင်မယ့်အခြေနေတွေရှိတယ်လို့ စစ်ရေးလေ့လာသုံးသပ်သူတွေကဆိုကြပါတယ်။ 

By – အမိုး

Show More

Related Articles

Back to top button