ဖမ်းဆီးခံရမှုသတင်း

ဆားမှော်ရွာ အုပ်ချုပ်ရေးမှူးဖမ်းဆီးခံရပြီးနောက် စစ်တပ်နဲ့ပျူအဖွဲ့များ အရပ်သားတွေကို လိုက်လံဖမ်းဆီးနေ

မိုး‌ကောင်းမြို့နယ် ဆားမှော်ကျေးရွာ အုပ်ချုပ်ရေးမှူး ဖမ်း‌ဆီးခံရပြီးနောက် စစ်တပ်နဲ့ပျူအဖွဲ့ဝင်တွေဟာ အရပ်သားပြည်သူတွေကို လိုက်လံဖမ်းဆီးနေပြီး ၆  ဦးထက်မနည်းဖမ်းဆီးခံသွားရပြီဖြစ်တယ်လို့ ဆားမှော်ဒေသခံတွေက ပြောပါတယ်။

မတ်လ ၃၁ ရက်နေ့ ညနေ ၃ နာရီဝန်းကျင် အုပ်ချုပ်ရေးမှူး ဦးသန်းအောင်ကြည်ဟာ မြို့မရပ်ကွက် နေအိမ်မှာရှိနေချိန် အရပ်ဝတ်နဲ့လူတစ်စု ဆိုင်ကယ်နဲ့ရောက်လာပြီး ဖမ်းဆီးသွားတာဖြစ်တယ်လို့ သိရပါတယ်။

အုပ်ချုပ်ရေးမှူး အိမ်မှာလာဖမ်းတာ အရပ်ဝတ်‌တွေနဲ့လို့ သိရပါတယ်။ သူ့အမျိုးသမီးနဲ့အိမ်မှာရှိနေတဲ့သူတွေကိုတော့ ကြိုးတုတ်ခဲ့တာတဲ့။ အုပ်ချုပ်ရေးမှူးကားကိုလည်း ယူသွားတယ် အုပ်ချုပ်ရေးမှူးကိုမောင်းခိုင်းပြီးဝောာ့ လူရော၊ကားရောပေါ့”လို့ ပြောပါတယ်။

အုပ်ချုပ်ရေးမှူးကို ဖမ်းဆီးဖမ်းသွားသူတွေဟာ Mask တပ်ထားတာကြောင့်မည်သည့်အဖွဲ့က ဖြစ်သလဲဆိုတာ တိတိကျကျ မသိရဘူးလို့ ဒေသခံတွေက ပြောပါတယ်။

အုပ်ချုပ်ရေးမှူး ဖမ်းဆီးခံသွားရပြီးနောက် စစ်တပ်နဲ့ပျူစောထီးတပ်ဖွဲ့တွေဟာ ဆားမှော်ကျေးရွာ က နေအိမ်တွေအထိဝင်ရောက်ပြီး အရပ်သား ၆ ဦးထက်မနည်းဖမ်းဆီးသွားတယ်လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

နေအိမ်တွေအထိ ဝင်ဖမ်းနေပါတယ် အိမ်တံခါးတွေ ရိုက်ချိုးပြီး သူတို့မင်္သကာတဲ့သူတွေဝင်ဖမ်းဝာာ။ အိမ်မှန်တွေလည်း ရိုက်ခွဲကုန်ပြီ ခုရွာမှာတော်တော်သောင်းကျန်းနေတယ်”လို့ ပြောပါတယ်။

ဒီကနေ့ စစ်တပ်နဲ့ပျူတပ်ဖွဲ့ဖမ်းဆီးသွားသူတွေဟာ  မြို့မရပ်ကွက်က ဦးအောင်ချိန်၊ သီရိဇေယျာရပ်ကွက်က မောင်ကြာချောနဲ့အားလှ၊ မြဇေယျာက ဒေါ်စိန်ကြည်၊ အောင်သီရိရပ်ကွက်က ကိုမျိုးစိမ်း၊မမော်မော်အောင်တို့ဖြစ်တယ်လို့ သိရပြီး ဆားမှော်တိုက်နယ်မှရှိတဲ့ ခလရ ၁၀၅ တပ်မှာ ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် လက်ရှိချိန်ထိ စစ်ကောင်စီတပ်နဲ့ပျူအဖွဲ့‌ တွေဟာ အရပ်သားတွေကိုလိုက်လံဖမ်းဆီးနေဆဲဖြစ်တာတဲ့အပြင် လက်နက်ကြီးတွေနဲ့ရော ပစ်ခတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဆားမှော်ကျေးရွာ ပြီးခဲ့တဲ့ မတ်လ ၂၉ ရက်နေ့ ပြည်သူ့စစ်ခေါင်းဆောင်တစ်ဦးက အရပ်သားလူငယ်တစ်ဦးကို သေနတ်နဲ့ပစ်သတ်ခဲ့တဲ့ဖြစ်စဉ်တွေလည်း ရှိခဲ့ပါတယ်။

ဆားမှော်မှာ လက်ရှိစစ်တပ်နဲ့ KIA,PDF ပူးပေါင်းတပ်တွေအကြား စစ်ရေးတင်းမာနေတယ်လို့လည်း သိရပါတယ်။

By – Zami

Show More

Related Articles

Back to top button